လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် နံနက်ပိုင်းက လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် လွန်ပရာဘန်မြို့သို့ ရောက်ရှိခဲ့သည်။
လွန်ပရာဘန်မြို့ရှိ လေဆိပ်သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့အား လွန်ပရာဘန်မြို့မှ တာဝန်ရှိသူများက လေဆိပ်တွင် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
