Tuesday, August 4, 2026

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Alphard ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား၊လူထိခိုက်ဒဏ်ရာရရှိမှုမရှိ

နေပြည်တော်၊သြဂုတ်-၄ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၄၃/၆ အနီးတွင် ယနေ့ (ဩဂုတ် ၄ ရက်) နံနက်ပိုင်းက မော်တော်ယာဉ်တစ်စီး အင်ဂျင်ခန်းမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး...

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို...

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂)...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊...

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း...
HomeNewsLocal Newsနိုင်ငံအတွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရသည့် ပြည်သူဦးရေဆက်တိုက်မြင့်လာ...

နိုင်ငံအတွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရသည့် ပြည်သူဦးရေဆက်တိုက်မြင့်လာ ၄သိန်းခွဲကျော်အထိရှိနေ

(Unicode)

နိုင်ငံအတွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရသည့် ပြည်သူဦးရေဆက်တိုက်မြင့်လာ ၄သိန်းခွဲကျော်အထိရှိနေ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဖြစ်ပွားလျက်ရှိသော ဖြစ်ရပ်များကြောင့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက် အထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင်အသစ်ထပ်မံနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူဦးရေ ၄၅၃,၀၀၀အထိ တိုးမြှင့် ရောက်ရှိလာခဲ့ပြီဟု UNHCRက ယနေ့ ဖေဖော်ဝါရီ၂၃ရက်တွင် အနှစ်ချုပ်စာရင်းထုတ်ပြန်သည်။

နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်သောဒေသများတွင် ခိုလှုံစရာနေရာ၊ အစားအစာ၊ သောက်သုံးရေ နှင့် ဆောင်း ရာသီသုံးပစ္စည်းများ လုံလောက်စွာမရရှိနိုင်သောကြောင့် အချို့သော နေရပ်စွန့်ခွာသူများသည် ရှမ်းပြည်နယ် မှ မိမိ မူလနေထိုင်ရာဒေသဖြစ်သည့် ကယားပြည်နယ်သို့ ပြီးခဲ့သည့်သတင်းပတ်များအတွင်း ပြန်သွားခဲ့ကြမှုများလည်းရှိသည်ဟု ဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံ အနောက်မြောက်ဒေသတွင် လက်နက်ကိုင်တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိရာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူမိသားစုများ သိသိသာသာမြင့်တက်ခဲ့ပြီး အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခင် ရက်သတ္တပတ်များနှင့်နှိုင်းယှဉ်ပါက နေရပ်စွန့်ခွာသူလူဦးရေအသစ် ၁ သောင်းခန့်ရှိလာခဲ့ကာ နေရပ် စွန့်ခွာရွှေ့ပြောင်းနေထိုင်သူအများအပြားသည် ခိုလှုံစရာနေရာများလိုအပ်နေသည့်အပြင် အများစုသည် အနီးအနားရှိတောတောင်များနှင့်သစ်တောနေရာများတွင် ယာယီပြောင်းရွှေ့နေထိုင်နေကြရသည်ဟုပါ UNHCRကအသိပေးထားသည်။

အဆိုပါအခြေအနေအတွင်း UNHCR က ရှမ်းပြည်နယ် (တောင်ပိုင်း)၌ မိတ်ဖက်အဖွဲ့များ နှင့်အတူ အရေးပေါ်အကူအညီများဖြန့်‌ ဝေပေးနေပြီး ပင်လောင်းမြို့နယ်အတွင်းရှိ ပင်လောင်း၊ နောင်တရား နှင့် တီကျစ်တို့တွင် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူဦးရေ ၂,၆၀၀ဦးကိုပံ့ပိုးကူညီပေးခဲ့သည့်အပြင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစ၍ နေရာဒေသ ၆၇ နေရာမှ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်သူ ၁၀,၀၀၀ကျော်ခန့်ကိုလည်း ကူညီထောက်ပံ့ပေးလျက်ရှိသည်ဟုဆိုသည်။

ထို့အပြင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် နေရပ်စွန့်ခွာသူများနေထိုင်ရာစခန်းလေးခုရှိ နေရပ်စွန့်ခွာသူဦးရေ ၄, ၈၀၀ အား UNHCR မှ အရေးပေါ်အကူအညီပစ္စည်းများ ပေးအပ်ထောက်ပံ့ခဲ့ပြီး ကိုဗစ်-၁၉ တုံ့ပြန်ကူညီမှု အစီအစဉ် တစ်စိတ်တစ်ဒေသအဖြစ် UNHCR သည် ကရင်ပြည်နယ်ရှိ ရောဂါစောင့်ကြည့်ရေးစင်တာ (Quarantine center) အတွက် အိပ်ယာအသုံးအဆောင်ပစ္စည်းအရေအတွက် ၂၀ ခုတို့ကို ပေးအပ်လှူဒါန်းခဲ့သည်ဟုလည်း UNHCRက ယနေ့ ဖေဖော်ဝါရီ၂၃ရက်တွင် အနှစ်ချုပ်စာရင်းထုတ်ပြန်သည်။

