Friday, June 12, 2026

လမ်းခွဲသည့် ချစ်သူအမျိုးသမီးကို သတ်ပြီးနောက် အမျိုးသားတစ်ဦး...

လှိုင်သာယာအထည်ချုပ်စက်ရုံမှ အတူနေချစ်သူ မန်နေဂျာအမျိုးသမီးကို သတ်လာသည့် အမျိုးသားသည် ဆီဒိုးနားဟိုတယ်၂၉ လွှာမှ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက်ပိုင်းက ခုန်ချသတ်သေသွားကြောင်း...

မြဝတီမြို့တွင် တောင်းရမ်းစားသောက်နေသူများအား ခံဝန်ထိုးခိုင်းပြီးနယ်နှင်ဒဏ်ပေးကာ နေရပ်များထံပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ လူစည်ကားရာနေရာများ ၌ တောင်းရမ်းစားသောက်နေသူများအား မြို့တာဝန်ရှိသူများက နယ်နှင်ဒဏ်ပေးပြီး နေရပ်များထံပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ တောင်းရမ်းစားသောက်နေသူများသည် အနယ်နယ်အရပ်ရပ်မှ မြဝတီမြို့သို့ရောက်ရှိလာပြီးအ ခြေချနေထိုင်ကာ...

အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်‌လို့ ရေနံဈေးမြင့်တက်လာ

အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်ခဲ့ပြီးနောက်မှာ၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ခါတမ် အာလ်-အန်ဘီယာ ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်အရ အီရန်အစိုးရဟာ ဟော်မုဇ်ရေလက်ကြား...

လူမှုကွန်ယက်ပေါ် ဝေဖန်မှု မြင့်တက်ခဲ့သည့် မန္တလေးက...

မန္တလေးမြို့၏ နေ့ခင်းအချိန်၌ပင် ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးကို လုယက်မှုကျူးလွန်သူ တရားခံများကို ဖမ်းမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းအရ သိရသည်။ ထိုလုယက်ခံရသည့် ရုပ်သံဖိုင်သည် လူမှုကွန်ယက်ပေါ် ဝေဖန်မှု မြင့်တက်ခဲ့ပြီး...
HomeNewsLocal Newsနိုင်ငံ(၁၀)နိုင်ငံမှ ပြည်ပနိုင်ငံသား(၁၅၁)ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်း

နိုင်ငံ(၁၀)နိုင်ငံမှ ပြည်ပနိုင်ငံသား(၁၅၁)ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာအုပ်စုရှိ KK Park တွင်အလုပ်လုပ်ကိုင်နေရာမှ လုံခြုံရေးအဖွဲ့ဝင်များနှင့် BGF နယ်ခြားစောင့်တပ်များက ဝင်ရောက်ရှာဖွေစစ်ဆေးစဥ် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည့် နိုင်ငံ(၁၀)နိုင်ငံမှ ပြည်ပနိုင်ငံသား(၁၅၁)ဦးကို ယနေ့ အောက်တိုဘာ ၂၄ ရက်က ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

KK Park မှထွက်ပြေးတိမ်းရှောင်လာသူများသည် မြဝတီမြို့ပေါ်ရပ်ကွက်၊ မဲထော်သလေးကျေးရွာအုပ်စု၊ ဖလူးကျေးရွာအုပ်စု၊ မင်းလက်ပံကျေးရွာနှင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တို့သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိ၍ ဖော်ထုတ်ထိန်းသိမ်းမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း/လက်ခံ ဆောင်ရွက်ခြင်းမပြုမီ အမှတ်(၄)ရပ်ကွက်၊ မိုးလုံလေလုံအားကစားခန်းမ၌ထိန်းသိမ်းထားရှိကြောင်း သိရသည်။

၎င်းတို့၏ လုံခြုံရေး၊ ကျွေးမွေးရေး၊ အုပ်ချုပ်ထောက်ပံ့မှုစနစ်တကျရှိစေရေးတို့အတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လမ်းခွဲသည့် ချစ်သူအမျိုးသမီးကို သတ်ပြီးနောက် အမျိုးသားတစ်ဦး ဆီဒိုးနားဟိုတယ်ပေါ်မှ ခုန်ချသတ်သေမှုဖြစ်ပွား

