Monday, June 1, 2026

YBS ယာဉ်လိုင်းသစ်အဖြစ် ဒလ –...

ယနေ့ (ဇွန် ၁) ရက်မှ စတင်ကာ YBS ယာဉ်လိုင်းသစ်အဖြစ် ဒလ - တွံတေးကို ပြေးဆွဲပေးမည်ဟု သိရသည်။ ထိုသို့ပြေးဆွဲခြင်းသည် ရှေ့ပြေးစီမံချက်အဖြစ်၂၀၂၆...

စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များဆောင်ရွက်ရန် ဘယ်လာရုစ်နိုင်ငံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့...

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဗစ်တာ ဂနေဒီယာဗိချ် ခရမ်နင် (Lt...

ယနေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ယနေ့တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီဖြစ်သည်။ ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိသတ်မှတ်ခဲ့သည်။ ယခုအခါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊...

တိမ်ပင်လယ်အထက်က ဒဏ္ဍာရီတောင်တန်း — ဟွမ်ရှန်းတောင်၏...

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်ရှိ ဟွမ်ရှန်းတောင် (Mount Huangshan) သို့ ရောက်ရှိခဲ့သည့် အခိုက်အတန့်သည် ခရီးတစ်ခေါက်သာ မဟုတ်ဘဲ သဘာဝတရားနှင့် နှလုံးသားချင်း တွေ့ဆုံခွင့်ရသည့်...
HomeNewsLocal Newsနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်က လာရောက်ဂါရဝပြုတွေ့ဆုံ

နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာများကိုဆွေးနွေး

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် H.E. Mr. Ajit Doval က မေ ၃၁ ရက်တွင် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်တို့သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား ကဏ္ဍပေါင်းစုံ၌ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Shri Abhay Thakur နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

YBS ယာဉ်လိုင်းသစ်အဖြစ် ဒလ – တွံတေးကို ပြေးဆွဲပေးမည်

ယနေ့ (ဇွန် ၁) ရက်မှ စတင်ကာ YBS ယာဉ်လိုင်းသစ်အဖြစ် ဒလ - တွံတေးကို ပြေးဆွဲပေးမည်ဟု သိရသည်။ ထိုသို့ပြေးဆွဲခြင်းသည် ရှေ့ပြေးစီမံချက်အဖြစ်၂၀၂၆ ခုနှစ် ဇွန်လ (၁) ရက်နေ့မှ ဇွန်လ (၅) ရက်နေ့အထိစမ်းသပ်ပြေးဆွဲပေးသွားမည်ဖြစ်သည်။ ယင်းယာဉ်လိုင်းကို YBPC ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲသွားမည်ဖြစ်သည်။ ပြေးဆွဲပေးမည့် ဂိတ်ရင်းသည် တွံတေး (ရွှေဆံတော်ဘုရား) ဖြစ်ပြီးဒလ (ချယ်ရီသင်္ဘောဆိပ်) ထိ ဖြစ်ကာ စုစုပေါင်း မှတ်တိုင် (၁၄) ခုဖြင့်ပြေးဆွဲသွားမည် ဖြစ်သည်။ ကားခအနေဖြင့် ၈၀၀ ကျပ် ကျသင့်မည်ဖြစ်သည်။ ထို့ပြင်—ရဟန်းသံဃာတော်များအားအခမဲ့ စီးနင်းခွင့်ပြုသွားမည်ဖြစ်ကာ...

စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များဆောင်ရွက်ရန် ဘယ်လာရုစ်နိုင်ငံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဗစ်တာ ဂနေဒီယာဗိချ် ခရမ်နင် (Lt General Viktar Ganediavich Khrenin) ၏ နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနများအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ဆောင်ရွက်ရန် ဖိတ်ကြားချက်အရ မေ ၂၅ ရက်မှ ၃၀ ရက်အထိ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း လည်း သိရသည်။ ထို့နောက် ဘယ်လာရုစ်နိုင်ငံရှိ...

ယနေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ယနေ့တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီဖြစ်သည်။ ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိသတ်မှတ်ခဲ့သည်။ ယခုအခါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်လျက်ရှိသည်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံရာတွင် မူလတန်းအဆင့်အတွက် သင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ (၄) ချောင်းနှင့် ကျောင်းဝတ်စုံ (၁) စုံ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တို့တွင် သင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071