Tuesday, August 4, 2026

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို...

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂)...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊...

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း...

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆...

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆...
HomeNewsLocal Newsဒေါက်တာဇော်မြင့်မောင်အမှု စွဲချက်အမိန့်ချရန် လာမည့်...

ဒေါက်တာဇော်မြင့်မောင်အမှု စွဲချက်အမိန့်ချရန် လာမည့် ရုံးချိန်းတွင် နှစ်ဘက်လျှောက်လဲမည်

ဒေါက်တာဇော်မြင့်မောင်အမှု စွဲချက်အမိန့်ချရန် လာမည့် ရုံးချိန်းတွင် နှစ်ဘက်လျှောက်လဲမည်

မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား မဲသမာမှုပြုလုပ်သည်ဆိုကာ စွဲဆိုထားသောအမှုတစ်ခုအတွက် လာမည့် ဖေဖော်ဝါရီ ၂၃ ရက်တွင်
စွဲချက်တင်သင့် မသင့်အမိန့်ချမှတ်ရန် နှစ်ဘက်ရှေ့နေများလျှောက်လဲချက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုမှာ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်တရားရုံးက ရွေးကောက်ပွဲဆိုင်ရာသီးခြားပြဋ္ဌာန်းထားသော မဲမသမာမှု ပုဒ်မ ၁၃၀-ကဖြင့်ဒေါက်တာဇော်မြင့်မောင်အား တရားစွဲဆိုထားသည့် အမှုဖြစ်သည်။

အမှုအတွက် ယမန်နေ့ (ဖေဖော်ဝါရီ ၁၆) ရက်နံနက်ပိုင်းက အိုးဘိုအကျဉ်းထောင်တွင်း သီးသန့်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ တရားလို
ပြသက်သေ မြင်းခြံရွေးကောက်ပွဲကော်မရှင်မှ ဦးစီးအရာရှိတစ်ဦးက လာရောက်သက်သေထွက်ဆိုခဲ့ကြောင်း သိရသည်။

” အမှုအတွက် တရားလိုပြသက်သေ စစ်ဆေးဖို့ ဒါဟာ နောက်ဆုံးကျန်နေတဲ့ တစ်ယောက်ပါ။ လာမယ့် ရုံးချိန်မှာတော့ အမှုအတွက် စွဲချက်တင်သင့် မသင့် နှစ်ဘက်ရှေ့နေတွေ လျှောက်လဲကြမှာပါ။ အလားတူပုဒ်မ တစ်ခုရှိပါသေးတယ်။ အဲ့ဒီဟာက အမရပူရမြို့နယ်ကနေစွဲဆိုထားတဲ့ အမှုပါ။ သူကတော့ စွဲချက်အမိန့် ချပြီးပါပြီ” ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ဒေါက်တာဇော်မြင့်မောင်အား အလားတူပုဒ်မဖြင့် အမရပူရမြို့နယ်တရားရုံးက တရားစွဲဆိုထားပြီး၊ စွဲချက်အမိန့် ချမှတ်သည့်အခါတွင် ပုဒ်မ၁၃၀-က အစား
၁၇၁(စ) ပုဒ်မဖြင့် ပြောင်းလဲချမှတ်ခဲ့ကြောင်း ဆိုသည်။ ယင်းအမှုအတွက်လည်း ဖေဖော်ဝါရီ ၂၃ ရက်သို့ ပြန်လည်ချိန်းဆိုထားသည်။

လက်ရှိတွင် ဒေါက်တာဇော်မြင့်မောင်အနေဖြင့် အိုးဘိုအကျဉ်းထောင်တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)အမှုနှင့် သဘာဝဘေးပုဒ်မ ၂၅/၃၀(က)တိုဖြင့် ထောင်ဒဏ် လေးနှစ်ချမှတ်ခံထားရသည်။ ၄င်းအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် စွဲဆိုထားသော အမှု ငါးမှု နှင့် မဲမသာမှု ပုဒ်မဖြင့် စွဲဆိုထားသော အမှု စုစုပေါင်း အမှုခုနှစ်မှု တရားရင်ဆိုင်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

Zaw Gyi

ေဒါက္တာေဇာ္ျမင့္ေမာင္အမႈ စြဲခ်က္အမိန႔္ခ်ရန္ လာမည့္ ႐ုံးခ်ိန္းတြင္ ႏွစ္ဘက္ေလွ်ာက္လဲမည္။

မႏၲေလးတိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေဇာ္ျမင့္ေမာင္အား မဲသမာမႈျပဳလုပ္သည္ဆိုကာ စြဲဆိုထားေသာအမႈတစ္ခုအတြက္ လာမည့္ ေဖေဖာ္ဝါရီ ၂၃ ရက္တြင္
စြဲခ်က္တင္သင့္ မသင့္အမိန႔္ခ်မွတ္ရန္ ႏွစ္ဘက္ေရွ႕ေနမ်ားေလွ်ာက္လဲခ်က္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမႈမွာ မႏၲေလးတိုင္းေဒသႀကီး ေအာင္ေျမသာစံၿမိဳ႕နယ္တရား႐ုံးက ေ႐ြးေကာက္ပြဲဆိုင္ရာသီးျခားျပ႒ာန္းထားေသာ မဲမသမာမႈ ပုဒ္မ ၁၃၀-ကျဖင့္
ေဒါက္တာေဇာ္ျမင့္ေမာင္အား တရားစြဲဆိုထားသည့္ အမႈျဖစ္သည္။

