Monday, April 20, 2026

ပဲခူး ဆင်ဖြူကွင်းအမှိုက်ပုံမီးလေ-ာင်မှုကို အချိန်နှစ်နာရီခွဲကျော်ကြာငြှိမ်းသ-တ်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဆင်ဖြူကွင်းအမှိုက်ပုံ၌ ယနေ့ ဧပြီ ၁၉ ရက်နေ့လည် ၁ နာရီကမီးလေ-ာင်မှုဖြစ်ပွားရာ ပဲခူးတိုင်းမီးသ-တ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၃...

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ...

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

          အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။         မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ...

အနာဂတ်စီးပွားရေးဆက်ဆံရေးအတွက် အမေရိကနှင့် စကားပြောဖို့ အချိန်ကျပြီ–လက်ဗရော့ဗ်

       ရုရှားနှင့် အနာဂတ်စီးပွားရေးဆက်ဆံရေးကို ဝါရှင်တန်ဘက်က မည်သို့အမြင်သဘောထားရှိသည်နှင့်ပတ်သက်၍ အမေရိကနှင့် ဆွေးနွေးရန် အချိန်ကျရောက်ပြီဟု တုကီ‌ယေးနိုင်ငံ အန်တာလီယာမြို့တွင် ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်က...
HomeNewsLocal Newsနိုင်ငံတကာ သင်္ချာအိုလံပစ်ပြိုင်ပွဲတွင် မြန်မာကျောင်းသားနှစ်ဦး...

နိုင်ငံတကာ သင်္ချာအိုလံပစ်ပြိုင်ပွဲတွင် မြန်မာကျောင်းသားနှစ်ဦး ဂုဏ်ပြုလက်မှတ်ရရှိခဲ့

ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သည့် (၆၄) ကြိမ်မြောက် နိုင်ငံတကာသင်္ချာ အိုလံပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူ (၂)ဦး ဂုဏ်ပြုလက်မှတ် (Honorable Mention) ရရှိခဲ့ကြကြောင်း သိရသည်။

ဂျပန်နိုင်ငံ Chiba တွင်ကျင်းပသော (၆၄) ကြိမ်မြောက် IMO 2023 ပြိုင်ပွဲတွင် မောင်စိုးသွေးကိုသည် Honorable Mention ဆုရရှိပြီး မြန်မာအသင်းအတွက် အမှတ်အများဆုံးရရှိခဲ့ကြောင်း သိရသည်။

၎င်းနှင့်အတူ မဆုဝတ်ရည်သည်လည်း အမှတ်အများဆုံးရရှိခဲ့ပြီး ၎င်းတိုနှစ်ဦးသည် အဆင့် (၈၈)ဖြင့် ဂုဏ်ပြုဆုလက်မှတ် ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြိုင်ပွဲကို ဂျပန်နိုင်ငံတွင် ဇူလိုင်လ(၂) ရက်မှ(၁၃) ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဂုဏ်ပြုဆုလက်မှတ်ရရှိခဲ့သည့် ၎င်းတို့နှစ်ဦးသည် အင်္ဂလန်နိုင်ငံတွင် ကျင်းပမည့် (၆၅) ကြိမ်မြောက် IMO 2024 ၊ ဩစတေးလျနိုင်ငံတွင် ကျင်းပမည့် (၆၆)ကြိမ်မြောက် lMO 2025 တို့တွင်လည်း ထပ်မံယှဉ်ပြိုင်ရန် အခွင့်အရေးများရှိနေသေးကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် တရုတ်နိုင်ငံက အမှတ်ပေါင်း (၂၄၀)မှတ်ဖြင့် အဆင့်(၁) အမေရိကန်က (၂၂၂)မှတ်ဖြင့် အဆင့်(၂) ရ ရှိခဲ့ပြီး ထိပ်ဆုံး (၁၀) နိုင်ငံစာရင်းဝင်ကြသည့် နိုင်ငံများမှာ တောင်ကိုရီးယား၊ ရိုမေးနီးယား၊ ကနေဒါ၊ ဂျပန်၊ ဗီယက်နမ်၊ တူရကီ၊ အိန္ဒိယနှင့် ထိုင်ဝမ်နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။

