Friday, June 12, 2026

အမျိုးသားလွှတ်တော်အစည်းအဝေး၌ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်...

တနိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေး စတုတ္ထနေ့ကို ဇွန် ၁၁ ရက်က နေပြည်တော် ၌ကျင်းပရာ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအ...

ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ကော်မတီ(၄)ခုဖွဲ့စည်းပြီး ကော်မတီ(၄)ခုဖွဲ့စည်းရန်တင်ပြခဲ့

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေး ဆဋ္ဌမနေ့ဖြစ်သည့် ဇွန် ၁၁ ရက်တွင် ကော် မတီ(၄)ခုကိုဖွဲ့စည်းခဲ့ပြီး ကော်မတီ(၄)ခုဖွဲ့စည်းရန်လည်း လွှတ်တော်သို့တင်ပြခဲ့ကြောင်း သိရသည်။ တောင်သူလယ်သမားရေးရာကော်မတီကို...

ဒေးဒရဲမြို့ အနီး ကျိုက်ထော်ကို ဗဟိုပြု၍...

ယနေ့တွင် ဒေးဒရဲမြို့ အနီး ကျိုက်ထော်ကို ဗဟိုပြု၍ အင်အား ၃.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။ ငလျင်လှုပ်ခတ်မှုကို ရန်ကုန်က မြို့နယ်အချို့ သိသာခံစားခဲ့ရသည်။ အထူးသဖြင့် ရန်ကုန်မြို့ရှိ...

လမ်းခွဲသည့် ချစ်သူအမျိုးသမီးကို သတ်ပြီးနောက် အမျိုးသားတစ်ဦး...

လှိုင်သာယာအထည်ချုပ်စက်ရုံမှ အတူနေချစ်သူ မန်နေဂျာအမျိုးသမီးကို သတ်လာသည့် အမျိုးသားသည် ဆီဒိုးနားဟိုတယ်၂၉ လွှာမှ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက်ပိုင်းက ခုန်ချသတ်သေသွားကြောင်း...
HomeNewsLocal Newsနိုင်ငံခြားသားနည်းပြ ခေါ်ယူရာတွင် Black...

နိုင်ငံခြားသားနည်းပြ ခေါ်ယူရာတွင် Black List စစ်ရန် အချက်အလက်ကို အနည်းဆုံးနှစ်လ ကြိုတင်ခွင့်ပြုချက်ယူရမည်

နိုင်ငံခြားသားနည်းပြများအား ငှားရမ်းခေါ်ယူခြင်းတို့ ဆောင်ရွက်ရာတွင် Black List စစ်ရန်အတွက် Data အချက်အလက် အစုံအလင်ကို အားကစားနှင့် ကာယ ပညာဦးစီးဌာနသို့ အနည်းဆုံးနှစ်လ ကြိုတင်ပေးပို့ဆောင်ရွက်ရမည်ဖြစ်ကြောင်း အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးက ပြောကြားသည်။

ထို့ပြင် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များအနေဖြင့် အပြည်ပြည်ဆိုင်ရာဖိတ်ခေါ် ပြိုင်ပွဲများသွား‌ရောက်ခြင်း ၊ ပြည်ပနိုင်ငံများ၌ အစည်းအ‌ဝေးတက်‌ရောက်ခြင်းများလည်း ပါဝင်ကြောင်း ဆိုသည်။

မေလ (၁၂) ရက်က ကျင်းပြုလုပ်သည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကျင်းပရန် ရက်ပေါင်း (၂၁၁)ရက်သာ လိုတော့သည့်အတွက် အစည်းအဝေးကို နှစ်ပတ်တစ်ကြိမ်ပြုလုပ်သွားရန် စီစဉ်ထားပြီး ဌာနမှတာဝန်ရှိသူများနှင့်အတူ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူတို့ ဝိုင်းဝန်းပူးပေါင်း၍ ကူညီကြပ်မတ် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြား သည်။

ထို့ပြင် မိမိအားကစားနည်းအလိုက် အုပ်ချုပ်/ နည်းပြ များကလည်း အားကစားသမားများ စည်းကမ်းတကျလိုက်နာဆောင်ရွက်လေ့ကျင့်ကြရန် ဆောင်ရွက်ပေးကြရန် ၊ စခန်းသွင်းအားကစားသမားများ ခွင့်တောင်းခံရာ၌ အဖွဲ့ချုပ် ဥ က္ကဋ္ဌနှင့် တာဝန်ရှိသူများမှ သိရှိခွင့်ပြုပြီး ဌာနသို့ ဆက်လက်တင်ပြဆောင်ရွက်သွားရန်၊ စခန်းသွင်းအားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုအား ကြည့်ရှု စစ်ဆေးပြီး နေ ထိုင်စားသောက် လေ့ကျင့်ရေးကိစ္စရပ်များနှင့် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် (၃၃)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုများရရှိအောင် အားလုံးစုပေါင်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန်လည်း ပြောကြားခဲ့သည်။

