ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် နေလှန်းဆား ပိဿာ (၁၀၀) လျင် (၅၅,၀၀၀) ကျပ်အထိဈေးကောင်း ရရှိနေကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
” ဒေသထွက် နေလှန်းဆားတွေကို ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ အခုလိုအရောင်းအဝယ် ကောင်းလာတော့ ဆားထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေအလုဘပ်အကိုင် အခွင့်အလမ်းရရှိပြီး အဆင်ပြေလာပါတယ်”ဟု ဆားလုပ်ငန်းလုပ်ကိုင်သူ တစ်ဦး ကပြောသည်။
အဆိုပါ ဒေသထွက် နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည်စသည့် လုပ်ငန်းများတွင် အဓိကထား အသုံးပြုကြကြောင်းလည်း သိရသည်။
လက်ရှိတွင် နေလှန်းဆားများ အရောင်းအဝယ်ကောင်းမွန်နေခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုရှိလာသဖြင့် ဒေသဈေးကွက်အတွင်း ဆားဈေးနှုန်းများ တည်ငြိမ်ကျဆင်းလာမည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ သက်သာချောင်ချိရေးကို အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း သိရသည်။
