Tuesday, August 18, 2026

နိုဗိုရိုဆစ်စ်ဆိပ်ကမ်းအနီး ပင်လယ်နက်ထဲမှာ ဂရိရေနံတင်သင်္ဘောတစ်စီး ယူကရိန်းဒရုန်းနဲ့...

ဩဂုတ်လ ၁၆ ရက်နေ့က နိုဗိုရိုဆစ်စ်(Novorossiysk) ဆိပ်ကမ်းမှာ ရေနံတွေတင်အပြီး ပင်လယ်နက်ထဲအရောက်မှာ Skiros လို့ခေါ်တဲ့ ဂရိရေနံတင်သင်္ဘောကို ယူကရိန်းဒရုန်းတစ်စင်းက ဝင်တို-က်ခိုက်သွားတယ်လို့ ဂရိရုပ်သံလိုင်း...

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း...

​ပြီးခဲ့တဲ့အပတ်က သူထုတ်ပြောခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့် အကြံအစည်ကို သူပိုပြီး သဘောကျလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာ "အမေရိကန်ပိုင်နက်"...

စစ်ကိုင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုဖြစ်စဥ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးဝန်ထမ်းများက သြဂုတ် ၁၇ ရက်တွင်...

ပျ-က်စီးခဲ့သောမိုးသီးနှံစိုက်ဧကများပြန်လည်ဖြစ်ထွန်းအောင်မြင်ရန် တိုင်းအစိုးရအဖွဲ့က ပူးပေါင်းဆောင်ရွက်ပေးမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ပြော

စစ်ကိုင်းတိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ မိုးသီးနှံစိုက်ဧကအ များအပြားပျ-က်စီးခဲ့သဖြင့် ယင်း ထိခိုက်မှုများအပေါ် လိုအပ်ချက်များပြန်လည်ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဝန်ကြီးချုပ် ဦးကိုလေး ဦးဆောင်ကာ သြဂုတ် ၁၇...
HomeNewsLocal Newsနိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဒီဇယ်ဆီ HSD...

နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဒီဇယ်ဆီ HSD (500ppm) အပေါ် ကျသင့်သည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုရေးကို ပြည်ထောင်စုလွှတ်တော်ကအတည်ပြုခဲ့

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၉ ရက်နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဒီဇယ်ဆီ HSD (500ppm) အပေါ် ကျသင့်သည့်အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုရေးကို ဝန်းသိုမဲဆန္ဒနယ်မှ ဦးစိုးပိုင်၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေတို့ကဆွေးနွေးရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဟန်ဝင်းအောင်က ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

“လက်ရှိအခြေအနေမှာ နိုင်ငံတော်အစိုးရအနေနဲ့ စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ အဓိကအသုံးပြုရတဲ့ ဒီဇယ်ဆီ HSD (500 ppm) ဈေးနှုန်းတည်ငြိမ်စေဖို့ ကုန်ကျစရိတ်လျှော့ချနိုင်ဖို့နဲ့ အခြေခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝအဆင်ပြေချောမွေ့စေဖို့ကို အဓိကဦးတည်ပြီး ဒီဇယ်ဆီ HSD (500 ppm) ကို ကင်းလွတ်ခွင့်ပေးခြင်းဖြစ်ပါတယ်” ဟု ဒု-ဝန် ကြီး ဦးဟန်ဝင်းအောင်က ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် အရှေ့အလယ်ပိုင်းဒေသပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းအခြေအနေ၊ ပြည်တွင်းဒီဇယ်ဆီဈေးနှုန်းနှင့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းအခြေအနေ၊ အခြားဒေသတွင်းနိုင်ငံများ၏ တုံ့ပြန်ဆောင်ရွက်မှုအခြေအနေများကို လစဉ်စိစစ်သုံးသပ်လျက်ရှိပြီး လိုအပ်ပါက ဒီဇယ်ဆီ HSD (500 ppm) အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ထပ်မံကင်းလွတ်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်သို့တင်ပြဆောင်ရွက်သွားမည်ဟု ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဒီဇယ်ဆီ HSD (500 ppm) အပေါ် ၂၀၂၆ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၃၇ နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးရန် ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဒီဇယ် ဆီ HSD (500ppm) အပေါ် ကျသင့်သည့်အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုနိုင်ရေးကို စက်ခလုတ်အသုံးပြု၍ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၄၉၇) မဲ၊ ကန့်ကွက်မဲ (၁၀) မဲ၊ ကြားနေမဲ (၇) မဲရရှိရာ ထောက်ခံမဲများသဖြင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုဗိုရိုဆစ်စ်ဆိပ်ကမ်းအနီး ပင်လယ်နက်ထဲမှာ ဂရိရေနံတင်သင်္ဘောတစ်စီး ယူကရိန်းဒရုန်းနဲ့ တို-က်ခိုက်ခံရ

