Tuesday, July 15, 2025

Bangladesh Bouddha Kristi Prachar...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် Bangladesh Bouddha Kristi Prachar Sangha အသင်းက တာကာ (၂၀၀,၀၀၀)လှူဒါန်းခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဒါကာမြို့သို့...

ရွှေအလေးချိန်စနစ်သစ် လိုက်နာမှု ရှိမရှိ ကွင်းဆင်းစစ်ဆေးမည် ရွှေဆိုင်များအနေဖြင့်...

အလေးချိန်စနစ်သစ်နှင့် ပတ်သက်၍ အသိပညာပေး ကာလပြီးလျှင် ကွင်းဆင်းစစ်ဆေးအရေးယူမှုများ ဆောင်ရွက်ရန်ရှိ‌ကြောင်း အသိပေးထားခြင်းဖြစ်သည်။ ရွှေဆိုင်များအနေဖြင့် ရွှေတစ်ကျပ်သားအလေးချိန် စနစ်သစ်ဖြစ်သော (၁၆.၃၂၉၃၂၅) ဂရမ်ဖြင့် အရောင်းအဝယ် ပြုလုပ်ရမည်ဖြစ်ကြောင်း...

အီလက်ထရောနစ် မဲပေးစက်အကြောင်း ဆရာ၊ ဆရာများကို...

ယခုနှစ်အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲ၌ အီလက်ထရောနစ်မဲပေးစက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးအတွက် ရန်ကုန်ရှိ ဆရာ၊ ဆရာမများကို သင်တန်းပေးရန်ရှိနေသည်ဟု သိရသည်။ အီလက်ထရောနစ် မဲပေးစက် (MEVM)...

မွမ်ဘိုင်းမှ ရန်ကုန်ဆိပ်ကမ်းသို့ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရန်ဆွေးနွေး

မွမ်ဘိုင်းဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ချိတ်ဆက်၍ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရန် ဒု-ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ ညွှန်ကြားရေးမှူး Alexander Sergeevich Shatirov...
HomeInternationalနန်စီပေလိုစီ ထိုင်ဝမ်သွားပါက ပြင်းထန်စွာ...

နန်စီပေလိုစီ ထိုင်ဝမ်သွားပါက ပြင်းထန်စွာ အရေးယူမည်ဟု တရုတ် သတိပေး

နန်စီပေလိုစီ ထိုင်ဝမ်သွားပါက ပြင်းထန်စွာ အရေးယူမည်ဟု တရုတ် သတိပေး

 

ပေကျင်း၊ ဇူလိုင် ၁၉ ရက်

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ သည်ထိုင်ဝမ်သို့ သွားရောက်လည်ပတ်ပါက ပြင်းထန်သော အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်အစိုးရက ဇူလိုင်လ ၁၉ ရက် အင်္ဂါနေ့ တွင် သတိပေးခဲ့သည်။

အဆိုပါ သတိပေးချက်သည် Financial Times သတင်းဌာနက နန်စီပေလိုစီသည် နောက်လတွင် ထိုင်ဝမ်သို့ သွားရောက်မည်ဟု ကြေငြာပြီးနောက်ပိုင်း ထွက်ပေါ်လာခဲ့သည်။

နန်စီပေလိုစီနှင့် ၎င်း၏ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှားနှင့် စင်္ကာပူ နိုင်ငံများသို့လည်း သွားရောက်မည်ဖြစ်ပြီး အမေရိကန် အင်ဒို-ပစိဖိတ်ဒေသ ကွပ်ကဲမှုဌာနချုပ်ရှိရာ ဟာဝိုင်ယီတွင်လည်း အနားယူသွားမည်ဖြစ်ကြောင်း အဆိုပါ ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

နန်စီပေလိုစီ၏ ရုံးနှင့် အမေရိကန် နိုင်ငံခြားရေးဌာနသည် ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုချက်များကို ချက်ချင်း တုံ့ပြန်ခြင်းမရှိခဲ့ပေ။ ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ၎င်းခရီးစဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ပေးပို့သည့် သတင်းအချက်အလက်များ မရရှိသေးကြောင်း ပြောကြားခဲ့သည်။

နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်သည် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် ဧပြီလမှစ၍ နောက်သို့ရွှေ့ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်းလီကျန်းက နန်စီပေလိုစီ၏ ခရီးစဉ်တိုင်းသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေးကို ဆိုးရွားစွာ ထိခိုက်စေလိမ့်မည်ဟု ပေကျင်းတွင် ပြောကြားခဲ့သည်။

