Sunday, July 5, 2026

ပေါင်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ် ထိခိုက်ဒဏ်ရာရသူများရှိကာ ပျက်စီးမှုများပြား

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ယနေ့ ဇူလိုင် ၅ ရက်ည ၇ နာရီခွဲခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအ သင်းများထံမှ သိရသည်။ ပေါင်မြို့တွင်...

ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်ရေး ဒုတိယဝန်ကြီး ဦးမျိုးမြင့်...

ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဖလမ်းမြို့ စည်ပင်သာယာဈေး ပြန်လည်လည်ပတ်နေမှုတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင် ၃...

ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲအတွက် မြန်မာအားကစားသမား (၂) ဦး...

မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ မသန်စွမ်းတိုက်ကွမ်ဒို အားကစားသမားများဖြစ်သည့် မောင်သိန်းထိုက်အောင်နှင့် မောင်ရွှေထွဋ်ကျော်တို့သည် ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကိုရီးယားနိုင်ငံ၌ လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ...

AML/CFT ညွှန်ကြားချက်များကို လိုက်နာ၍ ယုံကြည်စိတ်ချရသော...

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ညွှန်ကြားချက်များကို တိကျစွာလိုက်နာကာ...
HomeNewsLocal Newsဓာတ်မြေဩဇာများ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး...

ဓာတ်မြေဩဇာများ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး သမဝါယမစနစ်ဖြင့် ရောင်းချပေးနေ

တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်တွင် စိုက်ပျိုးရေးအထွက်နှုန်း တိုးတက်လာပြီး ဝင်ငွေပိုမိုရရှိစေရန် လိုအပ်သည့် ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် သမဝါယမစနစ်ဖြင့် စုပေါင်းဝယ်ယူကာ စုပေါင်းဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပြောကြားသည်။

အဆိုပါပြောကြားချက်ကို ဇူလိုင် ၃ ရက်က ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့တွင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) ဦးစိန်လွင်ဦး၏ မေးခွန်းကို ပြန်လည်ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မိုးညှင်းမြို့နယ်ရှိ တောင်သူလယ်သမားများ စပါးအထွက်နှုန်းတိုးတက်စေရေးနှင့် မြို့နယ်၏ စပါးအထွက်နှုန်း လျော့ကျမသွားစေရေးအတွက် ဓာတ်မြေဩဇာများကို အစိုးရ၏ သက်သာသည့်နှုန်းထားဖြင့် ရောင်းချပေးနိုင်ခြင်း ရှိ၊ မရှိနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ရာ ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီသည် ရန်ကုန်အထိုင် ရည်ညွှန်းဈေးကို အခြေခံကာ သယ်ယူပို့ဆောင်ရေးစရိတ်နှင့် တင်ချခများကို ထည့်သွင်းတွက်ချက်ပြီး သက်ဆိုင်ရာဒေသများအရောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဦးဆောင်ကော်မတီအနေဖြင့် ဓာတ်မြေဩဇာများ၏ အရည်အသွေး မှန်ကန်မှု၊ သိုလှောင်ဈေးကစားမှု ရှိ၊ မရှိတို့ကိုလည်း အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပေါင်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ် ထိခိုက်ဒဏ်ရာရသူများရှိကာ ပျက်စီးမှုများပြား

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ယနေ့ ဇူလိုင် ၅ ရက်ည ၇ နာရီခွဲခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအ သင်းများထံမှ သိရသည်။ ပေါင်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကဒါရပ်ကွက်တွင် ဘုန်းတော်ကြီးကျောင်း၊ စာသင် ကျောင်းများ၊ အစိုးရရုံးများ၊ နေအိမ်များ၊ အဆောက် အအုံများပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများပြိုလဲကျိုးကျခြင်းတို့ဖြစ်ပွားကာ သံဃာတော်အချို့ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ပျက်စီးမှုများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ Photo- MFSD / ကိုမြင့်စိုး

ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်ရေး ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေးလေဆိပ်ပြန်ဖွင့်နိုင်ပါက ချင်းပြည်နယ်၏ သယ်ယူပို့ဆောင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်မြှင့်နိုင်မည်

ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဖလမ်းမြို့ စည်ပင်သာယာဈေး ပြန်လည်လည်ပတ်နေမှုတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင် ၃ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးမှုအတွင်း ဆူရ်ဘုန်လေဆိပ်၏ လေယာဉ်ပြေးလမ်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆,၀၀၀ အမြင့်တွင် တည်ရှိပြီး လေယာဉ်ပြေးလမ်းအရှည်မှာလည်း ပေ ၆,၀၀၀ ရှိကြောင်း သိရသည်။ အဆိုပါလေဆိပ်တွင် ၂၀၂၀ ခုနှစ် ဇွန် ၂၆ ရက်၌ Beech လေယာဉ်ဖြင့်လည်းကောင်း၊ အောက်တိုဘာ ၂၇ ရက်၌...

ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲအတွက် မြန်မာအားကစားသမား (၂) ဦး ကိုရီးယားတွင် လေ့ကျင့်၊ နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ မသန်စွမ်းတိုက်ကွမ်ဒို အားကစားသမားများဖြစ်သည့် မောင်သိန်းထိုက်အောင်နှင့် မောင်ရွှေထွဋ်ကျော်တို့သည် ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကိုရီးယားနိုင်ငံ၌ လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်ရေးအစီအစဉ်ကို မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအားကစားအဖွဲ့ချုပ်၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ် (World Taekwondo) က ကိုရီးယားနိုင်ငံ မူဂျူ (Muju) မြို့တွင် ဖွင့်လှစ်သည့် ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒို လေ့ကျင့်ရေးအစီအစဉ်၌ ပါဝင်လေ့ကျင့်နေခြင်းဖြစ်သည်။ ထို့ပြင် အားကစားသမားနှစ်ဦးသည် ကိုရီးယားနိုင်ငံ ချွန်ချွန် (Chuncheon) မြို့တွင် ကျင်းပမည့် မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းလေ့ကျင့်ရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071