နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၃ ရက်တွင် နေပြည်တော်အတွင်း လမ်း၊ တံတားများအ ဆင့်မြှင့်တင်နေမှုနှင့် ဒေသထွက်သီးနှံများကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။
နိုင်ငံတော်သမ္မတက နေပြည်တော်လေဆိပ်အဝင်လမ်းအား နောင်အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်မည့် လမ်းအ သုံးပြုသူဦးရေနှင့် မော်တော်ယာဉ်စီးရေတိုးတက်လာနိုင်မှုများအပေါ်ထည့်သွင်းတွက်ချက်၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် Master Plan ရေးဆွဲဆောင်ရွက်ရန်မှာ ကြားသည်။
ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ နေပြည်တော်-တောင်တွင်းကြီး မီးရထားလမ်းခုံးကျော်တံတား(၁,၃၀၀)ပေတည် ဆောက်နေမှု၊ ရွှေပြည်တော်ဝင်လမ်းတစ်လျှောက် သန့် ရှင်းသာယာလှပရေးလုပ်ငန်းများနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ နေပြည် တော်လေဆိပ်အဝင် လမ်းသစ်ဖောက်လုပ်နေမှုနှင့် ယာ ယီသံဘောင်ဘေလီတံတားတည်ဆောက်ရန်ဆောင် ရွက်နေမှု၊ ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ ရန်ကုန်-မန္တ လေးမီးရထားလမ်းခုံးကျော်တံတားတည်ဆောက်ရေးလုပ်ငန်းခွင်တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ ရန်ကုန်–မန္တလေး မီးရထားလမ်းခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်ကိုလည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် ပျဉ်းမနားမြို့ ကျီးအင်းကျေးရွာရှိ Myanmar Agri Foods Co.,Ltd ၏ အေးခဲဟင်းသီးဟင်းရွက် ထုတ်လုပ်တင်ပို့ရေးလုပ်ငန်းသို့ သွားရောက်ပြီး ထုတ်လုပ်မှုအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတက ယင်းလုပ်ငန်းသည် နိုင်ငံအတွက် အကျိုးရှိသည့်လုပ်ငန်းဖြစ်ကြောင်း ပြောကြားပြီး လက်ရှိရရှိထားသည့် ဈေးကွက်များကို အခြေခံ၍ ထုတ်လုပ်မှုတိုးချဲ့ဆောင်ရွက်ရန်၊ Green House စနစ်ဖြင့် ရာသီမရွေး စိုက်ပျိုးထုတ်လုပ်နိုင်ရေး သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ယင်းသို့ ဆောင်ရွက်နိုင်ပါက ကုန်ကြမ်းသီးနှံများ ပိုမိုရရှိလာမည်ဖြစ်ပြီး ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ကာ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ထို့အပြင် အိုင်စောက်ကျေးရွာအနီးနှင့် ပင်လောင်းလမ်းဆုံနေရာတို့ရှိ ရေနုတ်မြောင်းများ ဆောင်ရွက်ထားရှိမှု၊ အေးမြင့်သာယာတံတား(ဆင်သေချောင်းကူး)တို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆင်သေချောင်းတစ်လျှောက် ကမ်းပါးထိန်းသိမ်းရေးနှင့် ရေကြီးရေလျှံမှုဒဏ်ခံနိုင်ရေးအတွက် ရေကြောင်းထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
တံတားများ၏ ကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကိုလည်း စနစ်တကျ ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့သည်။
