နိုင်ငံ့ဝန်ထမ်းများ (၂)ပတ်ရုံးတက်၊ (၂)ပတ်နေအိမ်မှ ရုံးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်းထုတ်ပြန်
ရန်ကုန်၊ စက်တင်ဘာ ၁၁
ယခုတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွါးမှုကို ပိုမိုထိရောက်စွ ာကာကွယ်ကုသနိုင်ရန် အများပြည်သူ ရုံးပိတ်အား ယာယီပိတ်ထားခဲ့သည်ဖြစ်ရာ စက်တင်ဘာလ (၁၃)ရက်နေ့မှ စတင်၍ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် (၂)ပတ်ရုံးတက်၊ (၂)ပတ်နေအိမ်မှနေ၍ ရုံးလုပ်ငန်းများဆောင်ရွက် ရန် ညွှန်ကြားထုတ်ပြန်လိုက်ကြောင်းသိရသည်။
ရောဂါကူးစက်မှုကို ဆက်လက် ထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ ရောက်ရှိနိုင်ရန် ၂၀၂၁ခုနှစ်၊ ဇူလိုင်လလယ်လောက် ကတည်းက စက်တင်ဘာ (၁၀)ရက်နေ့အထိအား (မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ယင်းလက်အောက်ခံအစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များမှအပ) အများပြည်သူ ရုံးပိတ်ရက်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ပြီး ယခုအခါ စက်တင်ဘာ (၁၃)ရက်နေ့မှ စတင်ကာ (၂)ပတ်ရုံးတက် (၂)ပတ် နေအိမ်မှနေ၍ ရုံးလုပ်ငန်းများ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နှင့် ကျန်းမာရေးကိစ္စများ နှင့်စျေးဝယ်ခြင် းတို့မှအပ အပြင်ထွက်ခွင့် မရှိကြောင်း၊ ခရီး သွားလာရန်ရှိပါက တာဝန်ရှိသူ၏ ခွင့်ပြုချက်ယူ၍ သွားရန်တို့အား ထုတ်ပြန်ထားကြောင်းသိရသည်။
