နိုင်ငံတကာ အွန်လိုင်းလိမ်လည်မှုတို-က်ဖျ-က်ရေး ပူး ပေါင်းအဖွဲ့ (International Alliance for Combating Telecom and Cyber Fraud)ဖွဲ့စည်းခြင်းကို ယနေ့ စက်တင် ဘာ ၁၀ ရက်တွင် တရုတ်နိုင်ငံ၊ Jiangsu ပြည်နယ်၊ Lianyungang မြို့၌ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ သိရသည်။
တရုတ်၊ ဗီယက်နမ်၊ လာအို၊ ကင်ညာ၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ ရုရှားနိုင်ငံတို့အပါအဝင် ပူးပေါင်းအဖွဲ့ စ တင်ဖွဲ့စည်းရန်အဆိုပြုခဲ့သည့် နိုင်ငံများနှင့် တည် ထောင်သူနိုင်ငံများမှ ကိုယ်စားလှယ်များက မိန့်ခွန်းနှင့် အမှာစကားများပြောကြားခဲ့ကြပြီး INTERPOL ကိုယ်စားလှယ်က ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံတကာအွန်လိုင်းလိမ်လည်မှုတို-က်ဖျ-က်ရေးပူးပေါင်းအဖွဲ့အား ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံနှင့် ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုအစီအမံတို့ကို နက်ရှိုင်းစွာအကောင်အထည်ဖော်ရန်ရည်ရွယ်၍ တရုတ်နိုင်ငံအစိုးရက စတင်အဆိုပြုဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။
ယင်း အဖွဲ့သည် နိုင်ငံအသီးသီး၏ ဥပဒေစိုးမိုးရေးဌာနများကျယ်ပြန့်စွာပါဝင်နိုင်သည့် နိုင်ငံဖြတ်ကျော်အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုနှင့် ဆက်စပ်သည့် ပြစ်မှုများကိုထိရောက်စွာတုံ့ပြန်ကိုင်တွယ်ခြင်းကို အဓိကတာဝန်အဖြစ်ဆောင်ရွက်သွားမည်ဖြစ်ကာ လုပ်ဆောင်နိုင်စွမ်းနှင့် ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းအတိုင်းအတာတစ်ရပ်ရှိပြီး ကျွမ်းကျင်မှုရှိသောအစိုးရအချင်းချင်း နိုင်ငံတကာအဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။
