Sunday, May 31, 2026

မိုးတွင်းကာလ၌ ဆီသယ်ယာဉ်များကြံ့ခိုင်မှုရှိစေရေး၊ ဆီပေပါများအတွင်းရေစိမ့်ဝင်ခြင်း ရှိ/မရှိစစ်ဆေးရန်...

မိုးတွင်းကာလ၌ ဆီသယ်ယာဉ်များကြံ့ခိုင်မှုရှိစေရေးနှင့် ဆီပေပါများအတွင်းရေစိမ့်ဝင်ခြင်း ရှိ/မရှိစစ်ဆေးရန် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ၊ ဆီကန်ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဌေးမိုးက ဆွေးနွေးပြောကြားသည်။ ပြီးခဲ့သည့် မေ ၂၉...

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တရုတ်နှင့် အိန္ဒိယ သွားမည်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ယက်တီကူးပါးသည် ဇွန်လ ၁ ရက်နေ့တွင် တရုတ်နိုင်ငံကို သွားရောက်မည်ဖြစ်ပြီး ထို့နောက် သီတင်းပတ်နှောင်းပိုင်းတွင် အိန္ဒိယနိုင်ငံကို ဆက်လက်သွားရောက်မည်ဖြစ်ကာ ဟော်မုဇ်ရေလက်ကြားနှင့် ရုရှား-ယူကရိန်းစစ်ပွဲမှသည်...

Robot Camp Myanmar 2026...

Robot Camp Myanmar 2026 နှင့် World Robot Contest (WRC 2026) စက်ရုပ်ပြိုင်ပွဲကို မေလ ၃၀...

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ငလျင်ဒ-ဏ်ခံနိုင်သည့် ဘွဲ့နှင်းသဘင်ခန်းမပါဝင်သော ဘက်စုံသုံး(၃)ထပ်အဆောက်အအုံဆောက်လုပ်မည်

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ နည်းပညာတက္ကသိုလ်(တောင် ငူ)၌ ငလျင်ဒ-ဏ်ခံနိုင်သည့် ဘွဲ့နှင်းသဘင်ခန်းမပါဝင်သော ဘက်စုံသုံး(၃)ထပ်အဆောက်အအုံကို မကြာမှီ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဒေါက်တာစိုင်းကျော်နိုင်ဦးက ပြောသည်။ အဆိုပါ...
HomeInternationalဒေါ်နယ်ထရမ့် ရုပ်ပုံပါဝင်မည့် ငွေစက္ကူအသစ်...

ဒေါ်နယ်ထရမ့် ရုပ်ပုံပါဝင်မည့် ငွေစက္ကူအသစ် ရို-က်နှိပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး အတည်ပြု

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ရုပ်ပုံပါဝင်မည့် ၂၅၀ တန် ဒေါ်လာငွေစက္ကူအသစ် ရို-က်နှိပ်ရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘဲဆင့်တ်(Scott Bessent) က ပြောကြားလိုက်သည်။

အမေရိကန် ဥပဒေအရ သက်ရှိထင်ရှားရှိသူ မည်သူ့ကိုမျှ အမေရိကန် ငွေကြေးပေါ်တွင် ရုပ်ပုံထည့်သွင်းခွင့် မပြုထားသော်လည်း၊ လက်ရှိနှင့် သမ္မတဟောင်းများ၏ ရုပ်ပုံကို ထည့်သွင်းခွင့်ပြုရန် ကင်းလွတ်ခွင့်ပေးမည့် ဥပဒေကြမ်းတစ်ခုကို လွန်ခဲ့သည့်နှစ်က စတင်မိတ်ဆက် တင်ပြထားခဲ့သည်။

ယခု စီစဉ်နေသည့် ဒေါ်လာ ၂၅၀ တန် ငွေစက္ကူသည် ရာစုနှစ်တစ်ခုကျော်ကာလအတွင်း သက်ရှိထင်ရှားရှိသူတစ်ဦး၏ ရုပ်ပုံကို အမေရိကန် ငွေကြေးပေါ်တွင် ပထမဆုံးအကြိမ် ထည့်သွင်းခြင်း ဖြစ်လာမည်။

ကြာသပတေးနေ့က အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဘဲဆင့်တ်က ပြောကြားရာတွင် ဥပဒေအပြောင်းအလဲ ဖြစ်လာနိုင်သည်ကို ကြိုတင်မျှော်မှန်းပြီး ဒီဇိုင်းပုံစံကို ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ဆိုသည်။

“လက်ရှိမှာ သက်ရှိထင်ရှားရှိသူတစ်ဦးဖြစ်တဲ့ ဒေါ်နယ် ဂျေ ထရမ့်ကို ဒေါ်လာ ၂၅၀ တန် ငွေစက္ကူပေါ်မှာ ထည့်သွင်းနိုင်ဖို့ ပထမဆုံး လိုအပ်ချက်ကို ပြောင်းလဲပေးမယ့် ဥပဒေကြမ်းတစ်ခုကို အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တို့မှာ တင်ပြထားပါတယ်” ဟု ဘဲဆင့်တ်က ပြောကြားခဲ့သည်။

