ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်သို့ ပြန်လည်ဝင်ရောက်နေထိုင်သည့် နှစ်ရှည်နေရပ်စွန့်ခွာနေရသူများကို ICRC က အိမ်ဆောက်ပစ္စည်းများအပါအဝင် ထောက်ပံ့ကူညီမှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
နှစ်ရှည်နေရပ်စွန့်ခွာနေကြရာမှ နေရပ်များသို့ပြန်လည်နေထိုင်သည့် အိမ်ထောင်စု(၇၅)စုအတွက် သွပ်မိုး၊ သစ်သား၊ ဝါးထရံများ၊ ရေစိုခံအထပ်သားပြားများနှင့် အိမ် ဆောက်လုပ်ရာတွင်အသုံးပြုရန်လိုအပ်သော ပစ္စည်းကိရိယာများ၊ အိမ်သုံးဆိုလာပစ္စည်းအစုံ(၃၅)စုံတို့ကိုထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