အရှေ့တောင်အာရှ နိုင်ငံများထဲတွင် ဗီယက်နမ်က အဆင့်(၇)နှင့် ထိပ်ဆုံးတွင် ရှိနေပြီး စင်္ကာပူက အဆင့် (၁၂)၊ ထိုင်းက အဆင့်(၁၉)၊ ဖိလစ်ပိုင်က (၂၆)၊ အင်ဒိုနီးရှား (၃၉)၊ မလေးရှား (၄၄) တို့ဖြစ်ပြီး စုစုပေါင်း နိုင်ငံပေါင်း (၁၁၂) နိုင်ငံ ပါဝင်ကြောင်း သိရသည်။

International Mathematical Olympiad (IMO) ဆိုသည်မှာ တက္ကသိုလ် မတက်ရသေးသည့် ကျောင်းသားများ တစ်နည်းအားဖြင့် အထက်တန်းကျောင်းသားများအတွက် ကျင်းပပေးသည့် နိုင်ငံတကာ သင်္ချာပြိုင်ပွဲတစ်ခုဖြစ်ပြီး ကမ္ဘာ့ပထမဆုံး နိုင်ငံတကာသိပ္ပံဆိုင်ရာ အိုလံပစ်ပြိုင်ပွဲလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူး ဆင်ဖြူကွင်းအမှိုက်ပုံမီးလေ-ာင်မှုကို အချိန်နှစ်နာရီခွဲကျော်ကြာငြှိမ်းသ-တ်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဆင်ဖြူကွင်းအမှိုက်ပုံ၌ ယနေ့ ဧပြီ ၁၉ ရက်နေ့လည် ၁ နာရီကမီးလေ-ာင်မှုဖြစ်ပွားရာ ပဲခူးတိုင်းမီးသ-တ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၃ နာ ရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသပေးခြင်း၊ သွားတုအံကပ်တပ်ဆင်ပေးခြင်း၊ အခမဲ့မျက်စိကုသပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး‌စောင့်ရှောက်မှုပေးခြင်းများပြုလုပ်ပေးရာ မကွေး တိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုမှကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေသော ဘိုး/ဘွားများအားတွေ့ဆုံပြီး အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။ မကွေးတိုင်းအတွင်းရှိ ဘိုး/ဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့် အမြင်အာရုံပြန်လည်ကောင်းမွန်လာပြီး အစားအစာများကိုကောင်းမွန်စွာစားသောက်နိုင်ခြင်းကြောင့် ကျန်းမာကြံ့ခိုင်သောလူမှုဘဝကိုပိုင်ဆိုင်နိုင်စေမည်ဖြစ်ကြောင်း သိရသည်။

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

          အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။         မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ ပက်ထရိုနာ့စ်သည် ပြည်တွင်းသုံးစွဲမှုအတွက် လုံလောက်စွာဖြည့်ဆည်းပေးနိုင်စေရန်နှင့် ရေနံဝယ်ယူရန် ရုရှားနှင့် ညှိနှိုင်းရန်အသင့်ဖြစ်နေကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က စနေနေ့တွင် ပြောကြားခဲ့သည်ဟု သယ်စတား သတင်းစာက ဖော်ပြခဲ့သည်။         ယခင်က ရုရှားကို ပိတ်ဆို့အရေးယူခဲ့သော ဥရောပနှင့် အမေရိကနိုင်ငံများစွာသည်ပင် ယခုအခါ ရုရှားရေနံကို ဝယ်ယူနိုင်ရေး ယှဉ်ပြိုင်နေကြကြောင်း အန်ဝါက ထောက်ပြခဲ့သည်။        ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071