နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ(မိသားစု)က မြန်မာ-ရိုမန် အက္ခရာနှစ်မျိုးဖြင့်ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကသုံးပုံပါဠိတော် ကျမ်းစာအုပ်များအား ဆက်တိုက်လှူဒါန်းမှုများပြုလုပ်လျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ သြဂုတ် ၂၅ ရက်ကလည်း ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြိုရှိ Wat Langka ကျောင်းတိုက်သို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ကိုယ်စား) ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီးဦးကျော်စိုးမင်းနှင့် ဇနီးတို့က ကျောင်းတိုက်ဆရာတော်နှင့် သံဃာ့လွှတ်တော် ဒု-နာယကဆရာ တော်ကြီး ဆမ်ဒက်ပရယ်ဓမ္မလက္ခိတ ပဏ္ဍိတ ဒေါက်တာ စဝ်ချန်သောထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
