နီပေါနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၊ မြေပြိုခဲ့သဖြင့် လူ ၄၇ ဦးထက်မနည်းေ-သဆုံးခဲ့ကာ လမ်းများပိ-တ်ဆို့ခြင်းနှင့် တံတားများ ရေစီးနှင့်အတူ မျောပါခြင်းတို့ ဖြစ်ပွားခဲ့သည်။
အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော အရှေ့ပိုင်း အီလမ်ခရိုင်တွင် မြေပြို၍ လူ ၃၅ ဦး ေ-သဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကာလီဒက်စ် ဒါအူဘိုဂျီက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
သောကြာနေ့မှစ၍ ရေကြီးရေလျှံသဖြင့် ရေစီးနှင့်မျောပါသွားကာ လူ ၉ ဦး ပျေ-ာက်ဆုံးလျက်ရှိနေပြီး နီပေါ၏ အခြားဒေသများတွင် မိုးကြိုးပ-စ်၍ လူသုံးဦး ေ-သဆုံးခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ဟိမဝန္တာတောင်တန်းဒေသနိုင်ငံ၏ အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် မိုးအဆက်မပြ-တ်ရွာသွန်းနေခြင်းဖြစ်သည်။
ပျေ-ာက်ဆုံးနေသူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း နိုင်ငံတော် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရှန်တီ မာဟတ်က ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာနက အရေးပေါ်ဝန်ဆောင်မှုဌာနများနှင့် သဘာဝဘေးတုန့်ပြန်ရေး အသင်းအဖွဲ့များမှအပ တနင်္လာနေ့နှင့် အင်္ဂါနေ့ကို တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အစိုးရရုံးပိတ်ရက်အဖြစ် ကြေညာပေးခဲ့သည်။
Ref: အယ်ဂျာဇီးယား
