Thursday, June 18, 2026

မြဝတီနယ်စပ်ဂိတ် ပြန်ဖွင့်ပြီးနောက် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု...

မြဝတီနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဌာန (DFT) က ပြောကြားခဲ့သည်။ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ရှိ...

မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်ဦးဆောင်ရန် ထရမ့်ပ်ကို...

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနှင့် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အနေဖြင့် သံတမန်ရေးဆွေးနွေးမှုများကို ပြန်လည်ဦးဆောင်ပေးရန် တိုက်တွန်းခဲ့ကြောင်း သမ္မတရုံးက ဇွန် ၁၆...

အီရန်ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာ၊ အမေရိကန်-အီရန်...

အီရန်ရေနံတင်ဆောင်ထားသည့် ပထမဆုံး ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားရှိ ပိတ်ဆို့မှုဧရိယာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သင်္ဘောလမ်းကြောင်း စောင့်ကြည့်ရေးဝက်ဘ်ဆိုက်တစ်ခုက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ...

တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓစွယ်တော်ကို မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့်...
HomeInternationalနိုင်ငံ့စီးပွားရေး အောင်မြင်မှုများပြသထားသည့် VDNKh...

နိုင်ငံ့စီးပွားရေး အောင်မြင်မှုများပြသထားသည့် VDNKh ပန်းခြံ

မော်စကိုမြို့မြောက်ဘက်ရှိ ကြီးကျယ်ခမ်းနားသော VDNKh ပန်းခြံတွင် ဆိုဗီယက်ခေတ်ဟန်အပြည့် နန်းတော်ပုံများနှင့် ပြခန်းပေါင်း ၂၅၀ကျော်၊ အမိုးခုံးအလှများနှင့် ရေပန်းများ၊ Vostok ဒုံးပျံနှင့် ဆိုဗီယက်လေယာဉ်များဖြင့် အလှဆင်ထားသည်။

ဆိုဗီယက်အမည် VDNKh သည် “နိုင်ငံ့စီးပွားရေးအောင်မြင်မှုများပြခန်း” ဟုအဓိပ္ပာယ်ရသည့်အတိုကောက်ဖြစ်သည်။

လမ်း၏ ဝဲယာ တဘက်တချက်တွင် သစ်ပင်များစီတန်းစိုက်ထား‌သောလမ်းများ၊ ရင်ပြင်များနှင့် ဥယျာဉ်များပါရှိသော အံ့ဖွယ်မြို့​လေးပုံစံဖြစ်သည်။

ပန်းခြံကို စတာလင်ခေတ် ၁၉၃၀ပြည့်လွန်နှစ်များတွင် စတင်ဆောက်လုပ်ခဲ့ပြီး  ၁၉၅၄ခုနှစ်တွင်  ယနေ့မြင်တွေ့နေရသည့် ဗိသုကာလက်ရာများဖြင့်အပြီးသ-တ်ခဲ့သည်။

ဆိုဗီယက်အင်ပါယာ၏ အောင်မြင်မှုများကို ခင်းကျင်းပြသရန် ဖန်တီးထားသည့် VDNKh တွင် နယ်ပယ်စုံ (အင်ဂျင်နီယာ၊ အာကာသ၊ အနုမြူစွမ်းအင်၊ ပြည်သူ့ပညာရေး၊ ဆိုဗီယက်ယဉ်ကျေးမှုနှင့် အခြားအရာများစွာ) အတွက် ရည်ရွယ်ထားသောပြခန်းများပါရှိသည်။

ခေတ်အဆက်ဆက်ဆိုဗီယက်ပြည်သူ့သမ္မတနိုင်ငံကို ကိုယ်စားပြုသည့်ပြခန်းများလည်း ရှိပြီး တစ်ခုချင်းစီတွင်ထူးခြား​သော ကိုယ်ပိုင်ဗိသုကာဒီဇိုင်းများကို ဝံ့ကြွားစွာပြသထားသည်။

VDNKh အောင်မြင်မှု အထိမ်းအမှတ်ပန်းခြံတွင် လာ​ရောက်ကြသည့်သူများမဖြစ်မ​နေ သွားကြသည့်​နေရာ ၇ခု ရှိသည်။

ရိုးရာဝတ်စုံဝတ်ဆင်ထားသော မိန်းကလေး ၁၆ ဦး၏ ပန်းပု ရုပ်ထုများဖြင့် “ပြည်သူ့ချစ်ကြည်ရေး” ​ရေပန်း၊ပုံပြင်များကိုအခြေခံကာ သရုပ် ဖေါ်ထားသည့် “ကျောက်ပန်းပွင့်” တို့ကိုတော့ ဦးစား​ပေးသွားကြည့်ကြသည်။

စက်ဘီးစီးပြီး VDNKh ပန်းခြံ အပြင်က္ခဗေဒဥယျာဉ်များ၏ အေးချမ်းသော​နေရာများဆီထိသွားကြသည်။

လေးယောက်ဆံ့ စက်ဘီးများ၊ ကလေးထိုင်ခုံပါသော စက်ဘီးများအပြင်စကူတာများပါငှားရမ်း​ပေးသည်။

ဆောင်းရာသီဆိုလျှင် VDNKh ပန်းခြံသည် စကိတ်စီးရန် နေရာကောင်းတစ်ခုဖြစ်သည်။ မော်စကိုရှိအကြီးဆုံးစကိတ်ကွင်းသည် ဗဟိုပြခန်းကြီး၏ဘေးတွင်ရှိသည်။

