ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာမြို့နယ်ထွက် ပင်လယ် ငါးခြောက်များ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ငါး ခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။
လပွတ္တာမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်ပြီး ပင်လယ်ငါးခြောက်များ အရောင်းအဝယ်ကောင်းမွန်လျက်ရှိသည့်အပြင် ရန်ကုန်ဈေးကွက်မှလည်း ဝယ်ယူမှုများလာခြင်းကြောင့် အရောင်းအဝယ်ပိုမိုကောင်းမွန်နေကြောင်း သိရသည်။
အဆိုပါ ပင်လယ်ငါးခြောက်အစုံကို တစ်ရက်လျှင် ပိဿာ ချိန် (၅၀၀) မှ (၂၅၀၀)ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
လပွတ္တာမြို့နယ်မှ ထွက်ရှိသည့် ငါးခြောက်များမှာ ငါးကွမ်း ရှပ်၊ ငါးလိပ်ကျောက်၊ ငါးပုပ်သင်၊ ပင်လယ်ငါးပြေမ၊ ငါးဖောင်ရိုး၊ငါးနီတူစသည့် ပင်လယ်ငါးခြောက်များ အများဆုံး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ငါးဖောင်ရိုးခြောက် တစ်ပိဿာလျှင် ငွေကျပ် (၂၇၀၀၀) ကျပ်၊ ငါးကွမ်းရှပ် ခြောက် တစ်ပိဿာလျှင် ငွေကျပ် (၅၅၀၀၀) ကျပ် ၊ ပင်လယ်ငါးပြေမခြောက် တစ်ပိဿာလျှင် ငွေကျပ် (၅၄၀၀၀) ကျပ် ၊ ငါးလိပ်ကျောက်ခြောက် တစ်ပိဿာလျှင် ငွေကျပ် (၄၃၀၀၀) ကျပ်၊ အပဲ့ခြောက် တစ်ပိဿာလျှင် ငွေကျပ် (၂၉၅၀၀) ကျပ် ၊ ငါးပုပ်သင်ခြော က် တစ်ပိဿာလျှင် ငွေကျပ် (၃၇၀၀၀) ကျပ်၊ ငါးနီတူခြောက် တစ်ပိဿာလျှင် ငွေကျပ် (၂၅၀၀၀) ကျပ် စသဖြင့် အရွယ်အစားအပေါ်မူတည်၍ ဈေးအပြောင်းအလဲရှိကြောင်း သိရသည်။
