Sunday, May 31, 2026

ရန်ကုန်မြို့က ဘား၊ ကလပ်၊ ကေတီဗွီများ...

ရန်ကုန်မြို့တွင်း၌ ရှိသည့် ကေတီဗီ(KTV)၊ ဘားနှင့် ကလပ်များကို ယခု မေလကုန်ပိုင်းကစပြီး ည (၁၁) နာရီနောက်ဆုံးထား ပိတ်ခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။ “အချိန်သတ်မှတ်ပြီး ဖွင့်ဖို့...

ကမ္ဘာ့အကျပ်အတည်းအရေး ရှန်ဂရီလာဒိုင်ယာလော့ဂ်၌ တူလမ် သတိပေး

ကမ္ဘာကြီးသည် နိုင်ငံများက ရင်ဆိုင်ရမည့် အန္တရာယ်များစွာနှင့် မရေရာမှုများ ဝန်ရံနေကြောင်း သောကြာနေ့က အာရှ၏ ထိပ်တန်းကာကွယ်ရေးဖိုရမ်ဖြစ်သော ရှန်ဂရီလာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဗီယက်နမ် သမ္မတ...

ဘရာမို့စ်ဒုံးကျည်သဘောတူညီချက်အိန္ဒိယနှင့်ဗီယက်နမ်လက်မှတ်ရေးထိုး

ရုရှားနှင့် ပူးတွဲတီထွင်ခဲ့သော ဘရာမို့စ်ဒုံးကျည်များကို ဗီယက်နမ် သို့ရောင်းချပေးမည့် သဘောတူညီချက်ကို အိန္ဒိယက လက်မှတ်ရေးထိုးလိုက်ကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံနှင့်လည်း အလားတူသဘောတူညီချက်အတွက် နောက်ဆုံးအဆင့်များကို ရောက်ရှိနေပြီဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး...

စွန့်ပစ်အမှိုက်ပမာဏ၏ (၉၀) ရာခိုင်နှုန်းခန့်ကိုလျှော့ချပေးနိုင်မည့် ရန်ကုန်အမှိုက်မှစွမ်းအင်ထုတ်လုပ်သည့်စက်ရုံ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားကျေးရွာအုပ်စု၌ စွန့်ပစ်အမှိုက်ပမာဏ၏ (၉၀) ရာခိုင်နှုန်းခန့်ကိုလျှော့ချပေးနိုင်မည့် Yangon Waste to Energy Plant (ရန်ကုန်အမှိုက်မှစွမ်းအင်ထုတ်လုပ်သည့်စက်ရုံ) လည်ပတ်လျက်ရှိသည်။ ထိုသို့...
HomeNewsLocal Newsဒေါ်အောင်ဆန်းစုကြည်အားပြစ်ဒဏ်မှ ၆ နှစ်လျော့၊...

ဒေါ်အောင်ဆန်းစုကြည်အားပြစ်ဒဏ်မှ ၆ နှစ်လျော့၊ သမ္မတဟောင်းဦးဝင်းမြင့် ပြစ်ဒဏ်အား ၄ နှစ်လျော့​ကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်း​ပြော

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြောင်းရွှေ့ရန် တစ်စုံတစ်ရာကြားသိရခြင်းမရှိသေး

နစက မှ ဒေါ်အောင်ဆန်းစုကြည်အား ကျခံနေရသည့်ပြစ်ဒဏ်များမှ ၆ နှစ်အားလျော့ပေါ့ပေးခဲ့သည့်အပြင် အကျဥ်းသား၊အကျဥ်းသူ ၇၇၄၉ ဦးကိုလည်း ခံဝန်လက်မှတ်ရေးထိုး၍ ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံဟောင်းဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်လျော့ပေါ့ပေးရာတွင် ၎င်းအားတရားစွဲဆိုထားသည့် ပုဒ်မများအနက်မှ ပုဒ်မ ၅၀၅ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် တရားစွဲဆိုထားမှာ သဘာဝဘေးစီမံ ၂၅ ဖြင့်တရားစွဲဆိုထားတာ ၂ မှု၊ ဆက်သွယ်ရေးဥပဒေဖြင့်တရားစွဲဆိုထားမှုပို့ကုန်သွင်းကုန်ဖြင့်တရားစွဲဆိုထားမှုများမှ ၆ နှစ်အားပြစ်ဒဏ်လျော့ပေါ့ပေးခဲ့ကြောင်း သိရသည်။

“အကျဥ်းသားပေါင်း ၇၇၄၉ ဦးကိုခံဝန်နဲ့ပြန်လွှတ်ပေးခဲ့ပါတယ် နောက်ပြီး ထောင်ဒဏ်ကျခံနေရတဲ့ EAO အဖွဲ့ဝင် ၂၂ ဦးကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ် အဲဒီထဲမှာဆိုရင် TNLA တို့ AA တို့လည်းပါတယ် တရားစွဲဆိုခံထားရတဲ့ EAO ၇၂ ဦးကိုလည်း ပြန်ပြီးရုတ်သိမ်းပေးခဲ့ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့ပြင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား ၁၂၅ ဦးအားပြန်လွှတ်ပေးခဲ့ကာ သမ္မတဟောင်းဦးဝင်းမြင့်ကိုလည်း ပြစ်ဒဏ် ၄ နှစ်လျော့ပေးခဲ့ကြောင်း သိရသည်။

