Sunday, April 19, 2026

ACK အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံအမတ်ကြီး...

ကူဝိတ်နိုင်ငံရှိ အာဆီယံကော်မတီကူဝိတ်(ACK)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား ကူဝိတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီးထံမှ ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံအမတ်ကြီးမှ ဧပြီ ၁၆ ရက်ကလွှဲပြောင်းရယူရာ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးချမ်းအေးတက်ရောက်ခဲ့သည်။ အလှည့်ကျဥက္ကဌအသစ် ဘရူနိုင်းနိုင်ငံသံအမတ်ကြီး ...

အကျဥ်းသား၊ အကျဥ်းသူများကို လွတ်ငြိမ်းခွင့်ပြုခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)က အကျဥ်းသား၊ အကျဥ်းသူ များအား ပြစ်ဒ-ဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးရှုထောင့်တို့အရ ကောင်းမွန်သည့်ရလဒ်များရရှိစေသည်ဟု...

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဒီ ဇယ်ဆီတစ်ဂါလံလျင်(၁)သောင်းကျပ်နှုန်းဖြင့် တောင်...

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ်ဒီဇယ်ဆီများကို နေပြည်တော်ရှိ တောင်သူများထံအထူးသက် သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ ထိုသို့ ရောင်းချပေးလျက်ရှိရာ...

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်ကားနှင့် Hijet ကားတိုက်...

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ယနေ့ ဧပြီ ၁၈ ရက်ညနေ ၄ နာရီခွဲခန့်က ခရီးသည်တင်ကားနှင့် Hijet ကားတိုက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ...
HomeNewsLocal Newsနိုင်ငံတကာမှ ထောက်ပံ့သည့် ပစ္စည်းများကို...

နိုင်ငံတကာမှ ထောက်ပံ့သည့် ပစ္စည်းများကို ငလျင်ဘေးဒဏ်သင့် ပြည်သူများထံ အချိန်နှင့်တပြေးညီ ဖြန့်ဝေပေးလျက်ရှိ

နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တပြေးညီ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

မန္တလေး ငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျ-က်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ ဘေးသင့်ခဲ့သော ပြည်သူများအတွက် ပြည်တွင်း/ပြည်ပစေတနာရှင်၊ အလှူရှင်များ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းထောက်ပံ့မှုနှင့် ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို ပြုလုပ်လျက်ရှိသည်။

ယခုအခါ မေ (၂၀) ရက်မှ (၂၇) ရက်အထိ ရက်သတ္တတစ်ပတ်အတွင်း ထိုင်းနိုင်ငံရောက် စေတနာရှင်များ၊ သီရိလင်္ကာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြူနီစီပယ်အစိုးရတို့က ထပ်မံပေးပို့လှူဒါန်းလာသော မိုးကာတဲ၊ မီးစက်၊ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးနှင့် ဆေးပစ္စည်းများအနက် ဆေးနှင့် ဆေးပစ္စည်းများကိုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကော်မတီ (ကျန်းမာရေးဝန်ကြီးဌာန) သို့လည်းကောင်း၊ မီးစက်၊ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်းများကို ဘေးသင့်လူဦးရေအချိုးအစားအပေါ်မူတည်၍ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သို့ ဖြန့်ခွဲပေးပို့ပြီးဖြစ်သည်။

ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းသည့် ဒီဇယ် ဆီတန် (၁၁,၉၃၀ ဒသမ ၅၀၅) နှင့် ဓာတ်ဆီတန် (၂,၉၄၀ ဒသမ ၀၅၅) တို့ မေလ (၂၃)ရက်တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ထပ်မံရောက်ရှိခဲ့ရာ စုစုပေါင်း ဒီဇယ်ဆီတန် (၂၉,၉၃၀ ဒသမ ၅၀၅) နှင့် ဓာတ်ဆီတန် (၁၉,၉၄၀ ဒသမ ၀၅၅) တို့ကို စွမ်းအင်ဝန်ကြီးဌာနက စနစ်တကျသိမ်းဆည်းသိုလှောင်၍ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ဘိလပ်မြေ (၂၂၅)တန် (အိတ် ၄,၅၀၀) သည် မေလ (၂၄) ရက်တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက လွှဲပြောင်းပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံရယူပြီးနောက် ဘေးသင့်ဒေသများသို့ ပို့ဆောင်၍ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ငလျင်ဘေးသင့်ဒေသများတွင် ယာယီရုံးများအဖြစ် အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံကလှူဒါန်းသည့် Prefabricated Office အလုံး (၅၀၀) အနက် အလုံး (၃၄၀) သည် မေလ (၂) ရက်တွင်လည်းကောင်း၊ အလုံး (၁၆၀)သည် မေလ (၂၄) ရက်တွင်လည်းကောင်း သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ဘေးသင့်ဒေသများတွင် ယာယီရုံးများအဖြစ်တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ယာယီအိမ်များအဖြစ် အသုံးပြုရန် လှူဒါန်းသည့် Prefabricated House အလုံး (၄,၅၀၀) အနက် (၁,၅၇၆) လုံးသည် မေ (၉)ရက်တွင်လည်းကောင်း၊ (၁,၈၀၄) လုံးသည် မေ (၁၃) ရက်တွင်လည်းကောင်း၊ အလုံး (၁,၁၂၀)သည် မေလ(၂၄) ရက်တွင်လည်းကောင်း သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ဘေးသင့်ဒေသများ၌ တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ACK အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံအမတ်ကြီး တရားဝင်လွှဲပြောင်းရယူ

