နေပြည်တော်ရှိ ရေလှောင်တမံ(၂)ခုဖြစ်သည့် ရန်အောင်မြင်ရေလှောင်တမံနှင့် ချောင်းမကြီးရေလှောင်တမံတို့၏ ပင်မတမံနှင့် ကုန်းကြောတမံများကိုပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြန်လည်ပြုပြင်နေမှုများအား နေပြည်တော်စည်ပင် ဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြို့တော်ဝန်သည် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၌ ငလျင်ဒ-ဏ်ကြောင့်ပျ-က်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများကို ပြန်လည်ပြုပြင်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
