Monday, August 31, 2026

အာတိတ်ဒေသရှိ နေတိုး၏ စစ်ရေးလှုပ်ရှားမှုများ ရုရှားလုံခြုံရေးကို...

မော်စကို၊ ဩဂုတ် ၃၁ အာတိတ်ဒေသတွင် နေတိုးအဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာခြင်းသည် ရုရှားနိုင်ငံ၏ လုံခြုံရေးကို တို-က်ရို-က်ခြိမ်းခြောက်နေပြီး လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနိုင်သည့် အန္တရာယ်ကိုပါ မြင့်တက်စေကြောင်း...

နီပေါရေဘေးတွင် အမည်မဖော်ထုတ်နိုင်သေးသည့် သေဆုံးသူများကို စတင်မြှုပ်နှံ

ခတ္တမန္ဒူ နီပေါနိုင်ငံ ဟိမဝန္တာဒေသတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများအနက် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသူများကို ချစ်ဝမ်ခရိုင်ရှိ သတ်မှတ်နေရာများတွင် အာဏာပိုင်များက စတင်မြှုပ်နှံလျက်ရှိကြောင်း...

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်၊ စစ်ဘက်ခေါင်းဆောင်ပိုင်း...

ပြုံယမ်း၊ ဩဂုတ် ၃၁ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် နိုင်ငံ၏ အကြီးတန်းစစ်ဘက်ခေါင်းဆောင်ပိုင်းကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကင်ဆောင်ဂီ (Kim Song Gi) ကို ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ်...

လူနေမှုစရိတ်သက်သာရေးနှင့် ပြည်တွင်းစီးပွားရေးပံ့ပိုးမည့် အစီအမံသစ်များ မလေးရှားဝန်ကြီးချုပ်...

ကွာလာလမ်ပူ၊ ဩဂုတ် ၃၁ မလေးရှားနိုင်ငံတွင် လူနေမှုစရိတ်မြင့်တက်မှုကို သက်သာစေရန် လေ-ာင်စာဆီဝယ်ယူခွဲတမ်း တိုးမြှင့်ပေးခြင်း၊ ကျောင်းများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ရန်ပုံငွေတိုးမြှင့်ခြင်းတို့အပါအဝင် ပြည်တွင်းစီးပွားရေးကို ပံ့ပိုးမည့် အစီအမံသစ်များကို...
HomeNewsLocal Newsနိုင်ငံတော်သမ္မတ ပေးအပ်သည့် မာရဝိဇယပုံစံတူ...

နိုင်ငံတော်သမ္မတ ပေးအပ်သည့် မာရဝိဇယပုံစံတူ ဗုဒ္ဓရုပ်ပွားတော်မြတ်အား တူဗာပြည်နယ်အကြီးအကဲ ရိုသေစွာလက်ခံ

ကီဇီးလ်၊ ဩဂုတ် ၂၂ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗာပြည်နယ်သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တူဗာပြည်နယ်အကြီးအကဲ မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ် (Vladislav Khovalyg) တို့သည် ကီဇီးလ်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့အိမ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံနှင့် တူဗာပြည်နယ်အကြား ဘာသာရေးနှင့် ယဉ်ကျေးမှုကဏ္ဍအပါအဝင် ကဏ္ဍစုံတွင် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်သွားရေး ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တူဗာပြည်နယ်အကြီးအကဲအား နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပုံစံတူ စကျင်ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ် တစ်ဆူကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့ရာ တူဗာပြည်နယ်အကြီးအကဲက ရိုသေလေးစားစွာ လက်ခံခဲ့သည်။ တူဗာပြည်နယ်အကြီးအကဲကလည်း နိုင်ငံတော်သမ္မတအား ကီဇီးလ်မြို့ရှိ တိဗက်ဗုဒ္ဓဘာသာ ဗိသုကာဟန်ဖြင့် ခန့်ညားထည်ဝါစွာ တည်ဆောက်ထားသည့် သုဘတန်ရှီဒရပ်လင်း (Thubten Shedrub Ling) ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ပန်းချီကားကို အမှတ်တရလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံနှင့် တူဗာပြည်နယ်တို့တွင် ဗုဒ္ဓဘာသာဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်များ အသီးသီးတည်ရှိနေသည့်အတွက် ယခုကဲ့သို့ ဗုဒ္ဓဘာသာဆိုင်ရာ အထိမ်းအမှတ်လက်ဆောင်များ အပြန်အလှန်ပေးအပ်မှုသည် နှစ်ဖက်အကြား ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ်စေသည့် အမှတ်တရအစီအစဉ်တစ်ရပ် ဖြစ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာတိတ်ဒေသရှိ နေတိုး၏ စစ်ရေးလှုပ်ရှားမှုများ ရုရှားလုံခြုံရေးကို တို-က်ရို-က်ခြိမ်းခြောက်နေဟု လက်ဗရော့ဗ် ပြော

