Sunday, April 19, 2026

အကျဥ်းသား၊ အကျဥ်းသူများကို လွတ်ငြိမ်းခွင့်ပြုခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)က အကျဥ်းသား၊ အကျဥ်းသူ များအား ပြစ်ဒ-ဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးရှုထောင့်တို့အရ ကောင်းမွန်သည့်ရလဒ်များရရှိစေသည်ဟု...

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဒီ ဇယ်ဆီတစ်ဂါလံလျင်(၁)သောင်းကျပ်နှုန်းဖြင့် တောင်...

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ်ဒီဇယ်ဆီများကို နေပြည်တော်ရှိ တောင်သူများထံအထူးသက် သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ ထိုသို့ ရောင်းချပေးလျက်ရှိရာ...

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်ကားနှင့် Hijet ကားတိုက်...

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ယနေ့ ဧပြီ ၁၈ ရက်ညနေ ၄ နာရီခွဲခန့်က ခရီးသည်တင်ကားနှင့် Hijet ကားတိုက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ...

သီရိလင်္ကာစွမ်းအင်ဝန်ကြီး ရာထူးမှ နုတ်ထွက်

အဂတိလိုက်စားမှုနှင့် အရည်အသွေးမမီသော ကျောက်မီးသွေးဝယ်ယူမှုဆိုင်ရာ ပြင်းထန်သောစွပ်စွဲချက်များကြောင့် သီရိလင်္ကာစွမ်းအင်ဝန်ကြီး ကူမာရာ ဂျာယာကိုဒီသည် သောကြာနေ့တွင် ၎င်း၏ ရာထူးမှ နုတ်ထွက်ခဲ့သည်။ သီရိလင်္ကာသို့ ကျောက်မီးသွေးတင်သွင်းမှုများတွင် မူမမှန်သောလုပ်ရပ်များအပေါ်...
HomeNewsLocal Newsနမ္မတီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးမှူး ပစ်ခတ်ခံရပြီးသေဆုံး

နမ္မတီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးမှူး ပစ်ခတ်ခံရပြီးသေဆုံး

ကချင်ပြည်နယ်၊နမ္မတီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ မြို့နယ်ဦးစီးမှူးဦးဖြိုးဝေဆန်းသည် သြဂုတ် ၃ ရက်ညပိုင်းက မြစ်ကြီးနားမြို့ရှိ ဂျာမိုင်ကောင်းသံလမ်းကူးအနီး၌ ပစ်ခတ်ခံရ၍သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၇ နာရီခွဲခန့်ကအလုပ်ကိစ္စဖြင့်အပြင်သွားပြီး ကားဖြင့်ပြန်လာသည့် နမ္မတီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ မြို့နယ်ဦးစီးမှူးဦးဖြိုးဝေဆန်းအားဆိုင်ကယ်စီးလာသည့်အမည်မသိအမျိုးသားများက မြစ်ကြီးနားမြို့ဂျာမိုင်ကောင်းသံ လမ်းကူးအနီး၌ သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် မြို့နယ်ဦးစီးမှူးဦးဖြိုးဝေဆန်းသည် ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သဖြင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ရုပ်အလောင်းအား မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အကျဥ်းသား၊ အကျဥ်းသူများကို လွတ်ငြိမ်းခွင့်ပြုခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျ-က်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးရှုထောင့်တို့အရ ကောင်းမွန်သည့်ရလဒ်များရရှိစေသည်ဟု လူ့အခွင့်အရေးကော်မရှင်ထုတ်ပြန်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)က အကျဥ်းသား၊ အကျဥ်းသူ များအား ပြစ်ဒ-ဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးရှုထောင့်တို့အရ ကောင်းမွန်သည့်ရလဒ်များရရှိစေသည်ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ချက်အမှတ်(၄/၂၀၂၆)ဖြင့် ထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်သမ္မတက အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင်ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဥ်းသူများကို ၎င်းတို့ကျခံနေရသော ပြစ်ဒ-ဏ်အသီးသီးမှပြစ်ဒ-ဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်း၊ အကျဉ်းသား/အကျဥ်းသူ(၄,၃၃၅)ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒ-ဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပြုခြင်းများပြုလုပ်ပေးခဲ့သည်။ ထို့ပြင် ပြစ်ဒ-ဏ်ကျခံနေသည့် နိုင်ငံခြားသား အကျဉ်းသား/အကျဥ်းသူ(၁၇၉)ဦးတို့ကိုလည်း ၎င်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒ-ဏ်များကိုလွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒ-ဏ်ပေးခြင်း၊ စည်းကမ်းသတ်မှတ်ချက်ဖြင့်ကျခံရန်ကျန်ရှိသော ပြစ်ဒ-ဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင်ပြုခြင်းတို့ကိုလည်းပြုလုပ်ပေးခဲ့သည်။ ထိုသို့ ပြုလုပ်ပေးခြင်းအား...

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဒီ ဇယ်ဆီတစ်ဂါလံလျင်(၁)သောင်းကျပ်နှုန်းဖြင့် တောင် သူများထံတိုက်ရိုက်ရောင်းချပေး

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ်ဒီဇယ်ဆီများကို နေပြည်တော်ရှိ တောင်သူများထံအထူးသက် သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ ထိုသို့ ရောင်းချပေးလျက်ရှိရာ ယနေ့ ဧပြီ ၁၈ ရက်တွင် လယ်ဝေးမြို့နယ်ရှိ ကျေးရွာများအတွက် စုရပ်(၃)နေ ရာ၊ ပျဥ်းမနားမြို့နယ်ရှိ ကျေးရွာများအတွက် စုရပ်(၂) နေရာ၊ ဇေယျာသီရိမြို့နယ်ရှိ ကျေးရွာများအတွက် စု ရပ်(၂)နေရာတို့ရှိ လယ်ယာစိုက်ပျိုးရေးကဏ္ဍသုံး စက် ပစ္စည်းများ၌အသုံးပြုရန် ပြည်တွင်းထုတ်ဒီဇယ်ဆီ (၄,၅၂၄)ဂါလံကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့သည်။ ထို့ပြင် တပ်ကုန်းမြို့နယ်ရှိ နွေစပါးနှင့် ဆီထွက်သီးနှံထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော ကျေးရွာများသို့လည်း...

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်ကားနှင့် Hijet ကားတိုက် ဘုန်းကြီးနှင့် ကိုရင်(၆)ပါးအပါအ ဝင် (၉)ဦးပျံလွန်/သေဆုံး (၁၀)ပါး/ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ယနေ့ ဧပြီ ၁၈ ရက်ညနေ ၄ နာရီခွဲခန့်က ခရီးသည်တင်ကားနှင့် Hijet ကားတိုက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သထုံမြို့နယ်ရှိ ရန်ကုန်- မော်လမြိုင်သွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၀၄/၅ တွင် ခရီးသည်တင်ကားနှင့် Hijet ကားတိုက်မိသဖြင့် သထုံမြို့နယ်မီးသတ်စခန်းနှင့် ကျိုက္ကော်နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် Hijet ကားပေါ်တွင်လိုက်ပါလာသူ (၁၉) ဦးအနက် ဘုန်းကြီး(၅)ပါး၊ ကိုရင်(၁)ပါး၊ အမျိုးသား (၃)ဦးတို့မှာထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ ပျံလွန်/သေဆုံးသွားခဲ့ပြီး ဘုန်းကြီး(၇)ပါးနှင့် အမျိုး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071