အမႈအတြက္ ယမန္ေန႔ (ေဖေဖာ္ဝါရီ ၁၆) ရက္နံနက္ပိုင္းက အိုးဘိုအက်ဥ္းေထာင္တြင္း သီးသန႔္တရား႐ုံးတြင္ ႐ုံးထုတ္စစ္ေဆးခဲ့ရာ တရားလို
ျပသက္ေသ ျမင္းၿခံေ႐ြးေကာက္ပြဲေကာ္မရွင္မွ ဦးစီးအရာရွိတစ္ဦးက လာေရာက္သက္ေသထြက္ဆိုခဲ့ေၾကာင္း သိရသည္။

” အမႈအတြက္ တရားလိုျပသက္ေသ စစ္ေဆးဖို႔ ဒါဟာ ေနာက္ဆုံးက်န္ေနတဲ့ တစ္ေယာက္ပါ။ လာမယ့္ ႐ုံးခ်ိန္မွာေတာ့ အမႈအတြက္ စြဲခ်က္တင္သင့္ မသင့္ ႏွစ္ဘက္ေရွ႕ေန
ေတြ ေလွ်ာက္လဲၾကမွာပါ။ အလားတူပုဒ္မ တစ္ခုရွိပါေသးတယ္။ အဲ့ဒီဟာက အမရပူရၿမိဳ႕နယ္ကေနစြဲဆိုထားတဲ့ အမႈပါ။ သူကေတာ့ စြဲခ်က္အမိန႔္ ခ်ၿပီးပါၿပီ” ဟု ေရွ႕ေန
အသိုင္းအဝိုင္းႏွင့္ နီးစပ္သူတစ္ဦးက ဆိုသည္။

ေဒါက္တာေဇာ္ျမင့္ေမာင္အား အလားတူပုဒ္မျဖင့္ အမရပူရၿမိဳ႕နယ္တရား႐ုံးက တရားစြဲဆိုထားၿပီး၊ စြဲခ်က္အမိန႔္ ခ်မွတ္သည့္အခါတြင္ ပုဒ္မ၁၃၀-က အစား
၁၇၁(စ) ပုဒ္မျဖင့္ ေျပာင္းလဲခ်မွတ္ခဲ့ေၾကာင္း ဆိုသည္။ ယင္းအမႈအတြက္လည္း ေဖေဖာ္ဝါရီ ၂၃ ရက္သို႔ ျပန္လည္ခ်ိန္းဆိုထားသည္။

လက္ရွိတြင္ ေဒါက္တာေဇာ္ျမင့္ေမာင္အေနျဖင့္ အိုးဘိုအက်ဥ္းေထာင္တြင္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅(ခ)အမႈႏွင့္ သဘာဝေဘးပုဒ္မ ၂၅/၃၀(က)တိုျဖင့္ ေထာင္ဒဏ္ ေလးႏွစ္ခ်မွတ္
ခံထားရသည္။ ၄င္းအေနျဖင့္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မျဖင့္ စြဲဆိုထားေသာ အမႈ ငါးမႈ ႏွင့္ မဲမသာမႈ ပုဒ္မျဖင့္ စြဲဆိုထားေသာ အမႈ စုစုေပါင္း အမႈခုႏွစ္မႈ တရားရင္
ဆိုင္ရန္ က်န္ရွိေနေသးေၾကာင္း သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်လာစေ

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေဟာ ပိုပြီး မြင့်တက်လာပါတယ်။ ဒီကနေ့ခေတ်လို အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ လူနေမှုပုံစံတွေက ကြိုးစားမှုနဲ့ အခွင့်အလမ်းကောင်းတွေအတွက် အလုပ်ဖြစ်ပေမဲ့ တစ်ဖက်မှာတော့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။ ကြာရှည်တဲ့ အလုပ်ချိန်တွေ၊ တစ်ခုပြီး တစ်ခုဆက်နေတဲ့ အလုပ်အစည်းအဝေးတွေကြား အလျင်စလိုနဲ့ ကြုံသလို စားလိုက်ရတာတွေ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မရှိတာတွေနဲ့ အာဟာရပြည့်စုံအောင်...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊ အ ထက်စီးနေရာများနှင့် လူနေအိမ်များအတွင်းသို့ မြွေများပုန်းအောင်းဝင်ရောက်လာနိုင်၍ ရေဘေးသင့်သူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် အမှောင်ထဲတွင်သွားလာခြင်းမှရှောင်ကြဉ်ကြရန်၊ မဖြစ်မနေသွားလာရပါက မီးအိမ်၊ လက်နှိပ်ဓာတ်မီးသေချာစွာ အသုံးပြုရန် အသိပေးခဲ့သည်။ ရေပေါ်မျောနေသော သစ်ကိုင်း၊ သစ်တုံးများနှင့် အိမ်အတွင်းရှိ အဝတ်အထည်၊ စောင်၊ မွေ့ယာများကို ကိုင်တွယ်ရာတွင်သေချာစွာမီးထွန်းကြည့်ရှုရန်၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ရေထဲ၌ကူးခတ်ရှာဖွေစဉ်နှင့် အပျက်အစီးများဖယ်ရှားစဉ်တို့တွင် ခြေစွပ်၊ လက်စွပ်(သို့)ဘုဖိနပ် (Rubber Boots)များဝတ်ဆင်၍...

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း ကုန်သွယ်ရေးညှိနှိုင်းရေးဌာန၏ အဆိုအရ သိရသည်။          ဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် အူမာပွန် ဖူထရာကူလ်သည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်သည့် ဇူလိုင်လ ၂၃ ရက် နေ့နှင့် ၂၄ ရက် နေ့တို့တွင် ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် အက်ဖ်တာ ပူးတွဲကော်မတီ အွန်လိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။        ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071