ယနေ့ ဖေဖော်ဝါရီ (၃) ရက်၊ နံနက်အစောပိုင်း (၂) နာရီ၊ (၁၄) မိနစ်၊ (၀၁) စက္ကန့် အချိန်က ဇဗ္ဗူသီရိမြို့၏ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မြေငလျင်သတင်း ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ဇဗ္ဗူသီရိမြို့၏ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာ၊ မြောက် လတ္တီတွဒ် (၁၉.၉၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၂) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိချက်အရ သိရသည်။
ထို့ပြင် ဖေဖော်ဝါရီ (၂) ရက်၊ နံနက် (၉)နာရီ၊ (၄၇)မိနစ်၊ (၄) စက္ကန့်အချိန်ကလည်း ဇမ္ဗူသီရိမြို့၏ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၉၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၅)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုး/ဇလ၏ တိုင်းထွာရရှိချက်အရ သိရသည်။
