Monday, December 15, 2025

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ...

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး...

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀...

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို...

ပြည်သူများအနေဖြင့် သက်ဆိုင်ရာကို သတင်းပေးကာ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို ပြတ်ပြတ်သားသားနှိမ်နင်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့်...
HomeNewsLocal Newsနိုင်ငံတည်ငြိမ်ဖွံ့ဖြိုးရေးသို့ ရောက်ရှိစေရန် နိုင်ငံ၏...

နိုင်ငံတည်ငြိမ်ဖွံ့ဖြိုးရေးသို့ ရောက်ရှိစေရန် နိုင်ငံ၏ လက်ငင်းနိုင်ငံရေးထွက်ပေါက်မှာ ၂ဝ၂၃ ခုနှစ် ရွေးကောက်ပွဲဖြစ်ဟု NDF ပါတီထုတ်ပြန်

နိုင်ငံရေးစီးပွားရေး၊ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒများ၊လုပ်ငန်းစဥ်သဘောထားများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

NDF ပါတီ၏ နိုင်ငံရေးစီးပွားရေး၊ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒများမှာ ပါတီစုံဒီမိုကရေစီစနစ်ကိုအ ခြေခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်ပေါ်ရေး၊ရောပြွန်းဈေးကွက်စီးပွားရေးသ ဘောအရ အစိုးရ-ပုဂ္ဂလိက ယှဉ်တွဲဆောင်ရွက်သော နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးနိုင်ငံရေး၊သဘောထားကွဲမှုများကိုစဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးအ ဖြေရှာမှုများမှတဆင့်ထာဝရငြိမ်းချမ်းရေးရရှိရေးတို့ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ရေးသားထား သည်။

ထို့ကြောင့် NDF ပါတီ၏ လုပ်ငန်းစဉ်သဘောထားများအရ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ် ပေါက်ရေးအတွက် နိုင်ငံသားအားလုံးနှင့်သက် ဆိုင်သော ဒီမိုကရေစီလွတ်လပ်ခွင့်များ၊တိုင်းရင်း သားလူမျိုးများ၏ဥပဒေအရ ရပိုင်ခွင့်အခြေခံမှု များရရှိစေရေးအတွက် နိုင်ငံရေးနယ်ပယ်နှင့်လွှတ်တော်နယ်ပယ်များတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်သွားမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

စိုက်ပျိုးရေးအဓိကနိုင်ငံဖြစ်၍ နိုင်ငံ၏လူများစု တောင်သူလယ်သမားလူတန်းစားဖွံ့ဖြိုးတိုးတက်ရေးအား ပါတီ၏အဓိကမူဝါဒတစ်ရပ်အဖြစ်ခံယူ ၍ လက်တွေ့ကူညီဆောင်ရွက်သွားမည့်အပြင် အ ခြားစီးပွားရေးအခွင့်အလမ်းများရရှိရေးကိုလည်း လူများစုကောင်းစားရေးအတွက် ရှေ့ရှုဆောင် ရွက်သွားမည်ဟု ထုတ်ပြန်ချက်၌ရေးသားထား သည်။

ပါတီကြီးဝါဒ၊လူမျိုးကြီးဝါဒကင်းရှင်းစွာ ဒေသခံလူမျိုးများ၏ ယုံကြည်ကိုးစားမှုရှိသူများသာ ဦး ဆောင်သည့် နိုင်ငံရေး၊စည်းရုံးရေးနှင့်လွတ်တော်ရေးရာကိစ္စတို့အား လှုပ်ရှားဆောင်ရွက်စေရမည်ဟုရေးသားထားသည်။

ထို့ပြင် ဒေသအလိုက် နိုင်ငံရေး၊စီးပွရေး၊လူမှုရေးလိုအပ်ချက်များကို လွှတ်တော်တွင်း၊လွှတ်တော်ပြင်ပ၌ ဒေသသားများဦးဆောင်အကောင်အ ထည်ဖော်နိုင်ရေးကို အလေးပေးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ရေးသားထားသည်။

