နှစ်ဦးအကြိုကုသိုလ်အဖြစ်မရှိဆင်းရဲခက်ခဲတဲ့ အိမ်ခြေ ( ၁၀၀ ) စာအတွက် အလှူငွေ ၁ သောင်းကျပ်စီ လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ
သရုပ်ဆောင်ခိုင်နှင်းဝေ ကဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ၇ ရက်သားသမီးများရဲ့ နှစ်ဦးအကြိုကုသိုလ်အလှူအဖြစ် မရှိဆင်းရဲခက်ခဲတဲ့ အိမ်ခြေ ၁၀၀ စာအတွက် တစ်အိမ်ထောင်ကို ၁ သောင်းကျပ်စီ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။
” ခုနှစ်ရက်သားသမီးများအားလုံးရဲ့ နှစ်ဦးအကြို ကုသိုလ်အဖြစ်အိမ်ခြေ (၁၀၀) စာအတွက်အလှူငွေ (၁)သောင်းကျပ်ကို မျှဝေလှုဒါန်းပေးခဲ့ပါတယ် ” လို့ သရုပ်ဆောင်ခိုင်နှင်းဝေကသူမလက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။
အခုလက်ရှိ မှာသရုပ်ဆောင်ခိုင်နှင်းဝေအနေနဲ့ ပရဟိတ အလုပ်များကို အဆက်မပြတ်လုပ်ကိုင်နေပြီး လိုအပ်တဲ့နေရာတွေမှာလည်းလှူဒါန်းမှုတွေလုပ်ဆောင်ပေးနေတာပဲ ဖြစ်ပါတယ်။
Zaw Gyi