တောင်ထိပ် တောင်အောက်
ရေနောက် ရေနီ
အေးသည် ပူသည်
ရေကြည် မြက်နု
ပြည်ထောင်စု
အဖုအထစ်
ကျောက်သို့ဆစ်
ချစ်မေတ္တာတို့အပြည့်အဝ။
ပြောစကားတို့
ကွဲပြားခြားနား
ဘုရားတို့သည်
မတူညီလည်း
ရေကြည်မြက်နု
ပြည်ထောင်စု
အဖုအထစ်
ကျောက်သို့ဆစ်
ချစ်မေတ္တာတို့အပြည့်အဝ။
ယဉ်ကျေးမှုနှင့်
အနုပညာ
တေးသံသာကား
ရင်မှာဖြစ်တည်
ချိုသည်ကြည်သည်
ရေကြည်မြက်နု
ပြည်ထောင်စု
အဖုအထစ်
ကျောက်သို့ဆစ်
ချစ်မေတ္တာတို့အပြည့်အဝ ။
မိုးမြေတုန်ဟည်း
တသံတည်းဖြင့်
ရိုက်ကြည်းကြွေးကြော်
စည်မောင်းဆော်
အခါတော်ကားနီးလှပြီ ။
ကိုလေး (အင်းဝဂုဏ်ရည်)