Tuesday, May 19, 2026

တရုတ်-မြန်မာစီးပွားရေးစင်္ကြန်အကောင်အထည်ဖော်ရေးကို ဒု-သမ္မတဦးညိုစောနှင့် တရုတ်သံအမတ်တို့ဆွေးနွေး

တရုတ်-မြန်မာစီးပွားရေးစင်္ကြန်အကောင်အထည်ဖော်ရေးကို မြန်မာနိုင်ငံ ဒု-သမ္မတဦးညိုစောနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်တို့ ယနေ့ မေ ၁၉ ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်...

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်တို့တွေ့ဆုံ  ဆရာ/ဆရာမ(၃၀)ဦးအား အင်္ဂလိပ်စာကျွမ်းကျင်မှုကာလတိုသင်တန်းများကို...

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur တို့ ယနေ့ မေ ၁၉ ရက်ကတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ်...

မိုင်းဖုန်း(က)ကျေးရွာအုပ်စုမှ ကျေးရွာများနှင့် နမ့်လွဲ (ရွာသစ်)ကျေးရွာ(၄)ရွာတွင်...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေး ရွာအုပ်စု၊ ပိန်းညောင်(၁၊ ၂၊ ၃)ကျေးရွာများနှင့် နမ့်လွဲ (ရွာသစ်)ကျေးရွာ(၄)ရွာ၌နေထိုင်သူများ ၂၄ နာရီလုံး လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်ပြီဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့်...

လိုင်စင်မရှိဘဲ Digital Bank အပါအဝင်...

ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်းဆောင်ရွက်ရန်လိုင်စင်ထုတ်ပေးထားခြင်းမရှိဘဲ Digital Bank အပါအဝင် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများထူထောင်လုပ်ကိုင်ပါက ပုဒ်မ ၁၇၁ အရအရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကအသိပေးခဲ့သည်။ ဗဟိုဘဏ်သည် ပြည်ထောင်စုလွှတ်တော်ကပြဌာန်းခဲ့သည့်...
HomeNewsLocal Newsနည်းပြချုပ်သစ်နှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ ပထမဆုံးလေ့ကျင့်ရေးအစီအစဥ်စတင်

နည်းပြချုပ်သစ်နှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ ပထမဆုံးလေ့ကျင့်ရေးအစီအစဥ်စတင်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ နိုင်ငံတကာပြိုင် ပွဲများအတွက်ပြင်ဆင်မှုအနေဖြင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ နည်းပြချုပ်အဖြစ် ဂျပန်လူမျိုးနည်းပြ Mr. Mitsuo Katoh ကို (၂)နှစ်စာချုပ်ဖြင့်ခန့် အပ်ခဲ့သည်။

ထိုသို့ ခန့်အပ်ပြီးနောက် ယနေ့ မေ ၁၉ ရက်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် နည်းပြချုပ်သစ်နှင့် ပထမဆုံးလေ့ကျင့်ရေးအစီအစဥ်ကို ပျော်ရွှင်စွာစတင်ခဲ့ကြသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အနီးကပ်ဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် AYA Bank Tri-Nations Cup (Women’s Friendly)ပြိုင်ပွဲအား ဇွန် ၃ ရက်ညနေ ၄ နာရီတွင် ဥဇဘတ်ကစ္စတန်အသင်း၊ ဇွန် ၉ ရက်ညနေ ၄ နာရီတွင် ထိုင်းအသင်းတို့နှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်-မြန်မာစီးပွားရေးစင်္ကြန်အကောင်အထည်ဖော်ရေးကို ဒု-သမ္မတဦးညိုစောနှင့် တရုတ်သံအမတ်တို့ဆွေးနွေး

တရုတ်-မြန်မာစီးပွားရေးစင်္ကြန်အကောင်အထည်ဖော်ရေးကို မြန်မာနိုင်ငံ ဒု-သမ္မတဦးညိုစောနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်တို့ ယနေ့ မေ ၁၉ ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် စီမံ ကိန်းများအပါအဝင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍပိုမိုတိုးမြှင့်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့အတူ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်းလောင်းကစား/အွန်လိုင်းလိမ်လည်မှုများတို-က်ဖျ-က်ရေးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်တို့တွေ့ဆုံ  ဆရာ/ဆရာမ(၃၀)ဦးအား အင်္ဂလိပ်စာကျွမ်းကျင်မှုကာလတိုသင်တန်းများကို အိန္ဒိယတက္ကသိုလ်များတွင် တက်ရောက်နိုင်ရေးဆွေးနွေး

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur တို့ ယနေ့ မေ ၁၉ ရက်ကတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံမှ အင်္ဂလိပ်ဘာသာသင်တန်းဆ ရာများကို မြန်မာနိုင်ငံ၏ သတ်မှတ်တက္ကသိုလ်များတွင် ရေရှည်ခန့်ထားတာဝန်ပေးအပ်ရေး၊ ဆရာ/ဆရာမ(၃၀) ဦးအား အင်္ဂလိပ်စာကျွမ်းကျင်မှုကာလတိုသင်တန်းများကို အိန္ဒိယတက္ကသိုလ်များတွင်တက်ရောက်နိုင်ရေးကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပညာရေးဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများအတွက် ပညာတော်သင်ဆုများချီးမြှင့်ပေးအပ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

မိုင်းဖုန်း(က)ကျေးရွာအုပ်စုမှ ကျေးရွာများနှင့် နမ့်လွဲ (ရွာသစ်)ကျေးရွာ(၄)ရွာတွင် ၂၄ နာရီ လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်ပြီ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေး ရွာအုပ်စု၊ ပိန်းညောင်(၁၊ ၂၊ ၃)ကျေးရွာများနှင့် နမ့်လွဲ (ရွာသစ်)ကျေးရွာ(၄)ရွာ၌နေထိုင်သူများ ၂၄ နာရီလုံး လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်ပြီဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်း)ထံမှ သိရသည်။ ထိုသို့ အသုံးပြုနိုင်ရန် ၂၂-ကေဗွီ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့်ဆောင် ရွက်ခဲ့ရာမှ ယနေ့ မေ ၁၉ ရက်တွင် လျှပ်စစ်ဓာတ်အားစတင်ချိတ်ဆက်ပို့လွှတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကျေးရွာများတွင်နေထိုင်သူများ လျှပ်စစ်ဓာတ်အားအသုံးပြုခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အ တန်းမြင့်မားလာစေရေး၊ ဒေသတွင်း အသေးစား၊ အ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071