သဘာဝဘေးပြန်လည်ထူထောင်ရေးကိစ္စရပ်များ ဆွေးနွေး
နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ( ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque တို့ ဩဂုတ် (၂၇)ရက်နေ့က နေပြည်တော် တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူညီပေးရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များ တိုးတက်ခိုင်မာအားကောင်းသည့် လှုမှုအသိုက်အဝန်းဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲကို နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၂) မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
