Thursday, July 2, 2026

ဂျပန် ODA အကူအညီများ ပြန်လည်ပေးအပ်ရန်...

ငလျင်ပြန်လည်ထူထောင်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် အကူအညီများ အရေးတကြီးလိုအပ်ဟု သမ္မတရုံးပြော မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ (Official Development Assistance-ODA) စီမံကိန်းများ ရပ်ဆိုင်းထားခြင်းကြောင့် ပြည်သူများအတွက်...

တရုတ်နှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်တိုးမြှင့်ပြီး...

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ နယ်စပ်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်နိုင်ခဲ့သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း အစိုးရအချင်းချင်း...

လာအိုတွင် အပူပိုင်းမုန်တိုင်း သတိပေးချက်ထုတ်ပြန်

ဗီယင်ကျန်း၊ ဇူလိုင်လ ၂ ရက် လာအိုနိုင်ငံတွင် အပူပိုင်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာနေသဖြင့် ကြာသပတေးနေ့မှ တနင်္ဂနွေနေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုးရွာသွန်းနိုင်ကြောင်း လာအိုမိုးလေဝသဗျူရိုက ခန့်မှန်းထားပြီး...

မိုင်းလား အထူးဒေသ(၄)၏ ငြိမ်းချမ်းရေး(၃၇)နှစ် မြောက်အခမ်းအနား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလား အထူးဒေသ(၄)၏ ငြိမ်းချမ်းရေး(၃၇)နှစ်မြောက်အခမ်းအနားကို ယနေ့ ဇူလိုင် ၂ ရက်နံနက်ပိုင်းက မိုင်းလားမြို့ရှိ ငြိမ်းချမ်းရေးရင်ပြင်တွင်ကျင်းပခဲ့ကြောင်း သိရသည်။ နံနက်ပိုင်းတွင် အလံတင်အခမ်းအနားကျင်းပခြင်း၊ ငြိမ်းချမ်းရေးနှင့်...
HomeNewsLocal Newsဒေါ်အောင်ဆန်းစုကြည် ပြစ်ဒ-ဏ်ကာလပြီးဆုံးပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်...

ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒ-ဏ်ကာလပြီးဆုံးပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံသားတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နိုင်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြော

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိပြစ်ဒ-ဏ်ကာလပြီးဆုံးပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒ-ဏ်များကို ကျခံပြီးပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံသားတစ်ဦးအဖြစ် မည်သည့်အခက်အခဲ၊ အတားအဆီးမျှမရှိဘဲ ပါဝင်ဆောင်ရွက်နိုင်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။

ယင်းကို ဇွန် ၃၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာခိုင်ခိုင်စိုးက ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် ပြစ်မှုဆိုင်ရာဥပဒေများအရ ပြစ်ဒ-ဏ်ကျခံနေရသူဖြစ်ကြောင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒ-ဏ်ကာလပြီးဆုံးပြီးနောက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံသားတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

“ပြင်ပမှာ ပြောဆိုနေကြသလို ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးပုဒ်မ၊ နိုင်ငံရေးပြစ်မှုတွေနဲ့ အရေးယူခံထားရတာ မဟုတ်ပါဘူး။ ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ အရေးယူခံထားရတာပါ။ ဒါကြောင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ဥပဒေဘောင်အတွင်းက ပြစ်ဒ-ဏ်တွေ ကျခံပြီးရင် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်နိုင်မှာဖြစ်ပါတယ်” ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားပြီး၊ ငြိမ်းချမ်းရေးသဘောတူညီချက်များ ရရှိလာပါက ၎င်းတို့အနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်များချမှတ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံတည်း၏ နိုင်ငံသားများဖြစ်သည့်အတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့အတူ အတိုက်အခံပါတီများသည်လည်း ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူများနှင့် မရွေးချယ်ခံရသူများ ရှိသော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန် ODA အကူအညီများ ပြန်လည်ပေးအပ်ရန် အစိုးရသစ် တောင်းဆို

ငလျင်ပြန်လည်ထူထောင်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် အကူအညီများ အရေးတကြီးလိုအပ်ဟု သမ္မတရုံးပြော မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ (Official Development Assistance-ODA) စီမံကိန်းများ ရပ်ဆိုင်းထားခြင်းကြောင့် ပြည်သူများအတွက် အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ထိခိုက်မှုရှိနေသဖြင့် ပြည်သူ့အကျိုးပြုစီမံကိန်းများအတွက် ODA အကူအညီများ ပြန်လည်ပေးအပ်ရန် တောင်းဆိုကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ဇွန် ၃၀ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားရာ၌ ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါက်တာခိုင်ခိုင်စိုးက ဂျပန်နိုင်ငံသည် ယခင်က...

တရုတ်နှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်တိုးမြှင့်ပြီး G to G MoU (၁၈) ခု၊ B2B သဘောတူညီချက် (၇၀) ခု လက်မှတ်ရေးထိုးခဲ့ဟု သမ္မတရုံးပြော

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ နယ်စပ်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်နိုင်ခဲ့သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း အစိုးရအချင်းချင်း (G to G) နားလည်မှုစာချွန်လွှာ (MoU) ၁၈ ခုနှင့် စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း (B2B) နားလည်မှုစာချွန်လွှာ (၇၀) ခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ဇွန် ၃၀ ရက်က နေပြည်တော်၌ ကျင်းပသည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏...

လာအိုတွင် အပူပိုင်းမုန်တိုင်း သတိပေးချက်ထုတ်ပြန်

ဗီယင်ကျန်း၊ ဇူလိုင်လ ၂ ရက် လာအိုနိုင်ငံတွင် အပူပိုင်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာနေသဖြင့် ကြာသပတေးနေ့မှ တနင်္ဂနွေနေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုးရွာသွန်းနိုင်ကြောင်း လာအိုမိုးလေဝသဗျူရိုက ခန့်မှန်းထားပြီး ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် မြို့ပြရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူလူထုအနေဖြင့် အထူးသတိပြု နေထိုင်ကြရန်နှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် တိုက်တွန်းထားသည်။ ဗုဒ္ဓဟူးနေ့က လာအိုစိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနအောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိတွင် အပူပိုင်းမုန်တိုင်းငယ် တစ်ခုသည် တစ်နာရီလျှင် ၃၀ ကီလိုမီတာနှုန်းဖြင့် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး၊ ကြာသပတေးနေ့မွန်းလွဲပိုင်းတွင် "ဘာဗီ" (Bavi)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071