Monday, September 7, 2026

အမျိုးသမီးမောင်းလာသည့် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ အမြန်လမ်းဘေးချောက်ထဲထိုးကျတိမ်းမှောက်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ အမျိုးသမီးတည်းမောင်းနှင်လာသည့် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု ယနေ့ စက်တင်ဘာ ၇ ရက်နေ့လယ် ၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအတိုင်း နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့...

မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေများ...

တာချီလိတ်၊ စက်တင်ဘာ ၇ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် ရေတားနံရံအချို့ ပြိုကျကာ မြို့ပေါ်ရပ်ကွက်များအတွင်း ရေများ အလုံးအရင်းဖြင့် ဝင်ရောက်လျက်ရှိကြောင်း...

မြန်မာနိုင်ငံမှ ထွက်ခွာသွားသည့် ယခင်စီးပွားရေးလုပ်ငန်းရှင်များ ပြန်လာရင်းနှီးမြှုပ်နှံရန်...

မြန်မာနိုင်ငံမှ ယခင်နှစ်များအတွင်း ထွက်ခွာသွားခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်၍ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်လိုသည့် လုပ်ငန်းရှင်အဖွဲ့များလည်း ရှိနေကြောင်း နိုင်ငံတော်သမ္မတရုံး...

မန္တလေးတိုင်းဒေသကြီး ဘန်ဒါကျေးရွာတွင် UNICEF Myanmar...

မန္တလေးတိုင်းဒေသကြီး ဘန်ဒါကျေးရွာတွင် UNICEF Myanmar က နေရောင်ခြည်စွမ်းအင်သုံး ရေပေးဝေရေးစနစ်သစ်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ရေပေးဝေရေးစနစ် ရရှိလာခြင်းသည် နေ့စဉ်ဘဝတွင် အရေးပါသော အ...
HomeNewsLocal Newsနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံဆိုင်ရာ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးမိသားစုများ၊ မြန်မာပညာသင်များအား တွေ့ဆုံဩဝါဒစကားပြောကြား

ဟနွိုင်း၊ စက်တင်ဘာ ၆

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ဟနွိုင်းမြို့ရှိ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ သွားရောက်ပြီး သံရုံးမိသားစုများနှင့် မြန်မာပညာသင်များအား တွေ့ဆုံခဲ့သည်။

နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင် မြန်မာသံရုံးသို့ ရောက်ရှိခဲ့ပြီး ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူးနှင့် သံရုံးတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ဗီယက်နမ်နိုင်ငံတွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာပညာသင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လိုအပ်သည်များကို မှာကြားကာ ဩဝါဒစကားပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတက သံရုံးနှင့် စစ်သံရုံးဝန်ထမ်းမိသားစုများ၊ မြန်မာပညာသင်များအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသမီးမောင်းလာသည့် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ အမြန်လမ်းဘေးချောက်ထဲထိုးကျတိမ်းမှောက်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ အမျိုးသမီးတည်းမောင်းနှင်လာသည့် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု ယနေ့ စက်တင်ဘာ ၇ ရက်နေ့လယ် ၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအတိုင်း နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ အမျိုးသမီးတစ်ဦးတည်းမောင်းနှင်လာသော အိမ်စီးကားသည် မိုင်တိုင်အမှတ် ၃၀/၆ နှင့် ၃၀/၅ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ခြမ်း ချောက်ထဲသို့ရောက်ရှိတိမ်း​မှောက်သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် ကားမောင်းသူအမျိုးသမီးတွင် ထိခိုက်ဒ-ဏ်ရာရမှုမရှိသော်လည်း အိမ်စီးကားမှာပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေများ ဝင်ရောက်

တာချီလိတ်၊ စက်တင်ဘာ ၇ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် ရေတားနံရံအချို့ ပြိုကျကာ မြို့ပေါ်ရပ်ကွက်များအတွင်း ရေများ အလုံးအရင်းဖြင့် ဝင်ရောက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာ ၇ ရက် နံနက်ပိုင်းအထိ ရရှိသည့် အချက်အလက်များအရ မကာအိုခမ်းရပ်ကွက်၊ အလူရာဟိုတယ်အနီးရှိ ရေတားနံရံ မီတာ ၂၀ ခန့် ပြိုကျပျက်စီးခဲ့သဖြင့် ချောင်းရေများ မြို့အတွင်းသို့ စီးဝင်နေခြင်း ဖြစ်သည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် မကာအိုခမ်း၊ ဆန်ဆိုင်း၊ တာလောနှင့် ပုန်ထွန်ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး သွားလာရေး...

မြန်မာနိုင်ငံမှ ထွက်ခွာသွားသည့် ယခင်စီးပွားရေးလုပ်ငန်းရှင်များ ပြန်လာရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေဟုဆို

မြန်မာနိုင်ငံမှ ယခင်နှစ်များအတွင်း ထွက်ခွာသွားခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်၍ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်လိုသည့် လုပ်ငန်းရှင်အဖွဲ့များလည်း ရှိနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာတိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) သွားရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားရာတွင် ဒေါက်တာခိုင်ခိုင်စိုးက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၆ ရက်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071