ဝါရှင်တန်အနေဖြင့် သူ့နိုင်ငံကို နျူကလီးယားလက်နက်ကိုစွန့်ရန် မပြောတော့ပါက အမေရိကနှင့် တွေ့ဆုံဆွေးနွေးရေးကို ရှောင်လွှဲစရာအကြောင်းမရှိဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ပြောကြားလိုက်သည်။ သို့ရာတွင် ပိတ်ဆို့မှုများ ကင်းလွတ်ရေးအလို့ငှာ နျူကလီးယားလက်နက်များနှင့် လုံးဝအပေးအယူလုပ်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်သတင်းဌာနက တနင်္လာနေ့တွင် သတင်းဖော်ပြခဲ့သည်။
သူ့အနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အပေါ်တွင် သဘောကျသော အမှတ်ရစရာများရှိနေဆဲဟု တနင်္ဂနွေနေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်သို့ ပြောကြားသောမိန့်ခွန်းတွင် ကင်မ်က ပြောကြားခဲ့ကြောင်း ကေစီအင်န်အေက ဖော်ပြခဲ့သည်။
ခေါင်းဆောင်နှစ်ဦးသည် ထရမ့်ပ်၏ ပထမသမ္မတသက်တမ်းကာလအတွင်းက သုံးကြိမ်တိုင် တွေ့ဆုံခဲ့ဖူးသည်။
ပိတ်ဆို့ဒ-ဏ်ခတ်မှုများနှင့် နျူကလီယားလက်နက်ဖျ-က်သိ-မ်းရေးဆိုင်ရာတို့တွင် ပဋိပက္ခဖြစ်ခဲ့ကြ၍ ပြုံယမ်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအားလုံး ပြိုလဲသွားခဲ့အပြီး ခြောက်နှစ်အကြာတွင် ဆိုးလ်ရှိ လစ်ဘရယ်အစိုးရသစ်က ကင်မ်ဂျုံအန်နှင့် တွေ့ဆုံဆွေးနွေးမှု ကိုပြန်လည်စတင်နိုင်ရေးတွင် ဦးဆောင်ရန် ထရမ့်ပ်ကို တို-က်တွန်းနေချိန်တွင် အဆိုပါ မှတ်ချက်များပေါ်ထွက်လာခြင်းဖြစ်သည်။
Ref: စီအင်န်အေ
