Tuesday, July 15, 2025

၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို...

မန္တလေးတိုင်းရှိ ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တလေး)တို့ကို ဖြတ်သန်းသွားလာမည့် ၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို နေရာခွဲ၍စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေးအတွက် ယနေ့ ဇူလိုင်...

ယခုတစ်ပတ်တွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူမရှိခဲ့

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)၏ ဇူလိုင် ၁၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ ယခုတစ်ပတ်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့ကြောင်း...

ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ်အဖြစ်တင်သွင်းသည့် မြန်မာနာနတ်သီးများအား အနောက်တောင်ပိုင်း၏...

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ် သွင်းကုန်အဖြစ်အာတင်သွင်းသည့် မြန်မာနာနတ် သီးများအား အနောက်တောင်ပိုင်း၏ အဓိကမြို့ကြီးများသို့တင်ပို့ရောင်းချသွားမည်ဟု ရွှေလီမြို့ရှိ ကုန်သွယ်ရေးကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးမှပြောကြားထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကအသိပေးခဲ့သည်။ မြန်မာနာနတ်သီးတန်ချိန်(၆...

တရုတ်နှင့်အိန္ဒိယပို၍လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်သင့်–ဟန်ကျန်း

            တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တဖြည်းဖြည်းချင်းမြှင့်တင်သင့်သည်ဟု တနင်္လာနေ့တွင် တရုတ် ဒုတိယသမ္မတ ဟန်ကျန်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေးရှန်ကာကို ပြောကြားခဲ့သည်ဟု...
HomeNewsLocal Newsနိုင်ငံတော်သြဝါဒါစရိယ၊ အင်္ဂုတ္တိုရ်နိဿယကျမ်းပြုအကျော်ဆရာတော်ကြီး ပျံလွန်တော်မူ

နိုင်ငံတော်သြဝါဒါစရိယ၊ အင်္ဂုတ္တိုရ်နိဿယကျမ်းပြုအကျော်ဆရာတော်ကြီး ပျံလွန်တော်မူ

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ သာသနာ့ဂုဏ်ရည်ချမ်းသာကြီးကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်သြဝါဒါစရိယ၊ တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါစရိယအဖွဲ့ဥက္ကဋ္ဌ၊ အင်္ဂုတ္တိုရ်နိဿယကျမ်းပြုအကျော်ဆရာတော်ကြီး ဘဒ္ဒန္တပညိဿရာဘိဝံသ(အဘိဓဇမ ဟာရဋ္ဌဂုရု)သက်တော်(၉၀)နှစ်၊ ဝါတော်(၇၀) သည် ဖေဖော်ဝါရီ ၄ ရက်နံနက် ၁၀ နာရီ ၁၅ မိနစ်က ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။

ဆရာတော်ကြီးလောင်းလျာသည် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ သရက်ကန်ကျေးရွာ၌ ၁၂၉၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက်တွင်ဖွားမြင်တော်မူခဲ့ပြီး ခမည်းတော်မှာ ဦးပေါကူဖြစ်ကာ မယ်တော်မှာ ဒေါ်ဖွားမြူတို့ဖြစ်သည်။

၁၃ဝ၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်တွင် ရေဦးမြို့၊ ချမ်းသာကြီးပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စအား ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်ရောက်ရှိခဲ့ပြီး ၁၃၁၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၌ ရေဦးမြို့နယ်၊ ချမ်းသာကြီးပါဠိတက္ကသိုလ်ကျောင်းတိုက်၏ ခဏ္ဍသိမ်၌ ဆရာတော်ဘဒ္ဒန္တပဏ္ဍိစ္စကို ဥပဇ္ဈာယ်ပြုကာ ရဟန်းအဖြစ်ရောက်ရှိတော်မူခဲ့သည်။

ပရိယတ္တိစာပေများကို ရေဦးမြို့နယ်၊ ကွမ်းအုံကျေးရွာ၊ အောင်ဘုံကျောင်းဆရာတော်၊ ရေဦးမြို့၊ ချမ်းသာကြီးပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော်နှင့် စာချဆရာတော်များ၊ ပခုက္ကူမြို့၊ မဟာဝိသုတာရာမတိုက်ဆရာတော်နှင့် စာချဆရာတော်များ၊ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်ဆရာတော်နှင့်စာချဆရာတော်များ၊ ပခုက္ကူမြို့၊ မဟာဝိသုတာရာမတိုက်၊ ဈေးကျောင်းဆရာတော်၊ အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော်နှင့် စာချဆရာတော်များထံမှ သင်ယူ ဆည်းပူးတော်မူခဲ့သည်။

ဆရာတော်ကြီးသည် အစိုးရပထမပြန် စာမေးပွဲတွင် ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းတို့ကိုအောင်မြင်ခဲ့ပြီး သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့၊ သကျသီဟပရိယတ္တိသာသနဟိတဓမ္မာစရိယဘွဲ့၊ အဘိဓမ္မပါဠိပါရဂူဘွဲ့တို့ကိုလည်းအောင်မြင်တော်မူခဲ့သည်။

