Monday, March 17, 2025

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း...

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော်...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ဟိုပုန်းမြို့တွင်...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုန်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၅၆) ဦးရှိကြောင်း...

ပူတင် နှင့် ထရမ့် နက်ဖြန်...

အင်္ဂါနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ စကားပြောဆို‌ဆွေးနွေးရန်အတွက် ပြင်ဆင်နေကြောင်း ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က ယနေ့...
HomeNewsLocal Newsဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ဆန်းဦးတို့၏ ခြံအမှတ် (၅၄)...

ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ဆန်းဦးတို့၏ ခြံအမှတ် (၅၄) မြေနေရာပိုင်ဆိုင်မှု အထူးအယူခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ကြားနာမည်

ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ဆန်းဦးတို့၏ ခြံအမှတ် (၅၄) မြေနေရာပိုင်ဆိုင်မှု အထူးအယူခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ကြားနာမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည်နှင့် အကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့၏ ရန်ကုန်မြို့ ခြံအမှတ် (၅၄) မြေနေရာပိုင်ဆိုင်မှု အထူးအယူခံလျောက်ထားမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြားနာစစ်ဆေးသွားရန်ရှိနေသည်။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း ၊ ခြံအမှတ် (၅၄) မြေနေရာပိုင်ဆိုင်မှုနှင့်ပတ်သက်သော အမှုအတွက် အယူခံတရားလို ဦးအောင်ဆန်းဦး၏ အထူးအယူခံလျှောက်ထားမှုအပေါ် ယခုလ ဇွန်၂၇ ရက်နေ့၌ ကြားနာစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ကြေညာထားသည်။

အဆိုပါအမှုတွင် အယူခံတရားပြိုင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး၊ အမှုလိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေများမှာ ဒေါ်စန်းမာလာညွှန့်၊ ဦးကျော်စိန်လွင်နှင့် ဦးသန်းလွင်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အယူခံတရားလို အဖြစ်လျာက်ထားသည့် ဦးအောင်ဆန်းဦးဘက်မှလိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေမှာ ဦးအေးလွင်ဖြစ်ကြောင်းသိရသည်။

အမှုအား နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်၊ အထူးအယူခံတရားရုံး၌ နံနက် ၉နာရီ မိနစ် ၃၀အချိန်တွင် ကြားနာသွားမည်ဖြစ်ပြီး၊ အမှုအတွက် ပြောင်းလဲမှုရှိပါက ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်း ခြံအမှတ် ၅၄ အမှုနှင့်ပတ်သက်၍ ပြီးခဲ့သော ၂၀၁၆ ခုနှစ်အတွင်းက ဦးအောင်ဆန်းဦးနှင့်ဒေါ်အောင်ဆန်းစုကြည်တို့မောင်နှမ နှစ်ဦးအား ခြံမြေနေရာကို တစ်ဝက်စီယူ ခွဲယူရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ပေးခဲ့ပြီးဖြစ်သည်။

အဆိုပါ အမိန့်ချမှတ်မှုတွင် ခြံအတွင်းရှိ နှစ်ထပ်တိုက်အပါ မြေနေရာအား ဒေါ်အောင်ဆန်းစုကြည် ပိုင်ဆိုင်ပြီး၊ တစ်ထပ်တိုက်အပါ မြေနေရာအား ဦးအောင်ဆန်းဦးပိုင်ဆိုင်ကြောင်း တရားရုံးက ဆုံးဖြတ်ချက်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းအပေါ်ဦးအောင်ဆန်းဦးက မြေနေရာပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ကျေနပ်မှုမရှိသောကြောင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အယူခံတက်ခဲ့ရာ ပလပ်ခံရပြီးနောက် ၎င်းက အထူးအယူခံတက်ရန်လျောက်ထားခဲ့သည့်အမှုတစ်မှုလည်းဖြစ်သည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း ထရမ့်ဆို

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို Autopen ဖြင့် လက်မှတ်ရေးထိုးထားသောကြောင့် ဖြစ်သည်။ Autopen (သို့မဟုတ် လက်မှတ်ရေးထိုးစက်) ဆိုသည်မှာ လက်မှတ်ကို အလိုအလျောက်ရေးထိုးရန် အသုံးပြုသည့် ကိရိယာတစ်ခုဖြစ်သည်။ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ ဆယ်လီများသည် တစ်နေ့တာလုံး လက်မှတ်တောင်းခံရမှုများစွာကို ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့်၊ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ လူသိများသော ဆယ်လီပုဂ္ဂိုလ်များစွာတို့သည် သူတို့၏ လက်မှတ်ကို လူကိုယ်တိုင်တိုက်ရိုက်‌ရေးထိုးစရာမလိုဘဲ...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း၏ ပထမဆုံးခြေစမ်းပွဲ တရုတ် (ဟောင်ကောင်)အသင်းဖြင့် ယှဉ်ပြိုင်ကစားမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲစဉ်ကို ယခု မတ်လ (၁၉)ရက်၌ ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း ၏ ပထမဆုံးခြေစမ်းပွဲစဉ်တစ်ခုလည်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းအား ၂၀၂၅ ဆီးဂိမ်း နှင့် အာဆီယံ ချန်ပီယံရှစ်၊ အာရှခြေစစ်ပွဲများအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု MFF...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ဟိုပုန်းမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ (၃၅၆) ဦးရှိ

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုန်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၅၆) ဦးရှိကြောင်း သိရသည်။ ယနေ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမရက်၌ မြန်မာစာဘာသာဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၁၄၁) ဦး၊ ကျောင်းသူ (၂၁၅) ဦး စုစုပေါင်း (၃၅၆) ဦး၊ ပျက်ကွက် ကျောင်းသား (၃) ဦး၊ ကျောင်းသူ (၄) ဦး စုစုပေါင်း (၇) ဦး ရာခိုင်နှုန်းအားဖြင့် (၉၈.၀၇)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071