(Zawgyi)

ႏိုင္ငံအတြင္း ေနရပ္စြန႔္ခြာေ႐ႊ႕ေျပာင္းခဲ့ရသည့္ ျပည္သူဦးေရဆက္တိုက္ျမင့္လာ ၄သိန္းခြဲေက်ာ္အထိရွိေန

၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွစ၍ ျဖစ္ပြားလ်က္ရွိေသာ ျဖစ္ရပ္မ်ားေၾကာင့္ ၂၀၂၂ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၄ ရက္ အထိ ျမန္မာႏိုင္ငံတစ္ဝွမ္းတြင္အသစ္ထပ္မံေနရပ္စြန႔္ခြာေ႐ႊ႕ေျပာင္းေနထိုင္ရသူဦးေရ ၄၅၃,၀၀၀အထိ တိုးျမႇင့္ ေရာက္ရွိလာခဲ့ၿပီဟု UNHCRက ယေန႔ ေဖေဖာ္ဝါရီ၂၃ရက္တြင္ အႏွစ္ခ်ဳပ္စာရင္းထုတ္ျပန္သည္။

ေနရပ္စြန႔္ခြာေျပာင္းေ႐ႊ႕ေနထိုင္ေသာေဒသမ်ားတြင္ ခိုလႈံစရာေနရာ၊ အစားအစာ၊ ေသာက္သုံးေရ ႏွင့္ ေဆာင္း ရာသီသုံးပစၥည္းမ်ား လုံေလာက္စြာမရရွိႏိုင္ေသာေၾကာင့္ အခ်ိဳ႕ေသာ ေနရပ္စြန႔္ခြာသူမ်ားသည္ ရွမ္းျပည္နယ္ မွ မိမိ မူလေနထိုင္ရာေဒသျဖစ္သည့္ ကယားျပည္နယ္သို႔ ၿပီးခဲ့သည့္သတင္းပတ္မ်ားအတြင္း ျပန္သြားခဲ့ၾကမႈမ်ားလည္းရွိသည္ဟု ဆိုသည္။

ယင္းအျပင္ ျမန္မာႏိုင္ငံ အေနာက္ေျမာက္ေဒသတြင္ လက္နက္ကိုင္တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားလ်က္ရွိရာ ေနရပ္စြန႔္ခြာ ေ႐ႊ႕ေျပာင္းေနထိုင္ရသူမိသားစုမ်ား သိသိသာသာျမင့္တက္ခဲ့ၿပီး အထူးသျဖင့္ စစ္ကိုင္းတိုင္းေဒသႀကီးတြင္ ယခင္ ရက္သတၱပတ္မ်ားႏွင့္ႏႈိင္းယွဥ္ပါက ေနရပ္စြန႔္ခြာသူလူဦးေရအသစ္ ၁ ေသာင္းခန႔္ရွိလာခဲ့ကာ ေနရပ္ စြန႔္ခြာေ႐ႊ႕ေျပာင္းေနထိုင္သူအမ်ားအျပားသည္ ခိုလႈံစရာေနရာမ်ားလိုအပ္ေနသည့္အျပင္ အမ်ားစုသည္ အနီးအနားရွိေတာေတာင္မ်ားႏွင့္သစ္ေတာေနရာမ်ားတြင္ ယာယီေျပာင္းေ႐ႊ႕ေနထိုင္ေနၾကရသည္ဟုပါ UNHCRကအသိေပးထားသည္။

အဆိုပါအေျခအေနအတြင္း UNHCR က ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၌ မိတ္ဖက္အဖြဲ႕မ်ား ႏွင့္အတူ အေရးေပၚအကူအညီမ်ားျဖန႔္‌ ေဝေပးေနၿပီး ပင္ေလာင္းၿမိဳ႕နယ္အတြင္းရွိ ပင္ေလာင္း၊ ေနာင္တရား ႏွင့္ တီက်စ္တို႔တြင္ ေနရပ္စြန႔္ခြာေ႐ႊ႕ေျပာင္းေနထိုင္သူဦးေရ ၂,၆၀၀ဦးကိုပံ့ပိုးကူညီေပးခဲ့သည့္အျပင္ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလမွစ၍ ေနရာေဒသ ၆၇ ေနရာမွ ေနရပ္စြန႔္ခြာ ေျပာင္းေ႐ႊ႕ေနထိုင္သူ ၁၀,၀၀၀ေက်ာ္ခန႔္ကိုလည္း ကူညီေထာက္ပံ့ေပးလ်က္ရွိသည္ဟုဆိုသည္။

