“ဝ” ဒေသ၊ နမ့်တစ်မြို့ရှိ ရွှေဆိုင်ကိုတစ်ဆိုင်ကို မြေအောက်လှိုဏ်ခေါင်းတူးကာ ဝင်ရောက် ခိုးယူခဲ့သည့် တရားခံကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း ဌာနဆိုင်ရာက အသိပေးထားသည်။
အဆိုပါ ဖောက်ထွင်းခိုးယူမှုမှာ စက်တင်ဘာလ (၂၈)ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သံသယရှိသူကို ၎င်းပုန်းအောင်းနေထိုင်သည့် နေရာများအား ခေတ်မီစုံစမ်းစစ်ဆေးရေး နည်းပညာများ အသုံးပြုရှာ ဖွေဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ခိုးယူသွားသည့် ရွှေလက်ဝတ်ရတနာအ များစုကိုပါ ၎င်းပုန်း အောင်းနေသည့်နေရာမှ ပြန်လည်သိမ်းဆည်းရမိခဲ့ကာ အမှုအတွက် တရားစီရင်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြောင်း အသိပေးထားသည်။
ဓာတ်ပုံ-Nyi Rang