ဩဂုတ်လ ၁၆ ရက်နေ့က နိုဗိုရိုဆစ်စ်(Novorossiysk) ဆိပ်ကမ်းမှာ ရေနံတွေတင်အပြီး ပင်လယ်နက်ထဲအရောက်မှာ Skiros လို့ခေါ်တဲ့ ဂရိရေနံတင်သင်္ဘောကို ယူကရိန်းဒရုန်းတစ်စင်းက ဝင်တို-က်ခိုက်သွားတယ်လို့ ဂရိရုပ်သံလိုင်း Skai က ကြေညာသွားပါတယ်။ အဲဒီရုပ်သံလိုင်းက ထုတ်ပြန်လိုက်တဲ့ တို-က်ခိုက်မှုဗီဒီယိုထဲမှာဆိုရင် ဒရုန်းတစ်စင်းက ပင်လယ်ပြင်ပေါ်မှာ ကင်းထောက်ပျံသန်းနေပြီးနောက် ဂရိရေနံသင်္ဘောရဲ့ ကုန်းပတ်တံတားကို ဝင်တိုက်သွားတာ မြင်ရပါတယ်။ အတို-က်ခံရပြီးတာနဲ့ ချက်ချင်းပဲ မီးလေ-ာင်သွားတာပါ။ သင်္ဘောသားတွေ ထိခိုက်ဒ-ဏ်ရာရတာ ရှိ၊ မရှိကိုတော့ သေချာမသိရသေးဘူးလို့ ရုပ်သံလိုင်းက ဆိုပါတယ်။ အခုတို-က်ခိုက်မှုကို ယူကရိန်းအာဏာပိုင်တွေရဲ့ ဒရုန်းနဲ့ လုပ်ဆောင်ခဲ့တာလို့ ယုံကြည်ရပါတယ်။...

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း ထရမ့်ပြော

​ပြီးခဲ့တဲ့အပတ်က သူထုတ်ပြောခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့် အကြံအစည်ကို သူပိုပြီး သဘောကျလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာ "အမေရိကန်ပိုင်နက်" အဖြစ် ကြေညာမယ်ဆိုတဲ့ သူ့ရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ရှင်းပြပေးဖို့ သတင်းထောက်တွေက တောင်းဆိုတဲ့အခါမှာတော့ "ဒါက တကယ့်ကို ကောင်းတဲ့အကြံပဲလို့ ကျွန်တော်ထင်တယ်" လို့ သူက ပြန်ဖြေခဲ့ပါတယ်။ "ကျွန်တော်တို့က ပိတ်ဆို့မှုတွေနဲ့ အဲဒီနေရာကို ထိန်းချုပ်ထားတာလေ။ အဲဒါကို ကိုယ့်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို ကျွန်တော်သဘောကျတယ်။ ရေလက်ကြားတစ်ခုလုံးက ကျွန်တော်တို့ရဲ့ အပြည့်အဝ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ"...

စစ်ကိုင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုဖြစ်စဥ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးဝန်ထမ်းများက သြဂုတ် ၁၇ ရက်တွင် စစ်ကိုင်းမြို့ နယ်အတွင်း ရေကြီးရေလျှံစဥ် အိမ်ခြေ(၁၈၄)အိမ်ရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်း(၄၈)တွင်းအား ရေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်ရေးနှင့် သောက်သုံးရေသန့်ရှင်းစိတ်ချရမှုရှိစေရေးအတွက် ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ရေသန့်ဆေးပြားများဝေခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကူးစက်ရောဂါနှင့် မြွေအန္တရာယ်အကြောင်းတို့ကိုလည်း ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071