Home Movies နေပြည်တော်-တောင်ငူ ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ပြင်ဆင်နေ

နေပြည်တော်-တောင်ငူ ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ပြင်ဆင်နေ

0
266

နေပြည်တော် – တောင်ငူ ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေးပြင်ဆင်နေပြီး တောင်ငူဘူတာသစ်တည်ဆောက်ခြင်းနှင့်တောင်ငူမြို့ရှောင်ရထားလမ်း တာပေါင်မြေကြီးလုပ်ငန်းနှင့် တံတားလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်နေမှုကို ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်အတူ ယမန်နေ့ က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

လမ်းပိုင်းအတွင်း အသစ်ပြန်လည်တည်ဆောက်နေသည့်ဘူတာများ သတ်မှတ်ကာလအတွင်း လုပ်ငန်းများအမြန်ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း တည်ဆောက်ရေးအလေးထားဆောင်ရွက်ရန်၊ ရထားလမ်းဘေး ဝဲ/ယာ သတ်မှတ်အကွာအဝေးများတွင် ရေနုတ်မြောင်းများ စနစ်တကျတူးဖော်သွားရန်၊ တောင်ငူ-နေပြည်တော် ကြား အမြန်နှုန်း ၇၅ ကီလိုမီတာနှုန်း အပြည့်အဝ မောင်းနှင်နိုင်ရေး စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တောင်ငူမြို့ရှောင်ရထားလမ်း ဆောင်ရွက်နေမှုအခြေအနေကို စီမံကိန်းအင်ဂျင်နီယာက ရှင်းလင်းခဲ့ပြီး  ပြည်ထောင်စုဝန်ကြီးက သတ်မှတ် ကာလအမီပြီးစီးရေး၊ သတ်မှတ်ဒီဇိုင်း၊ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီပြီးစီးရေး ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here