မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယနေ့ နိုဝင်ဘာ ၄ ရက်၌ ကျရောက်သည့် တန်ဆောင်မုန်းလပြည့်နေ့တွင် ကုသိုလ်ယူ ဆွမ်းအိုးမျှောပွဲတော်ကို ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
ဆွမ်းအိုးမျှောပွဲတော်ကို ယနေ့ နံနက် ၃ နာရီအချိန်ခန့်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စတုဒီတာအလှူများကိုလည်း ကျွေးမွေးခဲ့ကြကြောင်း သိရသည်။
မိုးများရွာနေသည့်ကြားမှပင် လှုဒါန်းကျွေးမွေးသည့် မဏ္ဍပ်များဖြင့် အထူးစည်ကားခဲ့ကြောင်း ဒေသခံသတင်းရင်း မြစ်များထံက သိရသည်။
ဓာတ်ပုံ-Zin Moe
