Sunday, June 14, 2026

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများပြန်လည်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့်ယာဉ်များ မြစ်ကြီးနားမြို့သို့ တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိလာသည်။ ယမန်နေ့ (ဇွန်...

​ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စု(B)ဖွင့်ပွဲစဉ်တွင် အိမ်ရှင် ကနေဒါနှင့်...

​၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ် စု(B) အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနှင့် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၁) ဂိုးစီ...

မြန်မာအမျိုးသမီးလိဂ်တွင် ဧရာဝတီအသင်း ထိုင်း ယူ-၂၀...

မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန် ပြင်ဆင်နေသည့် ဧရာဝတီယူနိုက်တက် အမျိုး သမီးဘောလုံးအသင်းသည် ယခုရာသီအတွက် ပြည်ပကစားသမား ခေါ်ယူအားဖြည့်မှုအဖြစ် ထိုင်းနိုင်ငံ ယူ-၂၀...

မရမ်းကုန်းမြို့နယ်တွင် ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက အခမဲ့...

လာမည့် ၂၀၂၆ ခုနှစ် ဇွန်လ ၁၈ ရက် ကြာသပတေးနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၌ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍...
HomeNewsLocal Newsနိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အရည်သွေးပြည့်ဝသည့်...

နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အရည်သွေးပြည့်ဝသည့် လူသားအရင်းအမြစ်များလိုအပ်မည်ဖြစ်

ပညာရေးကို အလေးပေးမြှင့်တင်ဆောင်ရွက်သွားရန် မဖြစ်မနေလိုအပ်မည်

နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အရည်သွေးပြည့်ဝသည့် လူသားအရင်းအမြစ်ကောင်းများလိုအပ်မည်ဖြစ်ကြောင်း နှင့် ပညာရေးကို အလေးပေးမြှင့်တင်ဆောင်ရွက်သွားရန် မဖြစ်မနေလိုအပ်မည်ဖြစ်ကြောင်း
ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကပြောသည်။

ယနေ့ အောက်တိုဘာ ၂၈ ရက်မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်း/ပြည်နယ်ဝန်ကြီးချုပ်များနှင့် လုပ်ငန်းညိနှိုင်းအစည်းဝေးတွင် ယာယီသမ္မတက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံ၏ အသက်(၂၅)နှစ်အထက် လူဦးရေ၏ ၄၆ ရာခိုင်နှုန်းခန့်သည် ပညာရေးအားနည်းသဖြင့် ပညာရေးကို အလေးပေးမြှင့်တင်ဆောင်ရွက်ရန် မဖြစ်မနေ လိုအပ်မည်ဖြစ်ပြီး ပညာရေးအားကောင်းမှသာ လူသားအရင်းအမြစ်ကောင်းများကိုလည်း ရရှိနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတ က ပြောကြားခဲ့သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်မှုမရှိခဲ့သည့်ကျောင်းသားကျောင်းသူများစွာရှိနေပြီး ၂၀၂၁ ခုနှစ်ကနေ ယခုချိန်ထိအတွင်း၌ပင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခြင်းမရှိခဲ့သူ လူဦးရေ ၅ သန်း ခန့်ရှိကြောင်း သိရသည်။

၄င်းတို့အနေဖြင့်လည်း နိုင်ငံတော်အတွက် မည်ကဲ့သို့ အသုံးချနိုင်မည်ကို စဉ်စားဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် တာဝန်ရှိသူများ၊ပညာရှင်များနှင့် တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic ကျောင်းများဖွင့်လှစ်သင်ကြားနိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောကြားခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပညာတတ်လူသားအရင်းမြစ်ကောင်းများ မွေးထုတ်နိုင်ရေးနှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို အလေးထားဆောင်ရွက်သွားကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများပြန်လည် ထူထောင်ရေးအတွက် ထောက်ပံ့ရေးပစ္စည်းများ ထပ်မံရောက်ရှိလာ

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့်ယာဉ်များ မြစ်ကြီးနားမြို့သို့ တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိလာသည်။ ယမန်နေ့ (ဇွန် ၁၃ ရက်)က ထပ်မံရောက်ရှိခြင်း ဖြစ်ကာ ပထမအကြိမ်အဖြစ် မေ ၁၂ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် မေ ၃၁ ရက်တွင် လည်းကောင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ထိုထောက်ပံ့ရေးပစ္စည်းများတွင် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင်လာသော မော်တော်ယာဉ်များနှင့် မီးသတ်ကားများ...

​ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စု(B)ဖွင့်ပွဲစဉ်တွင် အိမ်ရှင် ကနေဒါနှင့် ဘော့စနီးယားတို့ တစ်ဂိုးစီ သရေကျ

​၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ် စု(B) အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနှင့် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၁) ဂိုးစီ သရေကျသွားခဲ့ကြောင်း Daily Mail ၏ ဖော်ပြချက်အရ သိရသည်။ ​အဆိုပါပွဲစဉ်ကို ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့၌ ဇွန်လ (၁၂) ရက်က ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၂၁)မိနစ်တွင် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းအတွက် ဦးဆောင်ဂိုးကို ဂျိုဗိုလူကစ်က ခေါင်းတိုက်ကာ သွင်းယူပေးခဲ့သည်။ ​ပထမပိုင်းတွင် ကနေဒါအသင်းအနေဖြင့် ဂိုးသွင်းခွင့်အချို့ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းမှုနှင့် ဘော့စနီးယားအသင်း၏ ခိုင်မာသည့် ခံစစ်ကြောင့်...

မြန်မာအမျိုးသမီးလိဂ်တွင် ဧရာဝတီအသင်း ထိုင်း ယူ-၂၀ လက်ရွေးစင် တိုက်စစ်ကစားသမားကိုထပ်မံ ခေါ်ယူ

မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန် ပြင်ဆင်နေသည့် ဧရာဝတီယူနိုက်တက် အမျိုး သမီးဘောလုံးအသင်းသည် ယခုရာသီအတွက် ပြည်ပကစားသမား ခေါ်ယူအားဖြည့်မှုအဖြစ် ထိုင်းနိုင်ငံ ယူ-၂၀ အမျိုးသမီးလက်ရွေးစင်အသင်း၏ အဓိကကစားသမားတစ်ဦးဖြစ်သူ နတ်ချာနော့ခ် (Nachanok Kosonsaksakul)ကို အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်လိုက်သည်။ အသက် ၁၇ နှစ်အရွယ်သာရှိသေးသော်လည်း ခြေစွမ်းပြည့်ဝသည့် တိုက်စစ်ကစားသမား နတ်ချာနော့ခ်သည် ထိုင်းနိုင်ငံ ယူ-၁၇ နှင့် ယူ-၂၀ လက်ရွေးစင်အသင်းများတွင် အဆင့်ဆင့်ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ ၎င်းသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝတွင် ထိုင်းကလပ် ဖရာနာခွန် (Phranakorn FC)အသင်းအပြင်၊ အမေရိကန်အခြေစိုက် စတန်တွန်တက္ကသိုလ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071