“သမ္မတဟောင်းဦးဝင်းမြင့်ကို တရားစွဲဆိုထားတဲ့ သဘာဝဘေးစီမံအတွက်က ၂ နှစ်၊ ၅၀၅(ခ)နဲ့က ၂ နှစ်(စုစုပေါင်း ပြစ်ဒဏ် ၄ နှစ်)လျော့ပေးခဲ့ပါတယ်၊ နောက် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြောင်းရွှေ့ပေးဖို့ဆိုတာ ကျွန်တော်အရင်ကဖြေကြားခဲ့တဲ့အတိုင်းပဲ တစ်စုံတစ်ရာကြားသိရခြင်းမရှိသေးပါဘူး”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်မြို့က ဘား၊ ကလပ်၊ ကေတီဗွီများ ည ၁၁ နောက်ဆုံးထား ပိတ်နေ

ရန်ကုန်မြို့တွင်း၌ ရှိသည့် ကေတီဗီ(KTV)၊ ဘားနှင့် ကလပ်များကို ယခု မေလကုန်ပိုင်းကစပြီး ည (၁၁) နာရီနောက်ဆုံးထား ပိတ်ခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။ “အချိန်သတ်မှတ်ပြီး ဖွင့်ဖို့ စည်ပင်နဲ့ အုပ်ချုပ်ရေးမှူးတွေက လိုက်ပြောတာ” ဟု အချိန်ပြောင်းလဲ သတ်မှတ်ဖွင့်လိုက်သည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။ လက်ရှိ၌ ရန်ကုန်မြို့တွင် ကလပ်အချို့သည် ညနေ ၅နာရီမှ ၁၁ နာရီထိသာ အချိန်ပြောင်းလဲ ဖွင့်လှစ်မည်ဟု ကြေညာထားကြသည်။ အလားတူ ဘားများရှိ ဖျော်ဖြေရေးတီးဝိုင်းများကိုလည်း ဆိုင်ပိတ်ချိန် ၁၁ နာရီမတိုင်ခင် ၁၀ နာရီကတည်းက တီးခတ်သီဆိုဖျော်ဖြေမှုများ ရပ်ရန်...

ကမ္ဘာ့အကျပ်အတည်းအရေး ရှန်ဂရီလာဒိုင်ယာလော့ဂ်၌ တူလမ် သတိပေး

ကမ္ဘာကြီးသည် နိုင်ငံများက ရင်ဆိုင်ရမည့် အန္တရာယ်များစွာနှင့် မရေရာမှုများ ဝန်ရံနေကြောင်း သောကြာနေ့က အာရှ၏ ထိပ်တန်းကာကွယ်ရေးဖိုရမ်ဖြစ်သော ရှန်ဂရီလာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဗီယက်နမ် သမ္မတ တိုလမ်က ပြောကြားခဲ့သည်။ ကမ္ဘာကြီးရင်ဆိုင်နေရသော စိန်ခေါ်မှုများထဲတွင် နိုင်ငံတကာနည်းဥပ‌ဒေနှင့် ဥပဒေများ ယိုယွင်းပျ-က်စီးလာခြင်း၊ တိုးတက်မှု နှေးကွေးလာခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းကဲ့သို့သော ဖွံ့ဖြိုးတိုးတက်မှုပုံစံများ၏ အကျပ်အတည်းနှင့် နိုင်ငံများအကြား ယုံကြည်မှုဆိုင်ရာ အကျပ်အတည်းတို့ ပါဝင်သည်ဟု ၎င်း၏ အဓိကမိန့်ခွန်းတွင် သမ္မတ တူလမ်က ပြောကြားခဲ့သည်။ “ဒီနေ့ ကျွန်တော်တို့ ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ အကျပ်အတည်းသုံးခုဟာ ကျွန်တော်တို့ လက်ကိုလက်ခံရမယ့် ရှောင်လွဲလို့မရတဲ့...

ဘရာမို့စ်ဒုံးကျည်သဘောတူညီချက်အိန္ဒိယနှင့်ဗီယက်နမ်လက်မှတ်ရေးထိုး

ရုရှားနှင့် ပူးတွဲတီထွင်ခဲ့သော ဘရာမို့စ်ဒုံးကျည်များကို ဗီယက်နမ် သို့ရောင်းချပေးမည့် သဘောတူညီချက်ကို အိန္ဒိယက လက်မှတ်ရေးထိုးလိုက်ကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံနှင့်လည်း အလားတူသဘောတူညီချက်အတွက် နောက်ဆုံးအဆင့်များကို ရောက်ရှိနေပြီဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာဂျက်စ် ကူးမားဆင်းက စနေနေ့တွင် ပြောကြားခဲ့သည်။ အိန္ဒိယသည် အာဆီယံနိုင်ငံများအပေါ် ခိုင်မာသော ကတိကဝတ်ရှိကြောင်း ဆင်းက ပြောကြားခဲ့သော်လည်း ဘရာမို့စ်နှင့် ပတ်သက်သည့် သဘောတူညီချက်များ၏ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ စင်ကာပူတွင် ကျင်းပသော အာရှ၏ ထိပ်တန်းကာကွယ်ရေးဖိုရမ်ဖြစ်သည့် ရှန်ဂရီလာဆွေးနွေးပွဲတွင် ဆင်းက မိန့်ခွန်းပြောကြားခဲ့သည်။ ပြည်တွင်း အသုံးပြုရန်နှင့် ပြည်ပတင်ပို့ရန်အတွက် ပြည်တွင်းကာကွယ်ရေးထုတ်လုပ်မှုကို တည်ဆောက်နေသော အိန္ဒိယသည် စူပါဆောနစ်ခရုဇ်ဒုံးကျည်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071