နိုင်ငံသားပြည်သူအားလုံးသည် ဒီမိုကရေစီလွတ် လပ်ခွင့်များကို ဥပဒေနှင့်အညီရရှိခံစားစေရမည်ဖြစ်ရာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်တန်းတူညီမျှပြည်ထောင်စုသားတို့၏ ဘဝများအဖြစ်ရောက်ရှိခံစားစေရမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ပြည်နယ်နှင့်တိုင်းတို့တွင် အုပ်ချုပ်ရေးအာဏာ၊တရားစီရင်ရေးအာဏာနှင့်ဥပဒေပြုရေးအာဏာတို့ကို အခြေခံဥပဒေပါအတိုင်း ခွဲဝေကျင့် သုံးခွင့်ရှိစေရန် အကောင်အထည်ဖော်နိုင်ရေးကို အလေးထားဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ရေးသားထားသည်။

ငြိမ်းချမ်းတည်ငြိမ်ရေးနှင့်နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးသည် နိုင်ငံ၏အဓိကလိုအပ်ချက်ကြီးများဖြစ်၍ တည်ငြိမ်ဖွံ့ဖြိုးရေးသို့ရောက်ရှိရန် နိုင်ငံ၏လက်ငင်းနိုင်ငံရေးထွက်ပေါက်မှာ ၂ဝ၂၃ ခုနှစ် ရွေးကောက်ပွဲဖြစ်သည်ဟု NDF ပါတီမှခံယူသည်ဟု ရေးသားထားသည်။

ပြည်သူများ၊နိုင်ငံရေးပါတီများပါဝင်သော PR စ နစ်ကိုအသုံးပြုသည့် ရွေးကောက်ပွဲကြီးဖြစ်လာစေရန် ပြည်သူလူထုသို့ နိုင်ငံရေးအသိနှင့်နိုင်ငံ ရေးသတိရှိစေရန် ကြိုးပမ်းစည်းရုံးသွားမည်ဟု NDF ပါတီ၏ ထုတ်ပြန်ချက်၌ရေးသားထား သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ မေတ္တာရပ်ခံ

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့‌ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ပြုလုပ်သည့်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးအရအနေနဲ့ကတော့ နိုင်ငံခြားသားတွေကို သူတို့နိုင်ငံတွေရဲ့အစိုးရတွေက လာမခေါ်မချင်း လူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ ဒီတာဝန်ဟာ တော်တော်ကြီးလေးတဲ့တာဝန်ဖြစ်ပါတယ်။ သူတို့အတွက်တနေ့တာ လိုအပ်တဲ့အစားအစာအပြင် သောက်ရေ၊ သုံးရေ၊ ဝတ်စရာ၊...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်ချေမှုန်းသွားမှာပါ။ မြဝတီဒေသမှာမှမဟုတ်ဘူး မြန်မာနိုင်ငံရဲ့ ဘယ်နေရာဒေသမှာမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို ပြင်းပြင်းထန်ထန် အမြစ်ပြတ်ချေမှုန်းသွားမယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်၍ နှစ်နိုင်ငံဆက်သွယ်ဆက်ဆံရေးမှာ ရှေးနှစ်ပေါင်းများစွာကပင်ရှိခဲ့သဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး ၎င်းတို့နှင့်ပတ်သက်မှုမရှိကြောင်းကိုပြသလိုသောလုပ်ကွက်ဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "မင်းလက်ပံကိစ္စက KNU အနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို သူတို့ကျူးလွန်ပြီးနောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ သူတို့မပတ်သက်ပါဘူးဆိုတာကို ပြချင်တဲ့လုပ်ကွက်တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်အောင်ချေမှုန်းနေတဲ့အပေါ်မှာ အာရုံပြောင်းဖို့အတွက်ဖြစ်ပါတယ်။ သူတို့တွေဟာ တစ်ချို့နေရာတွေမှာ ဟန်ပြသိမ်းပိုက်ပြီး သူတို့ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့အကြောင်းကို လူမသိအောင်လုပ်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071