NLD ပါတီဝင်ဟောင်း တစ်ဦးလည်းဖြစ်၊ လွှတ်တော်ကိုယ် စားလှယ်ဟောင်းဖြစ်ခဲ့သူ ဒေါ်စန္ဒာမင်းသည် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ(NDF) ကိုယ်စားပြုကာ ရွေးကောက် ပွဲဝင်ပြိုင်မည်ဟု သိရသည်။
ဒေါ်စန္ဒာမင်းသည် လာမည့် ရွေးကောက်ပွဲတွင် NDF ပါတီ ကိုယ်စားပြုကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန်လျာထားကြောင်းလည်း သိရသည်။
လက်ရှိကာလတွင်လည်း ဒေါ်စန္ဒာမင်းသည် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၌ ဒုတိယ ဥက္ကဋ္ဌ ရာထူးဖြင့် တာဝန်ထမ်း ဆောင်နေကြောင်းလည်း NDF ပါတီထံမှ သိရသည်။
ဒေါ်စန္ဒာမင်းသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော် ကောင်စီနယ်မြေ၌ ရွေးကောက်ပွဲ နိုင်ကာ သမ္မတ ဦးသိန်းစိန်လက်ထက်၌ ပြည်ေထာင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ရန်ကုန်တို င်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်သူက ရွေးချယ်တင်မြှောက်ခဲ့သည့်အတွက် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ခဲ့ဖူးသည်။
ထိုစဉ်က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဖြစ်လာနိုင်သည်ဟု ရေ ပန်းစားခဲ့သော်လည်း NLD ပါတီက ဝန်ကြီးချုပ်အဖြစ် ဦးဖြိုးမင်းသိန်းကို တာဝန်ပေးခဲ့သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော် မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
ဒေါ်စန္ဒာမင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်နေ ရာသည် မဲဆန္ဒနယ် (၃၃၀) နယ် စလုံးတွင် မဲအများဆုံးရသူအနိုင်ယူစနစ်ဖြစ်သည့် (FPTP) စနစ်ဖြင့် ကျင်းပမည်ဟု UEC က အသိပေးထားသည်။
ဒေါ်စန္ဒာမင်း ဝင်ရောက်သွားသည့် NDF ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲကာလ NLD မှ ခွဲထွက်ကာ ရွေးကောက်ပွဲဝင်ခဲ့သည့် အတိုက်အခံ အင်အားကြီးပါတီတစ်ခုလည်းဖြစ်သ ည်။
