မန္တလေးတိုင်းဒေသကြီး ဘန်ဒါကျေးရွာတွင် UNICEF Myanmar က နေရောင်ခြည်စွမ်းအင်သုံး ရေပေးဝေရေးစနစ်သစ်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေပေးဝေရေးစနစ် ရရှိလာခြင်းသည် နေ့စဉ်ဘဝတွင် အရေးပါသော အ ပြောင်းအလဲတစ်ရပ် ဖြစ်လာခဲ့ပြီး သန့် ရှင်းသောရေ ရရှိသုံးစွဲနိုင်သည့်အပြင် မိသားစုအတွက် ကိုယ်ပိုင်သန့်စင်ခန်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများကိုလည်းဆောင်ရွက်ပေးခဲ့ကြောင်း ဆိုသည်။
WASH ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာခြင်းကြောင့် ကလေးများ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်နိုင်ခြင်း၊ ဘေးကင်းသော တစ်ကိုယ်ရေသန့် ရှင်းရေး အလေ့အထများကို ကျင့်သုံးနိုင်ခြင်းတို့အပြင် သန့်ရှင်းသောရေ ရရှိရေးအတွက် နေ့စဉ်ရင်ဆိုင်နေရသည့် အခက် အခဲများလည်း လျော့နည်းလာကြောင်း ဖော်ပြထားသည်။
UNICEF Myanmar ၏ ပံ့ပိုးကူညီမှုများမှတစ်ဆင့် ကလေးများနှင့် မိသားစုများအနေဖြင့် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဘဝတိုးတက်ရေးအတွက် လိုအပ်သည့် သန့်ရှင်းသောရေနှင့် မိလ္လာစနစ်ဆိုင်ရာ အခြေခံဝန်ဆောင်မှုများ ရရှိနိုင်ရေးကို အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။
