မြန်မာ့ ငလျင်ဘေးသင့် ဒေသများအတွက် အစားအသော က်များ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ အပါအဝင် အမေရိကန် ဒေါ်လာ(၃)သန်းတန်ဖိုးရှိ လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများကို နိပွန်ဖောင်ဒေးရှင်းမှ ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက နိပွန်ဖောင်ဒေးရှင်း အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာယူဂျီမိုရီကို မေ (၉) ရက်၊ နံနက် (၁၁) နာရီ၊ (၁၅)မိနစ်အချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ ဆုံခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံရာ မစ္စတာယူဂျီမိုရီက ငလျင်ဒဏ်ကြောင့် အ သက်အိုးအိမ်စည်းစိမ်ပျက်စီး ဆုံးရှုံးခဲ့ကြရသည့် မိသားစုများနှင့် အသိုက်အဝန်းများအတွက် ဝမ်းနည်းကြေကွဲရပါ သည်ဟု ပြောကြားခဲ့ကြောင်းလည်း သိရသည်။
ထို့နောက် နိပွန်ဖောင်ဒေးရှင်း အနေဖြင့် ငလျင်ဒဏ်ထိခိုက်ခံစားရသည့် ဒေသများအတွက် အစားအသောက်များ၊ဆေး ဘက်ဆိုင်ရာပစ္စည်းများ အပါအဝင် အမေရိကန်ဒေါ်လာ (၃) သန်းတန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အ ရေးပေါ်အကူအညီများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စစ် ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မှ ဒေသအချို့နှင့် နေပြည်တော်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများသို့ ပေးအ ပ်ရန်စီစဉ်လျက်ရှိမှုကို ရှင်းလင်း ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးက နိပွန်ဖောင်ဒေးရှင်းမှ ပေးအပ်လျက်ရှိသည့် အကူအညီများနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် ငလျင်ဒဏ်ကယ်ဆယ်ရေးလုပ်ငန်းများအပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွ က်နေမှု အနေအထားနှင့် ပြန်လည်တည်ဆောက်ရေးလုပ် ငန်းများအတွက် နိုင်ငံတကာအကူအညီများ လိုအပ်လျက်ရှိမှုနှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။