Friday, May 23, 2025

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့တွင် ကျောင်းအပ်နှံသူ...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့် ယမန်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျောင်းအပ်နှံသူဦးရေ ၁,၂၄၈,၁၂၃ ဦးရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ၂၀၂၅ -၂၀၂၆...

တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ်...

ပေကျင်း၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်‌နေ့မှ ၂၆ ရက်...

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...
HomeEntertainmentပြည်တွင်းသတင်း Eventပခုက္ကူ တက္ကသိုလ်ထဲက အမျိုးအစားတူ...

ပခုက္ကူ တက္ကသိုလ်ထဲက အမျိုးအစားတူ ဆိုင်ကယ် ပျောက်မှုတွေကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ ကျောင်းသား သမဂ္ဂက ခရိုင်ရဲတပ်ဖွဲ့ကို တောင်းဆို

pku

မုံရွာမှာ အဲဒီလိုပဲ ဆိုင်ကယ်အမျိုးအစား တစ်ခုတည်း ကို
၂ဝ လောက်ပျောက်တာဖြစ်ဖူး တယ်။
အဲဒီတုန်းကလည်း သော့တုနဲ့ တစ်ယောက်တည်းကပဲ ခိုးတာ…

ရက်ပိုင်းအတွင်း ပခုက္ကူ တက္ကသိုလ် ကျောင်းဝန်းထဲမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တဲ့ အမျိုးအစားတူ ဆိုင်ကယ်ပျောက် မှုတွေကို အမြန်ဆုံးစုံစမ်းဖော်ထုတ် ပေးဖို့ ပခုက္ကူကျောင်းသားသမဂ္ဂက ခရိုင်ရဲတပ်ဖွဲ့ကို တောင်းဆိုလိုက် ပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့မှာ အခုလိုတောင်းဆိုလိုက်တာဖြစ်ပြီး သမဂ္ဂရဲ့ စုံစမ်းမှုတွေအရ ဇွန်လ ၃ဝ ရက်နေ့မှာ FZ ဆိုင်ကယ် ၂ စီး ၊ ဇူလိုင်လ ၁၃ ရက်နေ့မှာ FZ ဆိုင် ကယ် ၁ စီး တို့ ပျောက်ဆုံးခဲ့တယ်လို့ ပခုက္ကူကျောင်းသားသမဂ္ဂက ဆိုပါ တယ်။ ဒီဆိုင်ကယ်ပျောက်မှုတွေကို တိုင်ချက်ဖွင့်ထားပေမယ့် အခု ထိ တစ်စုံတစ်ရာ မထူးခြားသေးဘူးလို့ ပခုက္ကူကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုစိုးလွင်ဌေးက ပေါ်ပြူလာနယူးစ် ကိုပြောပါတယ်။

“ပျောက်တာက သံသယဝင် စရာတွေကောင်းလာတယ်။ ကျောင်း ဝန်းထဲမှာ ပျောက်တာဆိုတော့ ကျောင်းသားတွေ မလုံမခြုံဖြစ်နေတာ ကို မဖြစ်စေချင်လို့ပါ။ ဒီနေ့စာပို့ ထားပါတယ်။ ပြီးတော့ ပျောက် တာတွေက FZ အမျိုးအစားတွေ ပဲဖြစ်နေတယ်။ မုံရွာမှာ အဲဒီလိုပဲ ဆိုင်ကယ်အမျိုးအစား တစ်ခုတည်း ကို ၂ဝ လောက်ပျောက်တာဖြစ်ဖူး တယ်။ အဲဒီတုန်းကလည်း သော့တုနဲ့ တစ်ယောက်တည်းကပဲ ခိုးတာ” လို့ သူက ဆိုပါတယ်။

ပျောက်ဆုံးမှုတွေနဲ့ ပတ်သက် ပြီး အမြန်ဆုံးစုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ၊ နောက်နောင် အလားတူ ကိစ္စတွေမဖြစ်ပွားစေဖို့ အလေးထား ဆောင်ရွက်ပေးဖို့ ကိုလည်း ပခုက္ကူကျောင်းသားသမဂ္ဂက ပခုက္ကူ ရဲတပ်ဖွဲ့ထံ တောင်းဆိုထားပါတယ်။

အခုကိစ္စနဲ့ပတ်သတ်ပြီး ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း ၊ ပခုက္ကူမြို့ မရဲစခန်း စခန်းမှူးဒုရဲမှူး ကျော်စိုး တို့ကို ပေါ်ပြူလာနယူးစ်က အကြိမ် ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေဆိုခြင်း မရှိခဲ့ပါဘူး။

ရဲလွင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071