ကူဝိတ်နိုင်ငံရှိ အာဆီယံကော်မတီကူဝိတ်(ACK)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား ကူဝိတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီးထံမှ ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံအမတ်ကြီးမှ ဧပြီ ၁၆ ရက်ကလွှဲပြောင်းရယူရာ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးချမ်းအေးတက်ရောက်ခဲ့သည်။ အလှည့်ကျဥက္ကဌအသစ် ဘရူနိုင်းနိုင်ငံသံအမတ်ကြီး  Mr. Sulaini Said က ကူဝိတ်၌ ASEAN အခန်းကဏ္ဍကိုမြှင့်တင်ရန် ACK မှအနာဂတ်တွင်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့အတူ လက်ရှိအလှည့်ကျဥက္ကဌတာဝန်ယူထားသည့် ကူဝိတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီး  Mrs. Lena Maryana ကလည်း ဥက္ကဋ္ဌသက်တမ်းကာလအတွင်းပြုလုပ်ခဲ့သော ACK လှုပ်ရှားမှုများကို အ ကျဉ်းချုပ်ပြန်လည်တင်ပြခဲ့ပြီး ပံ့ပိုးကူညီမှုများအတွက် ACK အဖွဲ့ဝင်များအားလုံးကိုကျေးဇူးတင်သည်ဟုပြောကြားခဲ့သည်။ ထို့ပြင် ကူဝိတ်နိုင်ငံသို့အသစ်ရောက်ရှိလာသည့်...

အကျဥ်းသား၊ အကျဥ်းသူများကို လွတ်ငြိမ်းခွင့်ပြုခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျ-က်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးရှုထောင့်တို့အရ ကောင်းမွန်သည့်ရလဒ်များရရှိစေသည်ဟု လူ့အခွင့်အရေးကော်မရှင်ထုတ်ပြန်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)က အကျဥ်းသား၊ အကျဥ်းသူ များအား ပြစ်ဒ-ဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးရှုထောင့်တို့အရ ကောင်းမွန်သည့်ရလဒ်များရရှိစေသည်ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ချက်အမှတ်(၄/၂၀၂၆)ဖြင့် ထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်သမ္မတက အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင်ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဥ်းသူများကို ၎င်းတို့ကျခံနေရသော ပြစ်ဒ-ဏ်အသီးသီးမှပြစ်ဒ-ဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်း၊ အကျဉ်းသား/အကျဥ်းသူ(၄,၃၃၅)ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒ-ဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပြုခြင်းများပြုလုပ်ပေးခဲ့သည်။ ထို့ပြင် ပြစ်ဒ-ဏ်ကျခံနေသည့် နိုင်ငံခြားသား အကျဉ်းသား/အကျဥ်းသူ(၁၇၉)ဦးတို့ကိုလည်း ၎င်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒ-ဏ်များကိုလွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒ-ဏ်ပေးခြင်း၊ စည်းကမ်းသတ်မှတ်ချက်ဖြင့်ကျခံရန်ကျန်ရှိသော ပြစ်ဒ-ဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင်ပြုခြင်းတို့ကိုလည်းပြုလုပ်ပေးခဲ့သည်။ ထိုသို့ ပြုလုပ်ပေးခြင်းအား...

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဒီ ဇယ်ဆီတစ်ဂါလံလျင်(၁)သောင်းကျပ်နှုန်းဖြင့် တောင် သူများထံတိုက်ရိုက်ရောင်းချပေး

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ်ဒီဇယ်ဆီများကို နေပြည်တော်ရှိ တောင်သူများထံအထူးသက် သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ ထိုသို့ ရောင်းချပေးလျက်ရှိရာ ယနေ့ ဧပြီ ၁၈ ရက်တွင် လယ်ဝေးမြို့နယ်ရှိ ကျေးရွာများအတွက် စုရပ်(၃)နေ ရာ၊ ပျဥ်းမနားမြို့နယ်ရှိ ကျေးရွာများအတွက် စုရပ်(၂) နေရာ၊ ဇေယျာသီရိမြို့နယ်ရှိ ကျေးရွာများအတွက် စု ရပ်(၂)နေရာတို့ရှိ လယ်ယာစိုက်ပျိုးရေးကဏ္ဍသုံး စက် ပစ္စည်းများ၌အသုံးပြုရန် ပြည်တွင်းထုတ်ဒီဇယ်ဆီ (၄,၅၂၄)ဂါလံကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့သည်။ ထို့ပြင် တပ်ကုန်းမြို့နယ်ရှိ နွေစပါးနှင့် ဆီထွက်သီးနှံထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော ကျေးရွာများသို့လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071