ထို႔အျပင္ ကရင္ျပည္နယ္၊ လႈိင္းဘြဲ႕ၿမိဳ႕နယ္တြင္ ေနရပ္စြန႔္ခြာသူမ်ားေနထိုင္ရာစခန္းေလးခုရွိ ေနရပ္စြန႔္ခြာသူဦးေရ ၄, ၈၀၀ အား UNHCR မွ အေရးေပၚအကူအညီပစၥည္းမ်ား ေပးအပ္ေထာက္ပံ့ခဲ့ၿပီး ကိုဗစ္-၁၉ တုံ႔ျပန္ကူညီမႈ အစီအစဥ္ တစ္စိတ္တစ္ေဒသအျဖစ္ UNHCR သည္ ကရင္ျပည္နယ္ရွိ ေရာဂါေစာင့္ၾကည့္ေရးစင္တာ (Quarantine center) အတြက္ အိပ္ယာအသုံးအေဆာင္ပစၥည္းအေရအတြက္ ၂၀ ခုတို႔ကို ေပးအပ္လႉဒါန္းခဲ့သည္ဟုလည္း UNHCRက ယေန႔ ေဖေဖာ္ဝါရီ၂၃ရက္တြင္ အႏွစ္ခ်ဳပ္စာရင္းထုတ္ျပန္သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Alphard ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား၊လူထိခိုက်ဒဏ်ရာရရှိမှုမရှိ

နေပြည်တော်၊သြဂုတ်-၄ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၄၃/၆ အနီးတွင် ယနေ့ (ဩဂုတ် ၄ ရက်) နံနက်ပိုင်းက မော်တော်ယာဉ်တစ်စီး အင်ဂျင်ခန်းမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယာဉ်တစ်စီးလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် Toyota Alphard အဖြူရောင်ယာဉ်သည် မိုင်တိုင် ၁၄၃/၆ အနီးအရောက်၌ ယာဉ်၏ အချက်ပြမီး လင်းလာသဖြင့် လမ်းဘေးရပ်တန့်ကာ ရှေ့စက်ဖုံး ဖွင့်ကြည့်စဉ် အင်ဂျင်ခန်းအတွင်းမှ...

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်လာစေ

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေဟာ ပိုပြီး မြင့်တက်လာပါတယ်။ ဒီကနေ့ခေတ်လို အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ လူနေမှုပုံစံတွေက ကြိုးစားမှုနဲ့ အခွင့်အလမ်းကောင်းတွေအတွက် အလုပ်ဖြစ်ပေမဲ့ တစ်ဖက်မှာတော့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။ ကြာရှည်တဲ့ အလုပ်ချိန်တွေ၊ တစ်ခုပြီး တစ်ခုဆက်နေတဲ့ အလုပ်အစည်းအဝေးတွေကြား အလျင်စလိုနဲ့ ကြုံသလို စားလိုက်ရတာတွေ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မရှိတာတွေနဲ့ အာဟာရပြည့်စုံအောင်...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊ အ ထက်စီးနေရာများနှင့် လူနေအိမ်များအတွင်းသို့ မြွေများပုန်းအောင်းဝင်ရောက်လာနိုင်၍ ရေဘေးသင့်သူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် အမှောင်ထဲတွင်သွားလာခြင်းမှရှောင်ကြဉ်ကြရန်၊ မဖြစ်မနေသွားလာရပါက မီးအိမ်၊ လက်နှိပ်ဓာတ်မီးသေချာစွာ အသုံးပြုရန် အသိပေးခဲ့သည်။ ရေပေါ်မျောနေသော သစ်ကိုင်း၊ သစ်တုံးများနှင့် အိမ်အတွင်းရှိ အဝတ်အထည်၊ စောင်၊ မွေ့ယာများကို ကိုင်တွယ်ရာတွင်သေချာစွာမီးထွန်းကြည့်ရှုရန်၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ရေထဲ၌ကူးခတ်ရှာဖွေစဉ်နှင့် အပျက်အစီးများဖယ်ရှားစဉ်တို့တွင် ခြေစွပ်၊ လက်စွပ်(သို့)ဘုဖိနပ် (Rubber Boots)များဝတ်ဆင်၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071