မော်စကို၊ ဩဂုတ် ၃၁ အာတိတ်ဒေသတွင် နေတိုးအဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာခြင်းသည် ရုရှားနိုင်ငံ၏ လုံခြုံရေးကို တို-က်ရို-က်ခြိမ်းခြောက်နေပြီး လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနိုင်သည့် အန္တရာယ်ကိုပါ မြင့်တက်စေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ဗရော့ဗ်က ပြောကြားသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၃၁ ရက်တွင် ထုတ်ဝေသည့် ဆောင်းပါးတစ်ပုဒ်၌ လက်ဗရော့ဗ်က ယင်းသို့ ရေးသားခဲ့ခြင်းဖြစ်ပြီး အာတိတ်ဒေသ၌ နေတိုး၏ စစ်ရေးတည်ရှိမှုနှင့် လေ့ကျင့်မှုများ တိုးမြှင့်လာခြင်းအပေါ် မော်စကို၏ စိုးရိမ်မှုကို ထပ်မံဖော်ပြခဲ့သည်။ နေတိုးသည် မြောက်ဘက်အစွန်ဆုံးဒေသတွင် စစ်ရေးတည်ရှိမှု အားကောင်းစေရန် Arctic Sentry အမည်ရှိ...

နီပေါရေဘေးတွင် အမည်မဖော်ထုတ်နိုင်သေးသည့် သေဆုံးသူများကို စတင်မြှုပ်နှံ

ခတ္တမန္ဒူ နီပေါနိုင်ငံ ဟိမဝန္တာဒေသတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများအနက် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသူများကို ချစ်ဝမ်ခရိုင်ရှိ သတ်မှတ်နေရာများတွင် အာဏာပိုင်များက စတင်မြှုပ်နှံလျက်ရှိကြောင်း သိရသည်။ ဗုဒ္ဓဟူးနေ့က ဘေးအန္တရာယ်အပြင်းအထန် ကြုံတွေ့ခဲ့ရသည့် ရာဆူဝါချိုင့်ဝှမ်းဒေသမှ ကီလိုမီတာ ၂၀၀ နီးပါးအကွာ ချစ်ဝမ်ခရိုင်၊ ဒက်ဗ်ဂတ်သစ်တောအတွင်း သေဆုံးသူများကို မြှုပ်နှံနိုင်ရန် မြေကျင်းရာပေါင်းများစွာ တူးဖော်ပြင်ဆင်ထားသည်။ အဆိုပါ သစ်တောလမ်းကြောင်းများသည် ယခင်က နံနက်ခင်းလမ်းလျှောက်သူများအကြား ရေပန်းစားသည့် နေရာတစ်ခုဖြစ်သော်လည်း လက်ရှိတွင် ရေစီးနှင့်အတူ မျောပါလာပြီး မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားအတည်ပြုရန် ခက်ခဲနေသည့်...

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်၊ စစ်ဘက်ခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ်

ပြုံယမ်း၊ ဩဂုတ် ၃၁ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် နိုင်ငံ၏ အကြီးတန်းစစ်ဘက်ခေါင်းဆောင်ပိုင်းကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကင်ဆောင်ဂီ (Kim Song Gi) ကို ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။ ယခင်က စစ်တပ်၏ နိုင်ငံရေးဗျူရိုညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကင်ဆောင်ဂီသည် လက်နက်ခဲယမ်းလုပ်ငန်းဌာန၌ အကြီးတန်းရာထူးတစ်ခုသို့ ပြောင်းရွှေ့တာဝန်ပေးခံရသည့် ယခင်ကာကွယ်ရေးဝန်ကြီး နိုကွမ်ချိုလ် (No Kwang Chol) ၏ နေရာတွင် အစားထိုးတာဝန်ယူခြင်းဖြစ်သည်။ ထို့ပြင် အတွေ့အကြုံရင့် စစ်ဘက်မဟာဗျူဟာပညာရှင် ပတ်ဂျုံချွန် (Pak Jong Chon)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071