ထို့ပြင် ဆရာတော်ကြီးသည် သာသနာ့ဂုဏ်ရည်ချမ်းသာကြီးကျောင်းတိုက်၌ စာသင်သား ရဟန်း၊ သာမဏေများအား ပရိယတ္တိစာပေများကို သင်ကြားပို့ချပေးတော်မူခဲ့ပြီး အင်္ဂုတ္တိုရ်ပါဠိတော်(၁၁)ကျမ်း၏ အနက်အဓိပ္ပါယ် အကျယ်အဖွင့်ကျမ်း(၅)တွဲ၊ သုတ်မဟာဝါဋီကာ နိဿယ အဓိပ္ပါယ်အကျယ်အဖွင့်ကျမ်း(ပ၊ ဒု)တွဲတို့ကို ရေးသားပြုစုတော်မူခဲ့သည်။

ဆရာတော်ကြီးသည် တိပိဋက ပါဠိ-မြန်မာအဘိ ဓာန်ကျမ်းပြုအဖွဲ့ဝင်နှင့် အဖွဲ့ခေါင်းဆောင်၊ နိကာယ်စာမေးပွဲဥက္ကဋ္ဌ၊ နိကာယ်စာမေးပွဲ ပုစ္ဆက၊ ဝိသုဒ္ဓိမဂ်သင်တန်းနည်းပြတာဝန်၊ တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲဩဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာတေဇမုနိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ ရွှေမေတ္တာလူမှုကူညီရေးအသင်း၏ ဂုဏ်ထူးဆောင်နာယကတို့အဖြစ်ထမ်းဆောင်တော်မူခဲ့ကာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် နိုင်ငံတော်အစိုးရက “အဘိဓဇမဟာရဋ္ဌဂုရု”ဘွဲ့တံဆိပ်တော်မြတ် ဆက်ကပ်တော်မူခဲ့သည်။

ထိုသို့ သာသနာ့တာဝန်များ အားကြိုးမာန်တက်ထမ်းဆောင်တော်မူနေရာမှာ ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့ခြင်းမှာ သာသနာတော်အတွက်များစွာဆုံးရှုံးနစ်နာရပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို နေရာခွဲ၍စစ်ဆေးမည်

မန္တလေးတိုင်းရှိ ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တလေး)တို့ကို ဖြတ်သန်းသွားလာမည့် ၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို နေရာခွဲ၍စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေးအတွက် ယနေ့ ဇူလိုင် ၁၄ ရက်နံနက်ပိုင်းကပြုလုပ်သည့် စိစစ်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ မန္တလေးတိုင်းရှိ မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များမှတစ်ဆင့် တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိ၍ လုံခြုံရေးသတိ၊ လုံခြုံရေးအသိတို့ဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရမည်ဟု မှာကြားသည်။ ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တ လေး)ကိုဖြတ်သန်းသွားလာမည့်ကားများအားစိစစ်ရာတွင် ယာဉ်ကြောကြပ်တည်းခြင်းမဖြစ်ပေါ်စေရန်နှင့် ခရီးသွားပြည်သူများအခက်အခဲမရှိစေရန် ၁၅ တန်နှင့်အထက် ကုန်တင်ယာဉ်များအား အမရပူရမြို့နယ်ရှိ ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ်ရပ်နားစခန်း(စွယ်တော်ကားကွင်း)ရှိစစ်ဆေးရေးစခန်းနှင့် ၁၅...

ယခုတစ်ပတ်တွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူမရှိခဲ့

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)၏ ဇူလိုင် ၁၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ ယခုတစ်ပတ်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၆ ရက်ည ၈ နာရီမှ ဇူလိုင် ၁၃ ရက်ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ(၇၅၃)ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့သည်းအပြင် ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်(၁၉)ရောဂါဖြင့် ‌ေ-သဆုံးလူနာမရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)ရော ဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ(အသက်...

ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ်အဖြစ်တင်သွင်းသည့် မြန်မာနာနတ်သီးများအား အနောက်တောင်ပိုင်း၏ အဓိကမြို့ကြီးများသို့တင်ပို့ရောင်းချသွားမည်

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ် သွင်းကုန်အဖြစ်အာတင်သွင်းသည့် မြန်မာနာနတ် သီးများအား အနောက်တောင်ပိုင်း၏ အဓိကမြို့ကြီးများသို့တင်ပို့ရောင်းချသွားမည်ဟု ရွှေလီမြို့ရှိ ကုန်သွယ်ရေးကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးမှပြောကြားထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကအသိပေးခဲ့သည်။ မြန်မာနာနတ်သီးတန်ချိန်(၆ ဒသမ ၄)တန်အား ဝမ်တိန်နယ်စပ်ဂိတ်မှတစ်ဆင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် မြန်မာ့နာနတ်သီးများ တရုတ်နိုင်ငံသို့တင်ပို့ခွင့်ရရှိပြီးနောက် ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ်သွင်းကုန်အဖြစ်တင်သွင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ " ဒီတစ်ခါတင်သွင်းတဲ့ လတ်ဆတ်တဲ့နာနတ်သီးတွေဟာ မြန်မာနိုင်ငံရဲ့အရည်အသွေးမြင့်စိုက်ခင်းတွေကနေ ရောက်ရှိလာတာပါ။ ချိုမြိန်ပြီးအရည်ရွှမ်းသလို အရသာလည်းအလွန်ကောင်းမွန်ပါတယ်။ ဒီနာနတ်သီးတွေကို ဝမ်တိန်မြို့မှာအမျိုးအစားခွဲပြီး ကူမင်း၊ ချန်တူးစတဲ့ အနောက်တောင်ပိုင်းရဲ့အဓိကမြို့ကြီးတွေမှာ ရောင်းချသွားမှာပါ"ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071