Thursday, June 18, 2026

မြဝတီနယ်စပ်ဂိတ် ပြန်ဖွင့်ပြီးနောက် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု...

မြဝတီနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဌာန (DFT) က ပြောကြားခဲ့သည်။ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ရှိ...

မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်ဦးဆောင်ရန် ထရမ့်ပ်ကို...

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနှင့် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အနေဖြင့် သံတမန်ရေးဆွေးနွေးမှုများကို ပြန်လည်ဦးဆောင်ပေးရန် တိုက်တွန်းခဲ့ကြောင်း သမ္မတရုံးက ဇွန် ၁၆...

အီရန်ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာ၊ အမေရိကန်-အီရန်...

အီရန်ရေနံတင်ဆောင်ထားသည့် ပထမဆုံး ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားရှိ ပိတ်ဆို့မှုဧရိယာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သင်္ဘောလမ်းကြောင်း စောင့်ကြည့်ရေးဝက်ဘ်ဆိုက်တစ်ခုက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ...

တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓစွယ်တော်ကို မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့်...
HomeNewsLocal Newsနတ်မောက် ရေကြီးရေလျှံမှု နေအိမ်နှစ်လုံး...

နတ်မောက် ရေကြီးရေလျှံမှု နေအိမ်နှစ်လုံး နှင့် မိသားစု ခြောက်ဦး မျောပါဆုံးရှုံး

မိုးသည်း၍ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည့် မကွေး၊ နတ်မောက်မြို့ပေါ်နှင့် ကျေးရွာအချို့တွင် ရေကြီးမှုကြောင့် နေအိမ်နှစ်လုံးနှင့် မိသားစု (၆)ဦး မျောပါဆုံးရှုံးခဲ့သည်ဟု သိရသည်။

ရေကြီးရေလျှံမှုသည် စက်တင်ဘာလ (၂၇) ရက်ညပိုင်းနှင့် ယမန်နေ့ စက်တင်ဘာလ (၂၈) ရက်က စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“မကြုံခဲ့ဖူးပါဘူး၊ မယ်ဇလီပင်ကျေးရွာက နေအိမ် (၂)လုံး နှင့် မိသားစုတစ်စု  (၆)ဦး ရေစီး နဲ့ မျောပါ ဆုံးပါးသွားတာပါပဲ” ဟု မယ်ဇလီကျေးရွာခံတစ်ဦးက လူမှုကွန်ရက်မှ တဆင့် ပေါ်ပြူလာနယူးကို ပြောသည်။

ရေထဲမျောပါသွားသည့် နေအိမ်နှစ်လုံးအနက် တစ်လုံးသည် လူများမပါသွားဘဲ နေအိမ်သာပါသွားကာ ကျန်တစ်လုံးသည် လူရော အိမ်ပါ ပါသွားခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

နေအိမ်မျောပါမှုတွင် ကလေးငယ်တဦးအပါအဝင် မိသားစုဝင် (၄)ဦး၏ ရုပ်အလောင်းကို ယမန်နေ့ညကပင် ပြန်လည်ရှာတွေ့ခဲ့ပြီး ကျန်နှစ်ဦး၏ ရုပ်အလောင်းအား ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်ဟုလည်း သိရသည်။

မိုးဇလကမူ ဖိလစ်ပိုင်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်းမုန်တိုင်း”ဘူအလွိုင်”မှပြ-တ်ထွက်လာသောတိမ်တို-က်များအပါအဝင် ရာသီဥတုအခြေအနေများကြောင့် တိုင်းနှင့် ပြည်နယ်အနှံ့၌ မိုးရွာသွန်းနိုင်သည်ဟု စက်တင်ဘာ (၂၆) ရက်ကထုတ်ပြန်ထားသည်။

