Tuesday, April 21, 2026

ဟုမ္မလင်းမြို့၌ ဆီတင်သင်္ဘောများမီးလေ-ာင်မှုအား နာရီပေါင်း ၂၂...

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် ယမန်နေ့ ဧပြီ ၂၀ ရက်ည ၆ နာရီ ၂၀ မိနစ်ခန့်က ဆီတင်သင်္ဘောများမီးလေ_ာင်မှုဖြစ်ပွားခဲ့ရာ နာရီပေါင်း ၂၂...

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့...

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဧပြီလ ၂၂ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ကြောင်း...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ အဆိုပါကာလအတွင်း မိုးရွာသွန်းမှုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊...

နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့်...

ရန်ကုန်တိုင်းဒေသကြီး၌ နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအပေါ် ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ယမန်နေ့ (ဧပြီ ၂၀)...
HomeNewsLocal Newsနောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် PR...

နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် PR စ နစ်ကျင့်သုံးရန် နိုင်ငံရေးပါတီ ၇၁ ပါတီဖြင့် ၄ ကြိမ်ဆွေးနွေးပြီးနောက် သဘောတူခဲ့ဟု UEC ဥက္ကဋ္ဌဦးသိန်းစိုးပြော

နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် PR စ နစ်ကျင့်သုံးရန် နိုင်ငံရေးပါတီ ၇၁ ပါတီဖြင့် ၄ ကြိမ်ဆွေးနွေးပြီးနောက် သဘောတူခဲ့ဟု UEC ဥက္ကဋ္ဌဦးသိန်းစိုးပြော

အချိုးကျကိုယ်စားပြုစနစ်(Proportional Representation System – PRs)ပြောင်းလဲကျင့် သုံးနိုင်ရန် လက်ရှိတည်ဆဲ နိုင်ငံရေးပါတီ ၇၁ ပါ တီနှင့် ၄ ကြိမ်ဆွေးနွေးခဲ့ပြီးနောက် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် PR စနစ် ပြောင်းလဲကျင့်သုံးရန်သဘောတူညီခဲ့သည်ဟု ပြောသည်။

ထိုသို့ ကျင့်သုံးရာတွင် မဲဆန္ဒရှင်ပြည်သူများ ရိုးရှင်းလွယ်ကူစွာ မဲပေးနိုင်မည့် Close List PR စနစ်အား ကျင့်သုံးရန်ကိုလည်း သဘောတူခဲ့ကြပြီး ပြဋ္ဌာန်းထားသည့် သက်ဆိုင်ရာလွှတ်တော်ရွေး ကောက်ပွဲဥပဒေ၊နည်းဥပဒေများနှင့်နိုင်ငံရေးပါ တီများမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ၊နည်းဥပဒေများကို PR စနစ်နှင့်လိုက်လျောညီထွေဖြစ်စေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင် ဆင်ဆောင်ရွက်ခဲ့ပြီး ပြဋ္ဌာန်းနိုင်ရန်အတွက် လုပ် ငန်းစဉ်အတိုင်းဆောင်ရွက်လျက်ရှိသည်ဟု ပြော သည်။

UEC ဥက္ကဋ္ဌဦးသိန်းစိုးက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်နှင့်ကော်မရှင်အဖွဲ့ခွဲရုံးအဆင့် ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် အမှုထမ်း(ဒု တိယဦးစီးမှူး)များ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့် သင်တန်းအမှတ်စဉ် ( ၅ / ၂၀၂၂ ) သင်တန်းဆင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

UEC အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေ ထွေရွေးကောက်ပွဲ၏ မဲစာရင်းမှားယွင်းမှုများအား စစ်ဆေးခြင်း၊မြေပြင်ကွင်းဆင်း၍ မဲလက် မှတ်များစစ်ဆေးခြင်း၊မဲမသမာမှုပြုလုပ်သူများ ပါဝင်ပတ်သက်သူများကို စစ်ဆေးအရေးယူခြင်းများပြုလုပ်ခဲ့သည်ဟု ပြောသည်။

နိုင်ငံရေးပါတီများ၏ ပါတီရန်ပုံငွေ၊ငွေ ကြေးနှင့်ပစ္စည်းများ၊စာရင်းများအား စစ်ဆေးခြင်းတို့အား ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင် အဖွဲ့ဝင်များကဦးဆောင်၍ ပြည်ထဲရေးဝန် ကြီးဌာန၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ပြည် ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ ဝန်ထမ်းများပါ ဝင်၍ ဥပဒေနှင့်အညီ တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီအနက် ၈၅ ပါတီအား စစ်ဆေးခဲ့ပြီးဖြစ်သည်ဟု ပြောသည်။

ထို့ပြင် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးအ တွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် Pilot Project ရေးဆွဲ၍ မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီးသည့် မြို့နယ်များ၏ စာ ရင်းများကို ကနဦး မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းစနစ်( IVLS Software )နှင့်ပြန်လည်စိစစ်ခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊လူ ဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့နှင့်ထပ်မံညှိ နှိုင်း၍ ပြင်ဆင်၊ဖြည့်စွက်၊ပယ်ဖျက်ခြင်းများကို လစဉ် Update ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟုမ္မလင်းမြို့၌ ဆီတင်သင်္ဘောများမီးလေ-ာင်မှုအား နာရီပေါင်း ၂၂ နာရီခန့်ကြာချိန်တွင် မီးထိန်းနိုင်ပြီဖြစ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် ယမန်နေ့ ဧပြီ ၂၀ ရက်ည ၆ နာရီ ၂၀ မိနစ်ခန့်က ဆီတင်သင်္ဘောများမီးလေ_ာင်မှုဖြစ်ပွားခဲ့ရာ နာရီပေါင်း ၂၂ နာရီခန့်ကြာငြှိမ်းသတ်ခဲ့ရပြီး ယနေ့ ဧပြီ ၂၁ ရက်ညနေပိုင်းမှသာ မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်၊ မြို့မဘုန်းကြီး ကျောင်းဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော ဆီတင်သင်္ဘောများမီးလေ_ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းဝင်များကပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် စတင်လောင်ကျွမ်းသည့်အချိန်မှစကာ နာရီပေါင်း ၂၂ နာရီခန့်ကြာ ယနေ့ ဧပြီ ၂၁ ရက်ညနေ ၄ နာ...

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာမည်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဧပြီလ ၂၂ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော့ကျိခွန်းက ဧပြီလ ၂၁ ရက်နေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး အဆိုပါ သုံးနိုင်ငံအား တရုတ်နိုင်ငံ၏ "ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ" ဟု ခေါ်ဆိုခဲ့သည်။ တရုတ်နိုင်ငံသည် ပြီးခဲ့သည့်အပတ်က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်၊ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်၊ အဘူဒါဘီ အိမ်ရှေ့မင်းသား ရှိတ်ခါလစ် ဘင် မိုဟာမက်...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနထုတ်ပြန်

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ အဆိုပါကာလအတွင်း မိုးရွာသွန်းမှုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရ ခိုင်၊ ရှမ်းပြည်နယ်များတွင် ပုံမှန်ထက် လျော့နည်းနိုင်ပြီး စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးထစ်ချုန်းနှင့်အတူ ပုံမှန်အတိုင်း ရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။ မိုးရွာသွန်းရက်များအနေဖြင့် စစ်ကိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် (၃) ရက်မှ (၆)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071