အစည်းအဝေးသို့ အားကစားနှင့်လူငယ်‌ ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်ဦးနှင့် ဌာနတာဝန်ရှိသူများ ပြိုင်ပွဲဝင် အား ကစားအဖွဲ့ချုပ် တာဝန်ရှိသူများများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသားလွှတ်တော်အစည်းအဝေး၌ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော် မတီဖွဲ့စည်းပြီး ကော်မတီ(၁)ခုဖွဲ့စည်းရန်တင်ပြ

တနိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေး စတုတ္ထနေ့ကို ဇွန် ၁၁ ရက်က နေပြည်တော် ၌ကျင်းပရာ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအ ဖွဲ့အစည်းများဆိုင်ရာကော်မတီဖွဲ့စည်းပြီး ကော်မတီ(၁) ခုဖွဲ့စည်းရန်တင်ပြခဲ့ကြောင်း သိရသည်။ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီကို ဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် အ မျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဒေါ်မီမီကျော်ထွန်း၊ အတွင်းရေးမှူးအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးအောင်ချစ်လွင်တို့အပါအဝင် အဖွဲ့ဝင်(၁၅)ဦးဖြင့် တာဝန်ပေးအပ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ အဆိုပါ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကိုလည်း အမျိုးသားလွှတ်တော်က အ တည်ပြုပေးခဲ့ကြောင်း...

ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ကော်မတီ(၄)ခုဖွဲ့စည်းပြီး ကော်မတီ(၄)ခုဖွဲ့စည်းရန်တင်ပြခဲ့

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေး ဆဋ္ဌမနေ့ဖြစ်သည့် ဇွန် ၁၁ ရက်တွင် ကော် မတီ(၄)ခုကိုဖွဲ့စည်းခဲ့ပြီး ကော်မတီ(၄)ခုဖွဲ့စည်းရန်လည်း လွှတ်တော်သို့တင်ပြခဲ့ကြောင်း သိရသည်။ တောင်သူလယ်သမားရေးရာကော်မတီကို ဥက္ကဋ္ဌအဖြစ် ကန့်ဘလူမဲဆန္ဒနယ်မှ ဦးမြတ်ကျော်၊ အတွင်းရေးမှူးအ ဖြစ် လယ်ဝေးမဲဆန္ဒနယ်မှ ဦးဝင်းဌေးတို့အပါအဝင် အ ဖွဲ့ဝင်(၁၅)ဦး၊ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာကော်မတီကို ဥက္ကဋ္ဌအဖြစ် ရေနံချောင်းမဲဆန္ဒနယ်မှ ဒေါ်ဝင်းမော်ထွန်း ၊ အတွင်းရေးမှူးအဖြစ် ဝေါမဲဆန္ဒနယ်မှဦးအောင်နိုင်တို့အပါအဝင် အဖွဲ့ဝင်(၁၅)ဦးဖြင့် တာဝန်ပေးအပ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။  ပညာရေးမြှင့်တင်မှုကော်မတီကို ဥက္ကဋ္ဌအဖြစ် ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာလှတင့်၊ အတွင်းရေးမှူးအဖြစ်...

ဒေးဒရဲမြို့ အနီး ကျိုက်ထော်ကို ဗဟိုပြု၍ အင်အား ၃.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့

ယနေ့တွင် ဒေးဒရဲမြို့ အနီး ကျိုက်ထော်ကို ဗဟိုပြု၍ အင်အား ၃.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။ ငလျင်လှုပ်ခတ်မှုကို ရန်ကုန်က မြို့နယ်အချို့ သိသာခံစားခဲ့ရသည်။ အထူးသဖြင့် ရန်ကုန်မြို့ရှိ လှိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့၌ နေ့လယ် ၁၂ နာရီကျော်အချိန်က သိသာခံစားခဲ့ရခြင်း ဖြစ်သည်။ “လှိုင်ဘက် သိသာတယ်၊ ကိုယ့်လိုပဲ တိုက်အောက်ပြေးဆင်းကြတဲ့လူတွေရှိတယ်” ဟု ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးက ပေါ်ပြူလာကိုပြောသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမူ မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၁၅)မိနစ်၊ (၁၆) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၃၂) မိုင်ခန့် ကွာဝေးသော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071