Friday, September 18, 2026

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်...

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင်...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ...

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ...
HomeNewsLocal Newsနိုင်ငံတော်ကိုပြိုကွဲပျက်စီးစေမည့် အဖျက်လုပ် ရပ်များစွာရှိနေခြင်းမှာ...

နိုင်ငံတော်ကိုပြိုကွဲပျက်စီးစေမည့် အဖျက်လုပ် ရပ်များစွာရှိနေခြင်းမှာ နိုင်ငံတော်အတွက်အ လွန်အန္တရာယ်ကြီးမား

ချင်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝှမ်း၌ နိုင်ငံ တော်ကိုပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာရှိနေခြင်းမှာ နိုင်ငံတော်အတွက်အလွန်အန္တရာယ်ကြီးမားလှသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့၍ ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စုဖွားတိုင်းရင်းသားညီ အစ်ကိုမောင်နှမများကြား နှစ်ထောင်ပေါင်းများစွာဖြစ်တည်လာခဲ့သည့် သံယောဇဉ်တရားနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ဖြိုခွဲဖျက်ဆီးလျက်ရှိသည့် ပြည်တွင်းပြည်ပအဖျက်အင်အားစုတို့၏ အချင်းချင်းမုန်းတီးစေရန် သွေးခွဲရန်တိုက်ပေးမှုများ၊ ကျဉ်းမြောင်းသော လူမျိုးရေးအယူဝါဒသွတ်သွင်းနေမှုများကို အထူးသတိပြုကာကွယ်ကြရန်လိုအပ်သည်ဟု ပြောသည်။

ထို့ပြင် နိုင်ငံတော်နှင့် ပြည်သူတို့အပေါ် သဘောထားမမှန်ကန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့မှလည်း ဖြစ်ပေါ်လာသော မတည်ငြိမ်မှုကိုအခွင့်ကောင်းယူ၍ တည်ငြိမ်အေးချမ်းနေသောဒေသများကို အကြမ်းဖက်တိုက် ခိုက်ဖျက်ဆီးခဲ့ကြသဖြင့် ချင်းပြည်နယ်အပါအ ဝင် ဒေသအသီးသီး၌ အပြစ်မဲ့ပြည်သူများ၏ အ သက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများသာမက ပြည် သူပိုင်အဆောက်အဦများစွာပျက်စီးဆုံးရှုံးကာ ဆင်းရဲဒုက္ခကြုံတွေ့နေရသည်ဟု ပြောသည်။

” လက်နက်ကိုင်အကြမ်းဖက်မှုတွေရဲ့ဆိုးကျိုးကို လက်တွေ့ခံစားနေရတာက ဒေသခံတိုင်းရင်း သားပြည်သူတွေဘဲဖြစ်ပါတယ်။ ထိခိုက်ဆုံးရှုံးမှုမှန်သမျှဟာလည်း နိုင်ငံတော်ရဲ့ အရင်းအမြစ်နဲ့ အခြေခံအဆောက်အဦတွေဘဲဖြစ်ပါတယ်။ တိုး တက်ဖွံ့ဖြိုးမှုအရှိန်အဟုန်ရရှိနေတဲ့အခြေအနေမှာ အခုလို မဆင်မခြင်လုပ်ရပ်တွေကြောင့် ပျက် စီးဆုံးရှုံးရခြင်းဟာ နိုင်ငံရဲ့အင်အားကိုလျော့ပါးစေပြီး မူလအခြေအနေပြန်ရောက်အောင် အကုန် အကျများစွာနဲ့ အချိန်ယူတည်ဆောက်ကြရမှာဖြစ်ပါတယ်။ နစက အနေနဲ့ဖြစ်ပွားနေတဲ့ လက် နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းဖို့ NCA ပါသ ဘောတူညီချက်တွေအတိုင်း ဦးတည်အကောင် အထည်ဖော်ဆောင်ရွက်သွားမှာပါ”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ကြောင့် နိုင်ငံနှင့် ပြည်သူအတွက် ဆိုးကျိုးများကိုဖြစ်ပေါ်စေသည့် ဆူပူအကြမ်းဖက်တိုက် ခိုက်မှုများပပျောက်ပြီး တည်ငြိမ်အေးချမ်းမှုရရှိစေရန် ချင်းတိုင်းရင်းသားများအပါအဝင် တိုင်း ရင်းသားပြည်သူများမှ အားလုံးပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက်အရေးပါ၍ လက်နက် ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူလက်တွဲကြိုးပမ်းဖော်ဆောင်ကြရန်လည်း နစက ဥက္ကဋ္ဌက မေတ္တာ ရပ်ခံတိုက်တွန်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ဆွေးနွေး

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည် တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ လိယွမ် နိုင်ငံ တော်ဧည့်ဂေဟာ၌တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ချစ်ကြည် ရေးခရီးရောက်ရှိစဉ် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့မှုများနှင့် သဘောတူစာချုပ်များလက်မှတ်ရေးထိုးခဲ့မှုတို့အပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်မှ စီမံ ကိန်းများအကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား အွန်လိုင်းလိမ်လည်မှုအ ပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးလုပ် ငန်းများနှင့်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ် လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင် (၂၈)ဦးကို မဟာအောင်မြေမြို့နယ်၌ဖမ်းမိ

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်ရှိ နေအိမ်တစ်လုံးအ တွင်းမှ Online အသုံးပြု၍ ကျောက်မျက်ရတနာများအားလိမ်လည်ရောင်းချလျက်ရှိသော တရုတ်နိုင်ငံသား Mr.Chen Xiao Dai(ချိန်ရှောင်းတိုက်)ဦးဆောင်သည့် တရုတ်နိုင်ငံသား(၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၄)ဦး၊ မလေးရှားနိုင်ငံသား(၁)ဦး၊ မြန်မာနိုင်ငံသား(၁၃)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာလ ၃ ရက်တွင်လည်း မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်ရှိ "မက်ဒါလီနမွန်(Magdalenamoom)ကျောက်မျက်ရတနာရောင်း ဝယ်ရေး"နေအိမ်မှ အင်ခွန်ခါးတောမ်ပါ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမိုးရွာသွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည်ဟုလည်း အ သိပေးခဲ့သည်။ ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်းလည်း မိုးဇလကအသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071