လှိုင်သာယာအထည်ချုပ်စက်ရုံမှ အတူနေချစ်သူ မန်နေဂျာအမျိုးသမီးကို သတ်လာသည့် အမျိုးသားသည် ဆီဒိုးနားဟိုတယ်၂၉ လွှာမှ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက်ပိုင်းက ခုန်ချသတ်သေသွားကြောင်း သိရသည်။ ဖြစ်စဉ်၌ တရုတ်နိုင်ငံသား LE CHEIN KYO (ခ) ဦးတင်စိုးသည် လမ်းခွဲမည်ဟု ပြောသည့် အတူနေ ချစ်သူကောင်မလေးကို သတ်ခဲ့ပြီး ရန်ကင်းမြို့နယ် အမှတ် ၅ ရပ်ကွက်၌ တည်ရှိသည့် ဆီဒိုးနားဟိုတယ် ၂၉ လွှာမှ ခုန်ချသတ်သေခဲ့ကြောင်း၊ အဆုံးစီရင်ရခြင်း ဖြစ်ကြောင်း သေတမ်းစာတစောင်ရေးသားခဲ့သည်ဟု သိရသည်။ ရဲတပ်ဖွဲ့အနေဖြင့် သေတမ်းစာပါ...

မြဝတီမြို့တွင် တောင်းရမ်းစားသောက်နေသူများအား ခံဝန်ထိုးခိုင်းပြီးနယ်နှင်ဒဏ်ပေးကာ နေရပ်များထံပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ လူစည်ကားရာနေရာများ ၌ တောင်းရမ်းစားသောက်နေသူများအား မြို့တာဝန်ရှိသူများက နယ်နှင်ဒဏ်ပေးပြီး နေရပ်များထံပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ တောင်းရမ်းစားသောက်နေသူများသည် အနယ်နယ်အရပ်ရပ်မှ မြဝတီမြို့သို့ရောက်ရှိလာပြီးအ ခြေချနေထိုင်ကာ လူစည်ကားရာနေရာများ၌ မြို့အင်္ဂါ ရပ်နှင့်မလျော်ညီစွာ တောင်းရမ်းစားသောက်နေကြသဖြင့် ယနေ့ ဇွန် ၁၁ ရက်တွင် မြဝတီမြို့၊ ဘုရင့်နောင်ဈေးကုန်းလမ်းဆုံမီးပွိုင့်၊ ရွှေမြင်းဝန်စေတီတော်ဘုရားကြီးမီးပွိုင့်နေရာတို့၌ တောင်းရမ်းနေသူများအား မြို့တာဝန်ရှိသူများက အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ခံဝန်လက်မှတ်ရေးထိုးစေပြီးနောက် နေရပ်အသီးသီးသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ " မြို့ရဲ့ပုံရိပ်ကို ထိခိုက်စေတဲ့အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့လမ်းညွှန်မှုနဲ့ အလိုလုပ်ဆောင်တာပါ။ ဒီနေ့အထိ (၁၆)ယောက်ရှိပြီ။ သူတို့ဌားနေတဲ့ တိုက်ခန်း တန်းလျားပိုင်ရှင်တွေကိုလဲ...

အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်‌လို့ ရေနံဈေးမြင့်တက်လာ

အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်ခဲ့ပြီးနောက်မှာ၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ခါတမ် အာလ်-အန်ဘီယာ ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်အရ အီရန်အစိုးရဟာ ဟော်မုဇ်ရေလက်ကြား တစ်လျှောက် ဖြတ်သန်းသွားလာမှု အားလုံးကို ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်(CENTCOM) ကတော့ ကုန်သွယ်ရေးသင်္ဘောတွေဟာ ဟော်မုဇ်ရေလက်ကြားအတွင်းကို ပုံမှန်အတိုင်းပဲ အဝင်အထွက် ဖြတ်သန်းသွားလာနေကြတုန်းပဲလို့ ပြောဆိုထားပါတယ်။ ဒီရေလက်ကြားနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်တွေကြောင့် လန်ဒန်အခြေစိုက် ICE ရောင်းဝယ်ရေးဌာနမှာ ဘရန့် (Brent) ရေနံစိမ်းဈေးနှုန်းတွေဟာ ၁.၉ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပါတယ်။ နောက်ဆုံးဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071