ထို့ကြောင့် စက်တင်ဘာ (၂၆) ရက်ညနေမှ အောက်တိုဘာ (၂) ရက်အတွင်း ရန်ကုန်တိုင်းနှင့် နေပြည်တော်တို့ အပါအဝင် တိုင်းနှင့်ပြည်နယ်အနှံ့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ဒေသအလိုက်မိုးကြီးနိုင်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပြီး ယင်းရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခ-တ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းသဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည်ဟုလည်း မိုးဇလကအသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြဝတီနယ်စပ်ဂိတ် ပြန်ဖွင့်ပြီးနောက် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု မြင့်တက်လာမည်ဟု ထိုင်းမျှော်လင့်

မြဝတီနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဌာန (DFT) က ပြောကြားခဲ့သည်။ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ရှိ အမှတ်(၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနှင့် ဆက်စပ်သည့် နယ်စပ်ဂိတ်ကို ၂၀၂၅ ခုနှစ် သြဂုတ်လကတည်းက ပိတ်ထားခဲ့ရာမှ မြန်မာဘက်က ၂၀၂၆ ခုနှစ် မေ ၂၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ DFT ညွှန်ကြားရေးမှူးချုပ် မစ္စ အာရာဒါ ဖူအန်ထောင်က အဆိုပါဂိတ် ပြန်လည်ဖွင့်လှစ်မှုသည် နယ်စပ်ကုန်သွယ်ရေးအတွက် အပြုသဘောဆောင်သည့် လက္ခဏာတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံ၏...

မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်ဦးဆောင်ရန် ထရမ့်ပ်ကို တောင်ကိုရီးယားသမ္မတ တိုက်တွန်း

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနှင့် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အနေဖြင့် သံတမန်ရေးဆွေးနွေးမှုများကို ပြန်လည်ဦးဆောင်ပေးရန် တိုက်တွန်းခဲ့ကြောင်း သမ္မတရုံးက ဇွန် ၁၆ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါပြောကြားချက်ကို ကနေဒါနိုင်ငံ၌ ကျင်းပသည့် G7 ထိပ်သီးအစည်းအဝေးအတွင်း ခေါင်းဆောင်နှစ်ဦး တွေ့ဆုံနှုတ်ဆက်စဉ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ကန်းယူဂျန်း၏ အဆိုအရ ထရမ့်ပ်က မြောက်ကိုရီးယားနှင့် လက်ရှိဆက်ဆံရေးအခြေအနေများကို မေးမြန်းခဲ့ရာ သမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အမေရိကန်၏ ခေါင်းဆောင်မှုအခန်းကဏ္ဍ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထရမ့်ပ်ကလည်း မြောက်ကိုရီးယားနှင့်...

အီရန်ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာ၊ အမေရိကန်-အီရန် ဆွေးနွေးပွဲအပေါ် မျှော်လင့်ချက်မြင့်တက်

အီရန်ရေနံတင်ဆောင်ထားသည့် ပထမဆုံး ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားရှိ ပိတ်ဆို့မှုဧရိယာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သင်္ဘောလမ်းကြောင်း စောင့်ကြည့်ရေးဝက်ဘ်ဆိုက်တစ်ခုက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ အမေရိကန်နှင့် အီရန်တို့အကြား နျူကလီးယားအစီအစဉ်နှင့် စီးပွားရေးပိတ်ဆို့မှုများ လျှော့ပေါ့ရေးဆိုင်ရာ ဆွေးနွေးမှုများ မစတင်မီ နှစ်ရက်အလိုတွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ ဆွစ်ဇာလန်နိုင်ငံ၌ ဇွန် ၁၉ ရက်တွင် ကျင်းပမည့် ဆွေးနွေးပွဲနှင့်ပတ်သက်၍ အကောင်းမြင်မျှော်လင့်ချက်များ မြင့်တက်လာသဖြင့် ကမ္ဘာ့ရေနံဈေးနှုန်းများလည်း ကျဆင်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ရေနံတင်ပို့မှုနှင့် သိုလှောင်မှုဆိုင်ရာ အချက်အလက်များကို စောင့်ကြည့်လေ့လာသည့် Tanker Trackers...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071