Home Entertainment ပခုက္ကူမှ ပန်းချီဆရာ ၁၇ ဦး စုပေါင်း ပြသသည့် တမာရနံ့ ပန်းချီပြပွဲ

ပခုက္ကူမှ ပန်းချီဆရာ ၁၇ ဦး စုပေါင်း ပြသသည့် တမာရနံ့ ပန်းချီပြပွဲ

0
343


ပခုက္ကူမြို့နယ် ပန်းချီ၊ ပန်းပု အစည်းအရုံးက ကျင်းပပြီး ပခုက္ကူမှ ပန်းချီဆရာ ၁၇ ဦး ပါဝင်ပြသသည့် တမာရနံ့ ပန်းချီပြပွဲကို အောက်တို ဘာလ ၃ ရက်နေ့မှ ၁ဝ ရက်နေ့အထိ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း ဈေးရှိ MAOC Gallery တွင် ပြသခဲ့ သည်။ အဆိုပါ ပန်းချီပြပွဲတွင် တင် လှိုင်၊ ဝမ်းတစ်ဦး၊ ဖိုးသန်းဝင်း၊ ဟန် ထွန်းဦး၊ ဗိုကျော်၊ ညိုသစ်ငယ်၊သောင်း လင်းအစရှိသည့် ပန်းချီဆရာ ၁၇ ဦး တို့၏ အခရိုင်းလစ်နှင့် ရေဆေးပန်းချီ ကားပေါင်း ၁ဝ၇ ကားကို ပြသခဲ့ခြင်း ဖြစ်သည်။

”ဒီပွဲကတော့ ပခုက္ကူနယ်သူနယ် သားတွေ စည်းစည်းလုံးလုံးနဲ့ အင် အားပြတဲ့ ပွဲလေးလို့ ဆိုချင်ပါတယ်။ တမာရနံ့ပန်းချီပြပွဲဆိုတဲ့အတိုင်း ပန်း ချီကားအများစုက အညာအငွေ့ အသက်တွေ ပါဝင်တာကို တွေ့ရမှာ ပါ”ဟု ပခုက္ကူမြို့နယ် ပန်းချီ၊ ပန်းပု အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ပန်းချီ ဆရာ ဖိုးသန်းဝင်းက ပြောသည်။ ယခု ပန်းချီပြပွဲမှာ ၆ ကြိမ် မြောက် ကျင်းပသည့် တမာရနံ့ ပန်းချီပြပွဲ ဖြစ်ပြီး ယခုနှစ်တွင် ယခင်နှစ်များ ထက် ပိုမိုအားကောင်းစွာ ကျင်းပနိုင် ခဲ့သည်ဟု ပန်းချီကားများ ပါဝင်ပြသ ခဲ့သူ ပန်းချီဆရာ ဗိုကျော်ကဆိုသည်။

”လူငယ်တွေကလည်း တက်တက်ကြွ ကြွနဲ့ ပန်းချီကားတွေ ရေးကြတယ်။ လူကြီးတွေကလည်း တအားတက်ကြွ တယ်။ မနှစ်က ပြပွဲတုန်းက ပန်းချီ ကားက ဒီလောက် မရှိဘူး။ ဒီနှစ် ကတော့ ပန်းချီကားတွေ ပိုပြီးများလာ တယ်။ ရေးချက်တွေလည်း ပိုကောင်း လာတယ်”ဟု ပန်းချီဗိုကျော်က ပြော သည်။

လာရောက်ကြည့်ရှုသည့် ပန်းချီချစ်သူများအနေဖြင့် မိမိတို့ နှစ်သက်သော ပန်းချီကားများကို လည်း ဝယ်ယူသိမ်းဆည်းထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

စုမွန်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here