Sunday, September 20, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍...

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန်...

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး...

အမြန်လမ်းတွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကားပေါ် သစ်ပင်လဲကျ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က "မြတ်မန္တလာထွန်း" အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏...
HomeNewsLocal Newsနိုင်ငံတော်သြဝါဒါစရိယ၊ အင်္ဂုတ္တိုရ်နိဿယကျမ်းပြုအကျော်ဆရာတော်ကြီး ပျံလွန်တော်မူ

နိုင်ငံတော်သြဝါဒါစရိယ၊ အင်္ဂုတ္တိုရ်နိဿယကျမ်းပြုအကျော်ဆရာတော်ကြီး ပျံလွန်တော်မူ

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ သာသနာ့ဂုဏ်ရည်ချမ်းသာကြီးကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်သြဝါဒါစရိယ၊ တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါစရိယအဖွဲ့ဥက္ကဋ္ဌ၊ အင်္ဂုတ္တိုရ်နိဿယကျမ်းပြုအကျော်ဆရာတော်ကြီး ဘဒ္ဒန္တပညိဿရာဘိဝံသ(အဘိဓဇမ ဟာရဋ္ဌဂုရု)သက်တော်(၉၀)နှစ်၊ ဝါတော်(၇၀) သည် ဖေဖော်ဝါရီ ၄ ရက်နံနက် ၁၀ နာရီ ၁၅ မိနစ်က ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။

ဆရာတော်ကြီးလောင်းလျာသည် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ သရက်ကန်ကျေးရွာ၌ ၁၂၉၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက်တွင်ဖွားမြင်တော်မူခဲ့ပြီး ခမည်းတော်မှာ ဦးပေါကူဖြစ်ကာ မယ်တော်မှာ ဒေါ်ဖွားမြူတို့ဖြစ်သည်။

၁၃ဝ၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်တွင် ရေဦးမြို့၊ ချမ်းသာကြီးပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စအား ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်ရောက်ရှိခဲ့ပြီး ၁၃၁၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၌ ရေဦးမြို့နယ်၊ ချမ်းသာကြီးပါဠိတက္ကသိုလ်ကျောင်းတိုက်၏ ခဏ္ဍသိမ်၌ ဆရာတော်ဘဒ္ဒန္တပဏ္ဍိစ္စကို ဥပဇ္ဈာယ်ပြုကာ ရဟန်းအဖြစ်ရောက်ရှိတော်မူခဲ့သည်။

ပရိယတ္တိစာပေများကို ရေဦးမြို့နယ်၊ ကွမ်းအုံကျေးရွာ၊ အောင်ဘုံကျောင်းဆရာတော်၊ ရေဦးမြို့၊ ချမ်းသာကြီးပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော်နှင့် စာချဆရာတော်များ၊ ပခုက္ကူမြို့၊ မဟာဝိသုတာရာမတိုက်ဆရာတော်နှင့် စာချဆရာတော်များ၊ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်ဆရာတော်နှင့်စာချဆရာတော်များ၊ ပခုက္ကူမြို့၊ မဟာဝိသုတာရာမတိုက်၊ ဈေးကျောင်းဆရာတော်၊ အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော်နှင့် စာချဆရာတော်များထံမှ သင်ယူ ဆည်းပူးတော်မူခဲ့သည်။

ဆရာတော်ကြီးသည် အစိုးရပထမပြန် စာမေးပွဲတွင် ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းတို့ကိုအောင်မြင်ခဲ့ပြီး သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့၊ သကျသီဟပရိယတ္တိသာသနဟိတဓမ္မာစရိယဘွဲ့၊ အဘိဓမ္မပါဠိပါရဂူဘွဲ့တို့ကိုလည်းအောင်မြင်တော်မူခဲ့သည်။

ထို့ပြင် ဆရာတော်ကြီးသည် သာသနာ့ဂုဏ်ရည်ချမ်းသာကြီးကျောင်းတိုက်၌ စာသင်သား ရဟန်း၊ သာမဏေများအား ပရိယတ္တိစာပေများကို သင်ကြားပို့ချပေးတော်မူခဲ့ပြီး အင်္ဂုတ္တိုရ်ပါဠိတော်(၁၁)ကျမ်း၏ အနက်အဓိပ္ပါယ် အကျယ်အဖွင့်ကျမ်း(၅)တွဲ၊ သုတ်မဟာဝါဋီကာ နိဿယ အဓိပ္ပါယ်အကျယ်အဖွင့်ကျမ်း(ပ၊ ဒု)တွဲတို့ကို ရေးသားပြုစုတော်မူခဲ့သည်။

ဆရာတော်ကြီးသည် တိပိဋက ပါဠိ-မြန်မာအဘိ ဓာန်ကျမ်းပြုအဖွဲ့ဝင်နှင့် အဖွဲ့ခေါင်းဆောင်၊ နိကာယ်စာမေးပွဲဥက္ကဋ္ဌ၊ နိကာယ်စာမေးပွဲ ပုစ္ဆက၊ ဝိသုဒ္ဓိမဂ်သင်တန်းနည်းပြတာဝန်၊ တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲဩဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာတေဇမုနိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ ရွှေမေတ္တာလူမှုကူညီရေးအသင်း၏ ဂုဏ်ထူးဆောင်နာယကတို့အဖြစ်ထမ်းဆောင်တော်မူခဲ့ကာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် နိုင်ငံတော်အစိုးရက “အဘိဓဇမဟာရဋ္ဌဂုရု”ဘွဲ့တံဆိပ်တော်မြတ် ဆက်ကပ်တော်မူခဲ့သည်။

ထိုသို့ သာသနာ့တာဝန်များ အားကြိုးမာန်တက်ထမ်းဆောင်တော်မူနေရာမှာ ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့ခြင်းမှာ သာသနာတော်အတွက်များစွာဆုံးရှုံးနစ်နာရပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ စက်တင်ဘာ ၂၅ ရက် ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍ အမျိုးသမီး ၅ ဦး သတိလစ်

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မြောသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မေ့မြောသူ အမျိုးသမီး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန် ဆွေးနွေး

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့တော်ဝန် မစ္စတာ စွန်းကျီယန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးအပြင် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှုနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဒုတိယသမ္မတ ဦးညိုစောသည် ယခုခရီးစဉ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံအကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071