ထရမ့်က ခန့်အပ်ထားသည့် ဘဏ္ဍာရေးမှူးဘရန်ဒန် ဘိချ် သည် အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်း ထုတ်ပြန်သည့် အနှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ငွေစက္ကူအသစ် ထုတ်ဝေရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့် ဆောင်ရွက်ရန် ငွေစက္ကူနှင့် တံဆိပ်ခေါင်းရိုက်နှိပ်ရေးဗျူရို (Bureau of Engraving and Printing) ကို တိုက်တွန်းတွန်းအားပေးနေကြောင်း The Washington Post သတင်းစာက ဖော်ပြခဲ့ပြီးနောက် ဘဲဆင့်တ်က ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

“အနှစ် ၂၅၀ ပြည့် အထိမ်းအမှတ် ငွေစက္ကူပေါ်မှာ လက်ရှိ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်နေတဲ့သူရဲ့ ရုပ်ပုံကို ထည့်သွင်းတာဟာ မလျော်ကန်တာမျိုး ဘာမှမရှိဘူးလို့ ကျွန်တော် ထင်ပါတယ်” ဟု ဘဲဆင့်တ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

The Washington Post သတင်းစာက ရရှိထားသည့် ဒီဇိုင်းပုံစံတူတွင် ၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က အမေရိကန်နိုင်ငံ လွတ်လပ်ရေး ကြေညာခဲ့ခြင်းကို အစွဲပြု၍ “America 250 anniversary” (အမေရိက နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်) ဆိုသည့် စာသားများ ပါဝင်နေသည်ကို တွေ့ရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးတွင်းကာလ၌ ဆီသယ်ယာဉ်များကြံ့ခိုင်မှုရှိစေရေး၊ ဆီပေပါများအတွင်းရေစိမ့်ဝင်ခြင်း ရှိ/မရှိစစ်ဆေးရန် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌဆွေးနွေး

မိုးတွင်းကာလ၌ ဆီသယ်ယာဉ်များကြံ့ခိုင်မှုရှိစေရေးနှင့် ဆီပေပါများအတွင်းရေစိမ့်ဝင်ခြင်း ရှိ/မရှိစစ်ဆေးရန် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ၊ ဆီကန်ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဌေးမိုးက ဆွေးနွေးပြောကြားသည်။ ပြီးခဲ့သည့် မေ ၂၉ ရက်ကပြုလုပ်သည့် ​မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဆီကန်ကြီးကြပ်ရေး‌ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအ စည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ သသဘာဝဘေးအန္တရာယ်နှင့် ငလျင်အန္တရာယ်များအတွက်တည်ဆောက်ထားသည့် ဆီသိုလှောင်ကန်များနှင့် ပတ်သက်သည့် Structural Analysis Data များပြုစုပြီး ကျွမ်းကျင်ပညာရှင်များနှင့် စစ်ဆေးရန်၊ Weigh Scale Calibration ပြုလုပ်ရန်၊ CCTV Records များ စနစ်တကျထားရှိရန် ဆွေးနွေးပြောကြားသည်။ ထို့ပြင်...

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တရုတ်နှင့် အိန္ဒိယ သွားမည်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ယက်တီကူးပါးသည် ဇွန်လ ၁ ရက်နေ့တွင် တရုတ်နိုင်ငံကို သွားရောက်မည်ဖြစ်ပြီး ထို့နောက် သီတင်းပတ်နှောင်းပိုင်းတွင် အိန္ဒိယနိုင်ငံကို ဆက်လက်သွားရောက်မည်ဖြစ်ကာ ဟော်မုဇ်ရေလက်ကြားနှင့် ရုရှား-ယူကရိန်းစစ်ပွဲမှသည် အီဘိုလာရောဂါဖြစ်ပွားမှုအထိပါဝင်သော ကမ္ဘာ့အရေးများကို အဓိကဆွေးနွေးမည့် ခရီးစဉ်ဖြစ်သည်။        မစ္စစ်ကူးပါးသည် ဇွန်လ ၂ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ဒုတိယသမ္မတ ဟန်ကျန်းတို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး နောက်တစ်ရက်အကြာတွင် သိပ္ပံနှင့် နည်းပညာကို အဓိကထားသော အစီအစဉ်တစ်ခုအတွက် တောင်ပိုင်းနည်းပညာအချက်အချာ ရှန်ကျန်းသို့ သွားရောက်မည်ဖြစ်ကြောင်း အစိုးရက ပြောကြားခဲ့သည်။        ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်လာချိန်၊ အမေရိက-အစ္စရေးနှင့် အီရန်စစ်ပွဲကြောင့် ရေနံဈေးနှုန်းများ...

Robot Camp Myanmar 2026 နှင့် WRC 2026 စက်ရုပ်ပြိုင်ပွဲတွင် ကျောင်းသား ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်

Robot Camp Myanmar 2026 နှင့် World Robot Contest (WRC 2026) စက်ရုပ်ပြိုင်ပွဲကို မေလ ၃၀ ရက်နှင့် ၃၁ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ Rose Garden Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် အသက် ၇ နှစ်မှ ၁၆ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရန်ကုန်မြို့ရှိ အစိုးရကျောင်းများ၊ နိုင်ငံတကာကျောင်းများအပြင် တောင်ကြီး၊ မော်လမြိုင်နှင့် ဘားအံမြို့များမှလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071