အာကသပြခန်းတွင် ဒစ်ဂျစ်တယ် ဖန်သားပြင်များ၊ ဒုံးပျံ၊ အာကာသရှိုးပွဲများ၊ MIR အာကာသစခန်း၏ မော်ဒယ်အတွင်းသို့ ဝင်ရောက်ခြင်း၊ virtualဖြင့် ရှုမြင်ခြင်းတို့ ပါဝင် သည်။

မော်စကိုမြို့​ကို ၁ အချိုး ၄၀၀ အရွယ်ဖြင့် မော်စကိုမြို့၏  အဆောက်အအုံများ၊ လမ်းများနှင့် ရင်ပြင်များကို ပုံစံငယ်ပြုလုပ်ထားသည်က ချစ်စရာ။ လည်ပတ်ရန် အကောင်းဆုံးအချိန်မှာ မီးများဖွင့်ခြင်း၊ တေးဂီတရှိုးများကို ဖွင့်ထားသည့်အချိန်မျိုးဖြစ်သည်။

စက်မှုလုပ်သားတစ်ဦးနှင့် စုပေါင်းလယ်ယာမှ လယ်သူမ​လေး၏ အထင်ကရရုပ်တုသည်လည်း နာမည်​ကျော်သည်။ အဆိုပါပန်းပုရုပ်သည် ၁၉၃၇ က ပါရီတွင်ကျင်းပသည့်ကမ္ဘာ့ပြပွဲအတွက် Vera Mukhina က ရေးဆွဲထားသောအနုပညာလက်ရာတစ်ခုဖြစ်သည်။

ပြခန်းများနှင့် စားသောက်ဆိုင်များစွာတွင် ဆိုဗီယက်ရိုးရာအစားအစာ၊ ကော်ဖီဆိုင်တို့ကလူကြိုက်များသည်။

Ref: bridgetomosco
Photo: lovetravellingblog

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြဝတီနယ်စပ်ဂိတ် ပြန်ဖွင့်ပြီးနောက် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု မြင့်တက်လာမည်ဟု ထိုင်းမျှော်လင့်

မြဝတီနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဌာန (DFT) က ပြောကြားခဲ့သည်။ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ရှိ အမှတ်(၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနှင့် ဆက်စပ်သည့် နယ်စပ်ဂိတ်ကို ၂၀၂၅ ခုနှစ် သြဂုတ်လကတည်းက ပိတ်ထားခဲ့ရာမှ မြန်မာဘက်က ၂၀၂၆ ခုနှစ် မေ ၂၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ DFT ညွှန်ကြားရေးမှူးချုပ် မစ္စ အာရာဒါ ဖူအန်ထောင်က အဆိုပါဂိတ် ပြန်လည်ဖွင့်လှစ်မှုသည် နယ်စပ်ကုန်သွယ်ရေးအတွက် အပြုသဘောဆောင်သည့် လက္ခဏာတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံ၏...

မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်ဦးဆောင်ရန် ထရမ့်ပ်ကို တောင်ကိုရီးယားသမ္မတ တိုက်တွန်း

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနှင့် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အနေဖြင့် သံတမန်ရေးဆွေးနွေးမှုများကို ပြန်လည်ဦးဆောင်ပေးရန် တိုက်တွန်းခဲ့ကြောင်း သမ္မတရုံးက ဇွန် ၁၆ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါပြောကြားချက်ကို ကနေဒါနိုင်ငံ၌ ကျင်းပသည့် G7 ထိပ်သီးအစည်းအဝေးအတွင်း ခေါင်းဆောင်နှစ်ဦး တွေ့ဆုံနှုတ်ဆက်စဉ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ကန်းယူဂျန်း၏ အဆိုအရ ထရမ့်ပ်က မြောက်ကိုရီးယားနှင့် လက်ရှိဆက်ဆံရေးအခြေအနေများကို မေးမြန်းခဲ့ရာ သမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အမေရိကန်၏ ခေါင်းဆောင်မှုအခန်းကဏ္ဍ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထရမ့်ပ်ကလည်း မြောက်ကိုရီးယားနှင့်...

အီရန်ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာ၊ အမေရိကန်-အီရန် ဆွေးနွေးပွဲအပေါ် မျှော်လင့်ချက်မြင့်တက်

အီရန်ရေနံတင်ဆောင်ထားသည့် ပထမဆုံး ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားရှိ ပိတ်ဆို့မှုဧရိယာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သင်္ဘောလမ်းကြောင်း စောင့်ကြည့်ရေးဝက်ဘ်ဆိုက်တစ်ခုက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ အမေရိကန်နှင့် အီရန်တို့အကြား နျူကလီးယားအစီအစဉ်နှင့် စီးပွားရေးပိတ်ဆို့မှုများ လျှော့ပေါ့ရေးဆိုင်ရာ ဆွေးနွေးမှုများ မစတင်မီ နှစ်ရက်အလိုတွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ ဆွစ်ဇာလန်နိုင်ငံ၌ ဇွန် ၁၉ ရက်တွင် ကျင်းပမည့် ဆွေးနွေးပွဲနှင့်ပတ်သက်၍ အကောင်းမြင်မျှော်လင့်ချက်များ မြင့်တက်လာသဖြင့် ကမ္ဘာ့ရေနံဈေးနှုန်းများလည်း ကျဆင်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ရေနံတင်ပို့မှုနှင့် သိုလှောင်မှုဆိုင်ရာ အချက်အလက်များကို စောင့်ကြည့်လေ့လာသည့် Tanker Trackers...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071