အမေရိကန်ဘက်မှ ယင်းခရီးစဉ်ကို ဆက်လက်ပြုလုပ်သွားပါက တရုတ်နိုင်ငံဘက်မှ ပြတ်ပြတ်သားသားနှင့် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ပြီး ထိုအရေးယူမှု၏ အကျိုးဆက်တိုင်းအတွက် အမေရိကသည် အပြည့်အဝ တာဝန်ယူသွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နန်စီပေလိုစီသည် တရုတ်နိုင်ငံနှင့် စပ်လျဉ်း၍ အချိန်အတန်ကြာ ဝေဖန်ခဲ့သူဖြစ်ပြီး ပေကျင်း၌ ပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကိုလည်း သံတမန်ရေးအရ ဆန္ဒပြရန် လွှတ်တော်၌ တင်သွင်းခဲ့ဖူးသည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Bangladesh Bouddha Kristi Prachar Sangha အသင်းက တာကာ(၂)သိန်းလှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် Bangladesh Bouddha Kristi Prachar Sangha အသင်းက တာကာ (၂၀၀,၀၀၀)လှူဒါန်းခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဒါကာမြို့သို့ ဇူလိုင် ၁၃ ရက်က လာရောက်လှူဒါန်းရာ မြန်မာသံအမတ်ကြီးဦးကျော်စိုးမိုးကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ရွှေအလေးချိန်စနစ်သစ် လိုက်နာမှု ရှိမရှိ ကွင်းဆင်းစစ်ဆေးမည် ရွှေဆိုင်များအနေဖြင့် ရွှေအလေးချိန်စနစ်သစ်ဖြင့် ရောင်းချရန် ညွှန်ကြားမှုကို လိုက်နာခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်က ထုတ်ပြန်ထားသည်။

အလေးချိန်စနစ်သစ်နှင့် ပတ်သက်၍ အသိပညာပေး ကာလပြီးလျှင် ကွင်းဆင်းစစ်ဆေးအရေးယူမှုများ ဆောင်ရွက်ရန်ရှိ‌ကြောင်း အသိပေးထားခြင်းဖြစ်သည်။ ရွှေဆိုင်များအနေဖြင့် ရွှေတစ်ကျပ်သားအလေးချိန် စနစ်သစ်ဖြစ်သော (၁၆.၃၂၉၃၂၅) ဂရမ်ဖြင့် အရောင်းအဝယ် ပြုလုပ်ရမည်ဖြစ်ကြောင်း ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက ညွှန်ကြားထားခြင်းဖြစ်သည်။ ထို့ပြင် ရွှေဆိုင်များအနေဖြင့် ရွှေရောင်းဝယ်ရာတွင် စနစ်သစ်ချိန်ခွင်နှင့် ရောင်းဝယ်လျက်ရှိကြောင်း ပိုစတာကပ်ရမည်ဖြစ်ပြီး ကွင်းဆင်းစစ်ဆေးလျှင် ပြည့်စုံနေရမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ရွှေအလေးချိန်စနစ်သစ်ဖြင့် ပတ်သက်၍ အသိပညာပေးခြင်းများ ပြုလုပ်လျက်ရှိပြီး နောက်ပိုင်းတွင် သက်ဆိုင်ရာကြီးကြပ်ရေး တာဝန်ရှိသူများက စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်ရန်ရှိပြီး ယခု ဇူလိုင်လ မကုန်ခင်တွင်လည်း လိုက်နာခြင်း ရှိမရှိ...

အီလက်ထရောနစ် မဲပေးစက်အကြောင်း ဆရာ၊ ဆရာများကို သင်တန်းပေးရန်ရှိနေ

ယခုနှစ်အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲ၌ အီလက်ထရောနစ်မဲပေးစက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးအတွက် ရန်ကုန်ရှိ ဆရာ၊ ဆရာမများကို သင်တန်းပေးရန်ရှိနေသည်ဟု သိရသည်။ အီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းအဖြစ် ပေးရန်ရှိနေခြင်း ဖြစ်ကာ မဲရုံအရေအတွက် နည်းပါးနိုင်သည့် လသာမြို့နယ်၌ အီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းကို ၂ ရက်သာပြုလုပ်မည် ဖြစ်သည်ဟုလည်း သိရှိရသည်။ သင်တန်းပေးမှုကို ယမန်နေ့ (ဇူလိုင် ၁၄ ရက်)က စတင်သည်ဟုလည်း ပညာရေးဝန်ထမ်းများထံမှ သိရပြီး အဓိကအားဖြင့် မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာကို မျှဝေပေးနေခြင်း ဖြစ်သည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071