နိုင်ငံဖြတ်ကျော်မှုခင်းများတို-က်ဖျ-က်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ အောက်တိုဘာ ၁ ရက်တွင်ကျရောက်သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံဖြတ်ကျော်မှုခင်းများသည် နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်လုံခြုံရေးတို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေ၍ နိုင်ငံတစ်နိုင်ငံတည်းမှ ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမဟုတ်သဖြင့် နိုင်ငံများကြား ပေါင်းစပ်ညှိနှိုင်းချိတ်ဆက်တုံ့ ပြန်မှုနှင့် ဖြေရှင်းဆောင်ရွက်ရမည်ဟု ပြောသည်။
” မြန်မာနိုင်ငံရဲ့ ဒေသအဆင့်ကြိုးပမ်းဆောင်ရွက်မှုတွေအနေနဲ့ ဒေသဆိုင်ရာရဲအဖွဲ့တွေဖွဲ့စည်းပြီး နိုင်ငံဖြ-တ်ကျော်မှုခင်းတွေတို-က်ဖျ-က်ရေးကို ဆောင်ရွက်ပေးနေသလို အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)နဲ့လည်းပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတို-က်ဖျ-က်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ၁၉၉၇ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်သည် စတုတ္ထ (၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆)ခုနှစ်ကို မဟာဗျူဟာ (၃)ရပ်၊ နည်းဗျူဟာ(၄)ရပ်၊ လုပ်ငန်းကဏ္ဍ(၄)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
ထို့အတူ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အတွင်း မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးနှင့်ပတ်သက်သူ တရားခံ(၅,၁၁၅)ဦးကို ငွေကျပ်(၉၇၇)ဘီလီယံကျော်ရှိသည့် မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံတွင် ယခင်က ထိန်းချုပ်ဓာတုပစ္စည်း(၃၉)မျိုးကိုထိန်းချုပ်ခဲ့ရာမှ ယခု ထိန်းချုပ်ဓာတုပစ္စည်း(၄)မျိုးထပ်တိုးပြီး စုစုပေါင်း (၄၃)မျိုးကိုထုတ်ပြန်၍ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
ထို့ပြင် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့မီးရှို့ဖျ-က်ဆီးပွဲ၌ မူးယစ်ဆေးဝါးနှင့် ဓာတု ပစ္စည်း(၆၆)မျိုး ငွေကျပ်(၁,၀၇၂)ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ(၂၉၇)သန်းကျော်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကိုမီးရှို့ဖျ-က်ဆီးနိုင်ခဲ့သဖြင့် မူးယစ်ဆေးထုတ်လုပ်နိုင်သည့် အရင်းအမြစ်များကို ဖော်ထုတ်ရှင်းလင်းရမည်ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။
