ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် အခြေခံပညာကျောင်း (၂၃) ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
စစ်ရေးအခြေအနေများနှင့် နယ်မြေမတည်ငြိမ်မှုကြောင့် တစ်နှစ်နီးပါးပိတ်ထားရသည့် အခြေခံပညာကျောင်းများအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ်လ (၄) ရက်က ကျောင်းသား/သူ (၁၉၈) ဦး ထပ်မံကျောင်းအပ်နှံခဲ့ကြောင်း သိရသည်။
လက်ရှိတွင် နောင်ချို့မြို့နယ်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်သည့် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံကာ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/သူ ဦးရေ စုစုပေါင်း (၃၆၄၅) ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။
